ၾကားရက္မွာ ခ်န္ပီယံလိဂ္ကစားခဲ့ရေသာ္လည္း လီဗာပူးမွာ ပြဲပန္းမႈမရွိေၾကာင္း ကေလာ့ပ္ဖြင့္ဟ ေျပာဆိုု

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္က မိမိတိုု႔အေနျဖင့္ လက္ရွိတြင္ ခ်န္ပီယံလိဂ္အျပင္ ပရီးမီးယားလိဂ္ျပိဳင္ပြဲတြင္လည္း ဆုုဖလားအတြက္ အားစိုုက္ကစားေနရေသာ္လည္း ပြဲပန္းမႈမရွိေၾကာင္း၊ ကာဒစ္ဖ္ႏွင့္ ရင္ဆိုုင္ရမည့္ ယခုုတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ ခ်န္ပီယံေမ ွ်ာ္လင့္ခ်က္အတြက္ ႏိုုင္ပြဲရရွိရန္ ဆက္လက္ၾကိဳးစားသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၄ အျပီးတြင္ လီဗာပူးမွာ တစ္ပြဲပိုုကစားထားျပီး ဒုုတိယေနရာမွ မန္စီးတီးအား ၂ မွတ္ျဖတ္ထားပါတယ္။ “လက္ရွိမွာ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုုင္နယ္ကိုု တက္လွမ္းႏိုုင္ခဲ့တာေၾကာင့္ တျခားျပိဳင္ဘက္ ပရီးမီးယားလိဂ္အသင္းေတြထက္ ပြဲပိုုကစားရဖိုု႔ရွိေနပါတယ္။

ဒါဟာ လီဗာပူးအတြက္ အေရးပါတဲ့ ကာလလည္း ျဖစ္ပါတယ္။” ဟုု နည္းျပဂ်ာဂင္ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။ ကေလာ့ပ္က ျပီးခဲ့ေသာ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ မန္စီးတီးအသင္းမွ စတာလင္းဂိုုးသြင္းယူႏိုုင္ခဲ့ေသာ္လည္း အဂူရိုုလူကၽြံေနခဲ့ျခင္းေၾကာင့္ အဆိုုပါသြင္းဂိုုး ပယ္ဖ်က္ခံရမႈအေပၚ ျပိဳင္ဘက္အသင္းနည္းျပ ဂြါဒီယိုုလာအတြက္ စာနာမိေၾကာင္း  ေျပာၾကားခဲ့ပါတယ္။ “VAR စနစ္ကိုု မသံုုးဘူးဆိုုရင္ ဒါက ဂိုုးအျဖစ္ ခြင့္ျပဳလိုု႔ရေကာင္းရႏိုုင္ပါတယ္။ ဒါေပမယ့္ မန္စီးတီးအသင္းရဲ႕ အိမ္ကြင္းမွာ အေကာင္းဆံုုးပံုုစံျပသခဲ့တဲ့ စပါးအသင္းရဲ႕ ေျခစြမ္းကိုု ခ်ီးက်ဴးရမွာပါ” ဟုု လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ဆိုုခဲ့ပါတယ္။

ကာဒစ္ဖ္နည္းျပ ၀ါးေနာ့ဗ္ကလည္း ရာသီကုုန္တြင္ ပရီးမီးယားလိဂ္မွ တန္းမဆင္းရေရးအတြက္ လီဗာပူးႏွင္ ရင္ဆိုုင္ရမည့္ တနဂၤေႏြည ပရီးမီးယားလိဂ္အိမ္ကြင္းပြဲတြင္ အစြမ္းကုုန္ၾကိဳးစားရုုန္းကန္ကစားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ကာဒစ္ဖ္သည္ ၁၉ ၅၉  ဒီဇင္ဘာတြင္ လီဗာပူးကိုု အေ၀းကြင္းတြင္ ၄-၀ ဂိုုးျဖင့္ ရႈံးနိမ့္ခဲ့ျပီးေနာက္ ထိပ္တိုုက္ေတြ႕ဆံုုမႈတြင္ အႏိုုင္မရခဲ့သည္မွာ ႏွစ္ေပါင္း ၆၀ နီးပါးၾကာျမင့္ခဲ့ျပီျဖစ္ေၾကာင္း သိရွိရပါတယ္။

ကြားရက်မှာ ချန်ပီယံလိဂ်ကစားခဲ့ရသော်လည်း လီဗာပူးမှာ ပွဲပန်းမှုမရှိကြောင်း ကလော့ပ်ဖွင့်ဟ ပြောဆို

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က မိမိတို့အနေဖြင့် လက်ရှိတွင် ချန်ပီယံလိဂ်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဆုဖလားအတွက် အားစိုက်ကစားနေရသော်လည်း ပွဲပန်းမှုမရှိကြောင်း၊ ကာဒစ်ဖ်နှင့် ရင်ဆိုင်ရမည့် ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံမေ ျှာ်လင့်ချက်အတွက် နိုင်ပွဲရရှိရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အပြီးတွင် လီဗာပူးမှာ တစ်ပွဲပိုကစားထားပြီး ဒုတိယနေရာမှ မန်စီးတီးအား ၂ မှတ်ဖြတ်ထားပါတယ်။ “လက်ရှိမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် တခြားပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေထက် ပွဲပိုကစားရဖို့ရှိနေပါတယ်။

ဒါဟာ လီဗာပူးအတွက် အရေးပါတဲ့ ကာလလည်း ဖြစ်ပါတယ်။” ဟု နည်းပြဂျာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ပြီးခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းမှ စတာလင်းဂိုးသွင်းယူနိုင်ခဲ့သော်လည်း အဂူရိုလူကျွံနေခဲ့ခြင်းကြောင့် အဆိုပါသွင်းဂိုး ပယ်ဖျက်ခံရမှုအပေါ် ပြိုင်ဘက်အသင်းနည်းပြ ဂွါဒီယိုလာအတွက် စာနာမိကြောင်း  ပြောကြားခဲ့ပါတယ်။ “VAR စနစ်ကို မသုံးဘူးဆိုရင် ဒါက ဂိုးအဖြစ် ခွင့်ပြုလို့ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံပြသခဲ့တဲ့ စပါးအသင်းရဲ့ ခြေစွမ်းကို ချီးကျူးရမှာပါ” ဟု လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ဆိုခဲ့ပါတယ်။

ကာဒစ်ဖ်နည်းပြ ဝါးနော့ဗ်ကလည်း ရာသီကုန်တွင် ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေးအတွက် လီဗာပူးနှင် ရင်ဆိုင်ရမည့် တနင်္ဂနွေည ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွင် အစွမ်းကုန်ကြိုးစားရုန်းကန်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာဒစ်ဖ်သည် ၁၉ ၅၉  ဒီဇင်ဘာတွင် လီဗာပူးကို အဝေးကွင်းတွင် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်မရခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။