ခေါင်းဆောင် တစ်ယောက်က ကပ္ပတိန်လက်ပတ်ရှိစရာမလိုဘူးလို့ ပြောကြားလိုက်တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့အတွက် ကပ္ပတိန်လက်ပတ်ရှိနေစရာမလိုဘူးလို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ လအတွင်းက ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ဝုလ်ဗ်အသင်းတို့ သရေကျခဲ့တဲ့ပွဲအပြီးမှာ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံခဲ့ရပါတယ်။ 

အခုတစ်ခါမှာတော့ ပေါ့ဘာက “ခင်ဗျားအနေနဲ့ အသင်းသားတွေကို အမိန့်ပေးနိုင်ဖို့ ညွှန်ကြားနိုင်ဖို့အတွက် ကပ္ပတိန်လက်ပတ်ရှိစရာမလိုပါဘူး။ အသင်းခေါင်းဆောင်လက်ပတ်ရှိနေမှ အသင်းခေါင်းဆောင်ဖြစ်တာ မဟုတ်ပါဘူး။ အသင်းခေါင်းဆောင်တစ်ယောက်က ကွင်းထဲမှာ အမြဲတမ်း အသင်းကို ညွှန်ကြားနေဖို့လိုအပ်ပေမဲ့ တချို့အသင်းခေါင်းဆောင်တွေကတော့ ဘာစကားမှ မပြောတာတောင် တွေ့ခဲ့ဖူးပါတယ်။” 

“အခု ကျွန်တော့်အသက်က (၂၅) နှစ်ရှိပါပြီ။ သက်ကြီးကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကြားထဲက အရွယ်ကို ကျွန်တော်ရောက်နေတာပါ။ ဒီအရာကပဲ ကျွန်တော့်ကို အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ အမိန့်တွေကို နာခံခွင့်ရစေပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာတော့ အိုက်စလန်အသင်းနဲ့ နိုင်ငံတကာခြေစမ်းပွဲအတွက် ပြင်သစ်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။