ေရာ္နယ္ဒိုနဲ႔ ပတ္သက္ျပီး ၀န္ခံမႈတစ္ခု ျပဳလုပ္သြားခဲ့တဲ့ မာဆယ္လို

ရီးရဲလ္မက္ဒရစ္ကို ေရာ္နယ္ဒို ေျပာင္းေရႊ႕ခဲ့တာဟာ ေဘာလံုးရာသီထက္၀က္က်ိဳးခဲ့ျပီ ျဖစ္ေပမယ့္လည္း ဘာေနဗ်ဴးကေန ေရာ္နယ္ဒို ထြက္ခြာခဲ့မႈ ေနာက္ဆက္တြဲဂယက္ေတြကေတာ့ ဒီေန႔ထက္ထိ မျပီးဆံုးေသးတဲ့ ပံုျပင္ေတြလို ျဖစ္ေနခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ အသင္းသစ္မွာ ျမန္ျမန္ဆန္ဆန္ပဲ အေျခက်သြားခဲ့ျပီး ေျခစြမ္းျပဂိုးေတြသြင္းေနခဲ့ျပီလည္း ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ေရာ္နယ္ဒုိနဲ႔ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြအျဖစ္ ရွိေနခဲ့တဲ့ ေနာက္ခံလူ မာဆယ္လိုက အခုအခါမွာလည္း ေရာ္နယ္ဒို အသင္းကေန မထြက္ခြာခင္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္မွာ သူ႔ကို ေရာ္နယ္ဒိုက ဘာေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားမႈေတြ
ျပဳလုပ္ခဲ့ျပန္ျပီလည္း ျဖစ္ပါတယ္။

Esporte Interactivo နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ မာဆယ္လို ေျဖၾကားခဲ့တာနဲ႔ ပတ္သက္ျပီး Football Espana က ျပန္လည္ေရးသားခဲ့ရာမွာေတာ့ မာဆယ္လိုက အခုလိုပဲ ေျပာၾကားခ့ဲတယ္လို႔ သိရပါတယ္။

“ဗိုလ္လုပြဲအတြက္ ကၽြန္ေတာ္တို႔ ေလ့က်င့္ခန္းျပဳလုပ္ေနခဲ့ခ်ိန္မွာ သူက ကၽြန္ေတာ့္ကို အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ေျပာခဲ့့ပါတယ္၊ အရင္တုန္းက ခင္ဗ်ားတို႔ကို ကၽြန္ေတာ္ လိမ္ခဲ့တယ္ဆုိတာ ကိုယ္တိုင္လည္း သိပါတယ္၊ ဒါေပမယ့္ ဒါက ကၽြန္ေတာ္ လွ်ိဳ႕၀ွက္ထားရမယ့္ ကိစၥျဖစ္ကိုျဖစ္ေနလို႔ အဲဒီလို လုပ္ခဲ့တာပါ”

“ဂ်ဴဗင္တပ္စ္ကို ကၽြန္ေတာ္ေျပာင္းေရႊ႕ဖို႔လား? ဂ်ဴဗီက ၾကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းပါ၊ ဒါေပမယ့္ ကၽြန္ေတာ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ၾကားမွာ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္” လို႔ မာဆယ္လိုက ေျပာၾကားသြားခဲ့ပါတယ္။ ရီးရဲလ္ကေတာ့ လက္ရွိအခ်ိန္မွာ ပံုစံေကာင္းကို ျပန္လည္ ရရွိေနျပီျဖစ္ျပီး လာလီဂါမွာလည္း ဘာစီလိုနာကို (၆)မွတ္အကြာနဲ႔ ဖိအားေပးေနခဲ့ျပီ ျဖစ္ပါတယ္။

Unicode Version

ရီးရဲလ်မက်ဒရစ်ကို ရော်နယ်ဒို ပြောင်းရွှေ့ခဲ့တာဟာ ဘောလုံးရာသီထက်ဝက်ကျိုးခဲ့ပြီ ဖြစ်ပေမယ့်လည်း ဘာနေဗျူးကနေ ရော်နယ်ဒို ထွက်ခွာခဲ့မှု နောက်ဆက်တွဲဂယက်တွေကတော့ ဒီနေ့ထက်ထိ မပြီးဆုံးသေးတဲ့ ပုံပြင်တွေလို ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းသစ်မှာ မြန်မြန်ဆန်ဆန်ပဲ အခြေကျသွားခဲ့ပြီး ခြေစွမ်းပြဂိုးတွေသွင်းနေခဲ့ပြီလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် ရှိနေခဲ့တဲ့ နောက်ခံလူ မာဆယ်လိုက အခုအခါမှာလည်း ရော်နယ်ဒို အသင်းကနေ မထွက်ခွာခင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာ သူ့ကို ရော်နယ်ဒိုက ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားမှုတွေ
ပြုလုပ်ခဲ့ပြန်ပြီလည်း ဖြစ်ပါတယ်။

Esporte Interactivo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာဆယ်လို ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး Football Espana က ပြန်လည်ရေးသားခဲ့ရာမှာတော့ မာဆယ်လိုက အခုလိုပဲ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ဗိုလ်လုပွဲအတွက် ကျွန်တော်တို့ လေ့ကျင့်ခန်းပြုလုပ်နေခဲ့ချိန်မှာ သူက ကျွန်တော့်ကို အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောခဲ့့ပါတယ်၊ အရင်တုန်းက ခင်ဗျားတို့ကို ကျွန်တော် လိမ်ခဲ့တယ်ဆိုတာ ကိုယ်တိုင်လည်း သိပါတယ်၊ ဒါပေမယ့် ဒါက ကျွန်တော် လျှို့ဝှက်ထားရမယ့် ကိစ္စဖြစ်ကိုဖြစ်နေလို့ အဲဒီလို လုပ်ခဲ့တာပါ”

“ဂျူဗင်တပ်စ်ကို ကျွန်တော်ပြောင်းရွှေ့ဖို့လား? ဂျူဗီက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ၊ ဒါပေမယ့် ကျွန်တော်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားမှာ စာချုပ်ချုပ်ဆိုထားပါတယ်” လို့ မာဆယ်လိုက ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်ကတော့ လက်ရှိအချိန်မှာ ပုံစံကောင်းကို ပြန်လည် ရရှိနေပြီဖြစ်ပြီး လာလီဂါမှာလည်း ဘာစီလိုနာကို (၆)မှတ်အကွာနဲ့ ဖိအားပေးနေခဲ့ပြီ ဖြစ်ပါတယ်။

12K Shares