မီလီတာအိုအတွက် ယူရို ၇၅ သန်းပေးရမယ်လို့ ပေါ်တို ပြော

နောက်ခံလူ မီလီတာအိုကို ခေါ်ယူချင်ရင် ယူရို ၇၅ သန်း ပေးရလိမ့်မယ်လို့ ပေါ်တိုအသင်းက မန်ယူနဲ့ ရီးရဲလ်ကို သတိပေးခဲ့ပါတယ်။ အသက် ၂၀အရွယ်ရှိတဲ့ ပေါ်တိုနောက်ခံလူ မီလီတာအိုကို မန်ယူနဲ့ ရီးရဲလ်က စိတ်ဝင်စားနေပါတယ်။ အဲဒီလို အနေအထားမှာ ပေါ်တိုအသင်းက မီလီတာအိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲက ထွက်ခွာခွင့်သဘောတူညီချက်ကို ထုတ်ပြောခဲ့တာပါ။ ပေါ်တိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မီလီတာအိုကို ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်ထဲမှာ ယူရို ၇၅ သန်းပေးမှ ထွက်ခွာခွင့်ပေးမယ်လို့ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
ခံစစ်ကြောင်း အားဖြည့်ချင်တဲ့ မန်ယူဟာ ဗဟိုနောက်ခံလူ တော်တော်များများကို ပစ်မှတ်ထားနေပြီး သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ကတော့ နာပိုလီနောက်ခံလူ ကူလီဘာလေဖြစ်ပါတယ်။ ရီးရဲလ်ကလည်း ကူလီဘာလေကို စိတ်ဝင်စားနေပါတယ်။ ကူလီဘာလေအတွက် နာပိုလီအသင်းက ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုရင် တခြားရွေးချယ်စရာအဖြစ် မန်ယူက မီလီတာအိုကို ချိန်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ စာချုပ်ပါ ထွက်ခွာခွင့်အရ မီလီတာအိုကို ပြောင်းရွှေ့ကြေး နည်းနည်းပါးပါးနဲ့ ခေါ်ယူနိုင်ဖို့ မရှိပါဘူး။