ဗယ်ဗာဒီရဲ့ ဆက်ဆံမှုပုံစံကြောင့် ကော်တင်ဟို ဖြေရှင်းချက် တောင်းခံ

နည်းပြ ဗယ်ဗာဒီက သူ့အပေါ် ဆက်ဆံခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ဘာစီလိုနာ တောင်ပံကစားသမား ကော်တင်ဟိုက စီမံခန့်ခွဲရေးအဖွဲ့ထံက ဖြေရှင်းချက် တောင်းခံထားပါတယ်။ ကော်တင်ဟိုဟာ လီဗန်တေးကို ရှုံးနိမ့်ခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ကော်တင်ဟိုထက် ဒမ်ဘီလီကို ပိုသဘောကျနေပါတယ်။ လီဗန်တေးနဲ့ပွဲမှာ ကော်တင်ဟိုက ဂိုးသွင်းပေးနိုင်ခဲ့ပေမဲ့ ဗယ်ဗာဒီက သူ့ကို ဝေဖန်ခဲ့ပါတယ်။
” ဒမ်ဘီလီကို ထုတ်မသုံးတုန်းက လူတိုင်း သူ့အကြောင်း မေးကြပါတယ်။ အခု ဒမ်ဘီလီကို ထုတ်သုံးပြီး ကော်တင်ဟိုကို မသုံးတော့ ကော်တင်ဟိုကို ဘာလို့မသုံးတာလဲလို့ မေးကြပြန်ပါတယ်။ ကစားသမားတွေအနေနဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရမှာပါ။ ပွဲကစားရဖို့ ကော်တင်ဟို မပျော်ဘူးဆိုရင် ပွဲကစားခွင့်ရအောင် တိုက်ပွဲဝင်ရမှာပေါ့။ ကော်တင်ဟိုက ကျွန်တော်တို့ကို အများကြီး ပေးစွမ်းနိုင်မှာပါ။ အများကြီးလည်း စွမ်းဆောင်ပေးရမှာပါ”လို့ ဗယ်ဗာဒီက ပြောပါတယ်။