ရော်နယ်ဒိုနဲ့ အကောင်းဆုံးဖြစ်ဖို့ ယှဉ်ပြိုင်ဖို့ရာ အတွက် စိတ်မ၀င်စားတဲ့ မက်ဆီ

ဘာစီလိုနာ အသင်းရဲ့ ကစားသမား ဟာ သူ့ကစားသမား သက်တမ်းတစ်လျှောက်မှာ ဘလွန်းဒီအော ဆု ငါးကြိမ်ရရှိခဲ့ပြီးပြီဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ကစားသမား လီယွန်နယ် မက်စီက သမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမား တစ်ယောက်အနေနဲ့ ထင်ခံရဖို့ အတွက် ရီးရဲယ်မက်ဒရစ်အသင်း စူပါစတား ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ဖို့ရာ အတွက် စိတ်တက်ကြွမှု ရှိမနေပါဘူး။

လူအများကတော့ သူဟာ လာလီဂါ ဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ် ဖလား လေးကြိမ်၊ ဘလွန်းဒီအော ဆု ငါးကြိမ်နဲ့ ဘာကာအသင်းအတွက် သွင်းဂိုး 552 ဂိုး သွင်းယူပေးထားခဲ့တာကြောင့် အကောင်းဆုံးတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်လို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ မက်ဆီကတော့ ကျွန်တော်ကတော့ သမိုင်းမှာ အကောင်းဆုံးဆိုတာကို စိတ်မ၀င်စားပါဘူးလို့ TyC Sports သို့ပြောကြားခဲ့ပါတယ်။

ကျွန်တော်က ပထမ ဖြစ်ရမယ် ဒုတိယ တတိယ စတုတ္ထဖြစ်ရမယ်ဆိုတာမျိုး လည်း မရှိခဲ့ပါဘူး။ ရာသီ တစ်ခု စ တင် တိုင်း ကျွန်တော့် ကိုယ် ကျွန်တော် တိုးတက်အောင်ပဲ ကြိုးစားပါတယ်။

ကျွန်တော် ကွင်းထဲ ရောသွားတဲ့ အချိန်တိုင်းမှာ အသင်းနဲ့ ကစားဖော်တွေ အတွက် အကောင်းဆုံးတွေပဲ ကျွန်တော် ဖန်တီးပါတယ်။ သမိုင်းမှာ အကောင်းဆုးဖြစ်လာစေဖို့ အတွက် ပြောင်းလဲခဲ့တာတွေ မရှိပါဘူးလို့ပြောခဲ့ပါတယ်။

မက်ဆီရဲ့ ကစားသမား သက်တမ်းတစ်လျှောက် အချိန်အများစုဟာဆိုရင် ရော်နယ်ဒိုနဲ့ယှဉ်ပြီး ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကို ယှဉ်ပြိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့ ကစားပွဲတွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ကြပါတယ်။

သူက ကျွန်တော့်ကိုယ် ကျွန်တော် တိုးတက်လာအောင်ပဲ အမြဲ ကြိုးစားနေတာပါ။ ဘယ်သူနဲ့မှ ယှဉ်ပြိုင်လိုစိတ်မရှိပါဘူး။

ဘာလို့လဲ ဆိုတော့ ကျွန်တော်က သမိုင်းမှာအကောင်းဆုံး ဖြစ်အောင်ကစားနေတာ မဟုတ်ပဲ ကျွန်တော့်ကိုယ်ကျွန်တော် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာအောင် ကြိုးစားနေတာဖြစ်နေလို့ပါပဲ လို့ ပြောခဲ့ပါသေးတယ်။

မက်ဆီဟာ ဘာစီလိုနာ အသင်းကို လာလီဂါ ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးပြီ ဖြစ်ပါပြီး 2018 ကမ္ဘာ့ဖလားပွဲစဉ် အတွင်း အာဂျင်တီးနား အသင်းနဲ့ ပါဝင် ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *