၂၀၁၈-၁၉ ပရီးမီးယားလိဂ္အေကာင္းဆံုးအသင္းထြက္ေပၚလာ

ပရီးမီးယားလိဂ္ရာသီ ပိတ္ကားၾကီးဟာ ျပီးပံုကားခ်ခဲ့ျပီး အေကာင္းဆံုးကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ဟာ ကၽြန္ေတာ္တို႔ကို စိတ္ပ်က္မႈမရွိေစခဲ့ပါဘူး။ အဆိုပါအေကာင္းဆံုးအသင္းကို ၄-၃-၃ ကစားကြက္နဲ႔ ေဖာ္ျပခဲ့ျပီး အရန္ခံုကစားသမားမ်ားအတြက္လည္း ေရြးခ်ယ္ခဲ့ပါတယ္။

ဂိုးသမား – လီႏို (အာဆင္နယ္)

လီႏိုသည္ အဂၤလန္တြင္ပထမဆံုးပြဲထြက္ကစားရေပမယ့္လည္း ဂန္းနားတို႔အတြက္ယခုႏွစ္တြင္ၾကယ္ပြင့္ကစားသမားတစ္ေယာက္ျဖစ္ခဲ့ ပါတယ္။

ညာေနာက္ခံလူ – ထရန္႔အလက္ဇန္းဒါးအာႏိုး (လီဗာပူး)

ဒီေကာင္ေလးရဲ႕ အရည္အေသြးဟာ အံ့ၾသဖြယ္ရာေကာင္းပါတယ္။ သူ႔အသက္ ၂၀ အရြယ္နဲ႔ တစ္ေယာက္ေယာက္ကို အထင္ၾကီး ေလးစားမႈရရွိေအာင္ ျပဳလုပ္ႏိုင္ျခင္း၊ သူ႔ညဏ္ရည္ညဏ္ေသြးန႔ဲ တည္ျငိမ္ေအးေဆးစြာနဲ႔ ကစားႏိုင္ျခင္းေၾကာင့္ ပရီးမီးယားလိဂ္မွာ တစ္ေယာက္တည္း ၁၂ ဂိုးအထိ ဂိုးဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။  

ဗဟိုေနာက္ခံလူ – ဗန္ဒိုက္(လီဗာပူး)

မၾကာေသးခင္က PFA တစ္ႏွစ္တာအေကာင္းဆံုး ဆုကို ရရွိခဲ့တဲ့ ေနာက္ခံကစားသမားဟာ ၾကီးမားတဲ့ေျပာင္းလဲမႈကို ျဖစ္ေစခဲ့သလား? လီဗာပူးအသင္းရဲ႕ ယခုႏွစ္ရာသီ စြမ္းေဆာင္ရည္တြင္ အဆိုပါဒက္ခ်္ကစားသမားရဲ႕ လႊမ္းမိုးမႈေတြလည္း ပါ၀င္ခဲ့ပါတယ္။

ဗဟိုေနာက္ခံလူ – အမ္မရစ္လာေပၚေတး (မန္စီးတီး)

ယခုႏွစ္မွ မန္စီးတီးအသင္းသို႔ ေျပာင္းေရႊ႕လာေသာ အသက္ ၂၄ ႏွစ္အရြယ္ကစားသမား လာေပၚေတးသည္ မန္စီးတီးရဲ႕ ခံစစ္တြင္ ျပိဳင္ဘက္တိုက္စစ္မ်ားကို ရင္ဆိုင္ရာတြင္ အဓိကအက်ဆံုးကစားသမားျဖစ္ခဲ့ပါတယ္။ ပထမ ၆ လကို အိပ္ရာတြင္ ကုန္ဆံုးခဲ့တဲ့လာေပၚေတးသည္ စီးတီးျမိဳ႕သူျမိဳ႕သားတို႔အတြက္ ခံစစ္တြင္ အားထားရသူတစ္ဦးျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူ – အန္ဒီေရာ္ဘတ္ဆန္ (လီဗာပူး)

ေကာင္းမြန္တဲ့ေနာက္ခံလူျဖစ္ေသာ စေကာ့တလန္ကပၸတိန္သည္ ပရီးမီးယားလိဂ္တြင္ခံစစ္တစ္ေယာက္အတြက္ စံခ်ိန္တင္ ဂိုးဖန္တီးမႈကို ျပဳလုပ္ထားႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သင္တုိ႔အေနနဲ႔ ဒီလိုမ်ိဳးၾကိဳးၾကိဳးစားစား ကစားတတ္တဲ့ ကစားသမားမ်ိဳးကို အဂၤလိပ္အသင္းၾကီးေတြထဲမွာ ရွာဖို႔ ခက္ခဲေနမွာပါ။

ကြင္းလယ္လူ – ရူဘင္နီဗက္စ္ (၀ုဗ္)

သူဟာ အသက္ ၂၁ ႏွစ္ပဲရွိတာကို လြယ္ကူစြာနဲ႔ေမ့ပစ္လို႔ရျပီး ပရီးမီးယားလိဂ္မွာ သက္တမ္းရင့္ကစားသမားတစ္ေယာက္ လိုျဖစ္ေနပါတယ္။ သူ႔အသက္အရြယ္ကို ျခြင္းခ်က္ထားျပီး ၀ုဗ္ကြင္းလယ္မွာ သူရွိေနျခင္းက အဓိက က်ေနခဲ့ပါတယ္။

ကြင္းလယ္လူ – ဘာနာဒိုလ္ေဆးလ္ဗား (မန္စီးတီး)

သံသယရွိစရာမလိုတဲ့ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးကြင္းလယ္လူတစ္ေယာက္ပါပဲ။ သူ႔မွာ အသက္ရႈမွားေလာက္တဲ့ ေပးပို႔မႈေတြ ရွိေပမယ့္ ရိုးရွင္ပါတယ္ ။ သူဟာ ဂြါဒီယိုလာရဲ႕ ဥယ်ာဥ္ထဲမွာ ပံုမွန္ပြဲထြက္ခြင့္ရသူတစ္ဦးျဖစ္ပါတယ္။

ကြင္းလယ္လူ – ဂ်ိမ္းစ္မက္ဒီဆင္ (လက္စတာ)

အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဆက္လက္တိုးတက္ေနျပီး ေအာင္ျမင္ေနသူျဖစ္ပါတယ္။ သူ႔ျဖတ္တင္ေဘာေတြဟာ ေသေလာက္ေအာင္ေကာင္းမြန္ျပီး လက္စတာကြင္းလယ္မွာ အဓိကေမာင္းႏွင္ေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ပရီးမီးယားလိဂ္ကို အသက္ ၂၁ ႏွစ္မွာ စတင္ခဲ့ေပမယ့္ ၇ ဂိုးသြင္းယူထားျပီး ၇ ဂိုးဖန္တီးထားသူျဖစ္ပါတယ္။

တိုက္စစ္မွဴး – ဆာလာ (လီဗာပူး)

သူဟာ မာေဆးဆိုဒ္အတြက္ ယခုႏွစ္ေဘာလံုးရာသီတြင္၂၁ ဂိုးသြင္းယူထားျပီး ၈ ဂိုးဖန္တီးေပးခဲ့ပါတယ္။ သံသယျဖစ္ဖြယ္ရာမရွိတဲ့ အရည္အေသြးေတြ ပိုင္ဆိုင္ထားေသာ အီဂ်စ္ဘုရင္ျဖစ္ပါတယ္။

တိုက္စစ္မွဴး – အဂူရို (မန္စီးတီး)

ႏွစ္ေတြကုန္လြန္သြားေပမယ့္ အဂူရိုဟာ က်ဆင္းတဲ့ အရိပ္အေယာင္မျပေသးပါဘူး။ သူဟာ သူ႔ရဲ႕ အေကာင္းဆံုးဂိုးသြင္းရာသီျဖစ္ခဲ့တဲ့ ပရီးမီးယားလိဂ္ ၂၀၁၅/၁၆ ေဘာလံုးရာသီက ေျခစြမ္းမ်ိဳး ျပန္လည္ရရွိေအာင္ စြမ္းေဆာင္ေနဆဲျဖစ္ပါတယ္။ စီးတီးအသင္းက လိုအပ္ခ်ိန္တိုင္း သူဟာ ရွိေနဆဲလူတစ္ေယာက္ျဖစ္ပါတယ္။

တုိက္စစ္မွဴး – စတာလင္း (မန္စီးတီး)

ဆက္လက္တိုးတက္ေနေသာ ကစားသမားတစ္ေယာက္အတြက္ ေနာက္ထပ္ေအာင္ျမင္တဲ့ ရာသီတစ္ခုျဖစ္ပါတယ္။ ဂိုးေတြ၊ ဖန္တီးမႈေတြ ၂ ဆ တိုးတက္လာျပီး အံ့ၾသဖြယ္ရာ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ပါတယ္။

အရန္ကစားသမားမ်ား ကေတာ့ (အလီဆန္၊ အန္ဒါ၀ွီးလ္၊ ဒစ္ေနး၊ ကာပိုယူ၊ ရိုက္စ္၊ ဟာဇက္၊ မာေနး) တို႔ကို ေရြးခ်ယ္ထားပါတယ္။

 

၂၀၁၈-၁၉ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းထွက်ပေါ်လာ

ပရီးမီးယားလိဂ်ရာသီ ပိတ်ကားကြီးဟာ ပြီးပုံကားချခဲ့ပြီး အကောင်းဆုံးကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ ကျွန်တော်တို့ကို စိတ်ပျက်မှုမရှိစေခဲ့ပါဘူး။ အဆိုပါအကောင်းဆုံးအသင်းကို ၄-၃-၃ ကစားကွက်နဲ့ ဖော်ပြခဲ့ပြီး အရန်ခုံကစားသမားများအတွက်လည်း ရွေးချယ်ခဲ့ပါတယ်။

ဂိုးသမား – လီနို (အာဆင်နယ်)

လီနိုသည် အင်္ဂလန်တွင်ပထမဆုံးပွဲထွက်ကစားရပေမယ့်လည်း ဂန်းနားတို့အတွက် ယခုနှစ်တွင်ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ညာနောက်ခံလူ – ထရန့်အလက်ဇန်းဒါးအာနိုး (လီဗာပူး)

ဒီကောင်လေးရဲ့ အရည်အသွေးဟာ အံ့သြဖွယ်ရာကောင်းပါတယ်။ သူ့အသက် ၂၀ အရွယ်နဲ့ တစ်ယောက်ယောက်ကို အထင်ကြီးလေးစားမှုရရှိအောင် ပြုလုပ်နိုင်ခြင်း၊ သူ့ညဏ်ရည်ညဏ်သွေးနဲ့ တည်ငြိမ်အေးဆေးစွာနဲ့ ကစားနိုင်ခြင်းကြောင့် ပရီးမီးယားလိဂ်မှာ တစ်ယောက်တည်း ၁၂ ဂိုးအထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ဗဟိုနောက်ခံလူ – ဗန်ဒိုက်(လီဗာပူး)

မကြာသေးခင်က PFA တစ်နှစ်တာအကောင်းဆုံး ဆုကို ရရှိခဲ့တဲ့ နောက်ခံကစားသမားဟာ ကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်စေခဲ့သလား? လီဗာပူးအသင်းရဲ့ ယခုနှစ်ရာသီ စွမ်းဆောင်ရည်တွင် အဆိုပါဒက်ချ်ကစားသမားရဲ့ လွှမ်းမိုးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

ဗဟိုနောက်ခံလူ – အမ်မရစ်လာပေါ်တေး (မန်စီးတီး)

ယခုနှစ်မှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာသော အသက် ၂၄ နှစ်အရွယ်ကစားသမား လာပေါ်တေးသည် မန်စီးတီးရဲ့ ခံစစ်တွင် ပြိုင်ဘက်တိုက်စစ်များကို ရင်ဆိုင်ရာတွင် အဓိကအကျဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ပထမ ၆ လကို အိပ်ရာတွင် ကုန်ဆုံးခဲ့တဲ့လာပေါ်တေးသည် စီးတီးမြို့သူမြို့သားတို့အတွက် ခံစစ်တွင် အားထားရသူတစ်ဦးဖြစ်ပါတယ်။

ဘယ်နောက်ခံလူ – အန်ဒီရော်ဘတ်ဆန် (လီဗာပူး)

ကောင်းမွန်တဲ့နောက်ခံလူဖြစ်သော စကော့တလန်ကပ္ပတိန်သည် ပရီးမီးယားလိဂ်တွင်ခံစစ်တစ်ယောက်အတွက် စံချိန်တင် ဂိုးဖန်တီးမှုကို ပြုလုပ်ထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီလိုမျိုးကြိုးကြိုးစားစား ကစားတတ်တဲ့ ကစားသမားမျိုးကို အင်္ဂလိပ်အသင်းကြီးတွေထဲမှာ ရှာဖို့ ခက်ခဲနေမှာပါ။

ကွင်းလယ်လူ – ရူဘင်နီဗက်စ် (ဝုဗ်)

သူဟာ အသက် ၂၁ နှစ်ပဲရှိတာကို လွယ်ကူစွာနဲ့မေ့ပစ်လို့ရပြီး ပရီးမီးယားလိဂ်မှာ သက်တမ်းရင့်ကစားသမားတစ်ယောက်လိုဖြစ်နေပါတယ်။ သူ့အသက်အရွယ်ကို ခြွင်းချက်ထားပြီး ဝုဗ်ကွင်းလယ်မှာ သူရှိနေခြင်းက အဓိက ကျနေခဲ့ပါတယ်။

ကွင်းလယ်လူ – ဘာနာဒိုလ်ဆေးလ်ဗား (မန်စီးတီး)

သံသယရှိစရာမလိုတဲ့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ယောက်ပါပဲ။ သူ့မှာ အသက်ရှုမှားလောက်တဲ့ ပေးပို့မှုတွေရှိပေမယ့် ရိုးရှင်ပါတယ် ။ သူဟာ ဂွါဒီယိုလာရဲ့ ဥယျာဉ်ထဲမှာ ပုံမှန်ပွဲထွက်ခွင့်ရသူတစ်ဦးဖြစ်ပါတယ်။

ကွင်းလယ်လူ – ဂျိမ်းစ်မက်ဒီဆင် (လက်စတာ)

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဆက်လက်တိုးတက်နေပြီး အောင်မြင်နေသူဖြစ်ပါတယ်။ သူ့ဖြတ်တင်ဘောတွေဟာ သေလောက်အောင်ကောင်းမွန်ပြီး လက်စတာကွင်းလယ်မှာ အဓိကမောင်းနှင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ကို အသက် ၂၁ နှစ်မှာ စတင်ခဲ့ပေမယ့် ၇ ဂိုးသွင်းယူထားပြီး ၇ ဂိုးဖန်တီးထားသူဖြစ်ပါတယ်။

တိုက်စစ်မှူး – ဆာလာ (လီဗာပူး)

သူဟာ မာဆေးဆိုဒ်အတွက် ယခုနှစ်ဘောလုံးရာသီတွင်၂၁ ဂိုးသွင်းယူထားပြီး ၈ ဂိုးဖန်တီးပေးခဲ့ပါတယ်။

တိုက်စစ်မှူး – အဂူရို (မန်စီးတီး)

နှစ်တွေကုန်လွန်သွားပေမယ့် အဂူရိုဟာ ကျဆင်းတဲ့ အရိပ်အယောင်မပြသေးပါဘူး။ သူဟာ သူ့ရဲ့ အကောင်းဆုံးဂိုးသွင်းရာသီဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၀၁၅/၁၆ ဘောလုံးရာသီက ခြေစွမ်းမျိုး ပြန်လည်ရရှိအောင် စွမ်းဆောင်နေဆဲဖြစ်ပါတယ်။ စီးတီးအသင်းက လိုအပ်ချိန်တိုင်း သူဟာ ရှိနေဆဲလူတစ်ယောက်ဖြစ်ပါတယ်။

တိုက်စစ်မှူး – စတာလင်း (မန်စီးတီး)

ဆက်လက်တိုးတက်နေသော ကစားသမားတစ်ယောက်အတွက် နောက်ထပ်အောင်မြင်တဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ ဂိုးတွေ၊ ဖန်တီးမှုတွေ ၂ ဆ တိုးတက်လာပြီး အံ့သြဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။

အရန်ကစားသမားများ ကတော့ (အလီဆန်၊ အန်ဒါဝှီးလ်၊ ဒစ်နေး၊ ကာပိုယူ၊ ရိုက်စ်၊ ဟာဇက်၊ မာနေး) တို့ကို ရွေးချယ်ထားပါတယ်။