ဂရေးဇ်မန်းနဲ့ အသလက်တီကို အသင်းရဲ့ နောက်ဆုံးဖိုင်နယ် မဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်ဆိုတဲ့ ဂါဘီ

 အသက် ၃၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဂါဘီဟာ ဗုဒ္ဒဟူးနေ့မှာ ကစားမဲ့ ယူရိုပါလိဂ် ကစားပွဲဟာ သူ့ရဲ့ အသင်းဖော်နဲ့ အသလက်တီကို အသင်းရဲ့ အဆုံးသတ်ခြင်း လမ်းစ မဖြစ်စေဖို့ မျှော်လင့်နေပါတယ်။

အသလက်တီကို မက်ဒရစ်အသင်းရဲ့ ကပ်ပတိန် ဂါဘီက ယူရိုပါလိဂ် ဖိုင်နယ်မှာ မာဆေးလ် အသင်းရဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်က အန်တိုနီ ဂရေးဇ်မန်းရဲ့ နောက်ဆုံး ဖိုင်နယ် ဖြစ်မသွားဖို့ အတွက် မျှော်လင့်နေပါတယ်။

တတိယမြောက် ယူရိုပါလိဂ် ဖလားကတော့ အသလက်တီကို အသင်းအတွက် မျဉ်းလိုင်ပေါ်မှာ ရောက်ရှိနေပါပြီ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကိုရှိနေတဲ့ ပြင်သစ် အင်တာနေရှင်နယ် ကစားသမား ဂရေးဇ်မန်ဟာ ဘာစီလိုနာ အသင်းရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။

အလယ်တန်း တိုက်စစ် ကစားသမား ဂါဘီက တော့ အသက် ၂၇ နှစ် အရွယ် ဂရေးဇ်မန်းကို  ယူရိုပါလိဂ် ဖိုင်နယ်ပွဲ အပြီးမှာ ဆက်လက် ရှိနေစေချင်နေပါတယ်။

“ကျွန်တော်တို့ အန်တိုနီနဲ့ ပတ်သတ်ပြီး တစ်နှစ်လုံး ပြောလာခဲ့ကြပါတယ်။ သူက အဆင်ပြေပါတယ်။ သူက အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်ပါတယ်။

ကစားပွဲမှာလည်းအာရုံစိုက်ကစားတာကိုတွေ့ရပါတယ်။ သူ့အတွက် ဖလားရရှိဖို့ အရေးကြီးနေလို့ပါပဲ။ သူ့အဆင့်အတန်းနဲ့ ဆိုရင်တော့ ဖလားရဖို့ပဲ လိုချင်မှာပါ။

ကျွန်တော်ကတော့ သူနဲ့ အသလက်တီကို အသင်းရဲ့ နောက်ဆုံး ဖိုင်နယ်ပွဲ မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အသလက်တီကိုမှာ ဆက်ရှိစေချင်တယ်ဆိုတာကို သူလည်းသိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂရေးဇ်မန်းဟာ ယခုနှစ် အသလက်တီကို အသင်းအတွက် ပွဲထွက် ၄၇ ပွဲမှာ ၂၇ ဂိုး သွင်းပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *