စီးရီးအေ ဖလား ခုနှစ်လုံး ဆက်တိုက်နဲ့ ဂျူဗင်တပ် အသင်း

မက်စီမို အယ်လာဂရီရဲ့ အသင်းဟာတော့ စတေဒီယို အိုလံပီကိုမှာ တနင်္ဂနွေနေ့က သွင်းဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့တဲ့ ပွဲ အပြီးမှာတော့ နောက်ထပ် စီးရီးအေ ဖလားတစ်လုံးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဂျူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရိုးမား အသင်းနဲ့ ၀-၀ သရေ ရလဒ် အပြီးမှာတော့ သူတို့ရဲ့ ခုနှစ်ကြိမ်မြောက် စီးရီးအေ ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

နာပိုလီ အသင်းက ဆမ်ဒိုရီးယားမှာ ၂-၀ ဖြင့် အနိုင်ရခဲ့ပေမဲ့လည်း ဂျူဗင်တပ် အသင်းရဲ့ ဂိုးမရှိ သရေ ရလဒ်ကို မမှီနိုင်ခဲ့ပါဘူး။

ဂျူဗင်တပ် အသင်းဟာ Coppa Italia ဖိုင်နယ်ပွဲစဉ်အတွင်း အေစီမီလန်အသင်းကို ၄-၀ ဖြင့် အနိုင်ရခဲ့ကာ အောင်မြင်မှု နှစ်ထပ်ကွမ်းရရှိခဲ့ပါတယ်။

နာပိုလီ အသင်းဟာ လက်ရှိ ချန်ပီယံ ဂျုဗင်တပ်အသင်းကို ၁-၀ ဖြင့် အနိုင်ရရရှိကာ တစ်မှတ် ဆုံး ရှုံးစေခဲ့ပါသေးတယ်။

ဂျူဗင်တပ်အသင်းရဲ့ လွှမ်းမိုးနိုင်မှုတွေဟာ 2014 ခုနှစ် က အန်တိုနီယို ကွန်တီ မထွက်ခွာခင်က သုံးရာသီဆက်တိုက် အောင်မြင်မှုတွေ ရရှိခဲ့တာကနေ အစပြု ခဲ့ပါတယ်။

အယ်လာဂရီဟာ သူ့ရဲ့ လက်ထက်မှာတော့ လေးကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်စေခဲ့ပြီးနောက် ယခု နှစ်မှာတော့ အာစင်ဝင်းဂါးရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ဖို့ အတွက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ရာများနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *