ရေနာတို ဆန်းချက်စ်ဟာ ပေါ်တူဂီ အသင်းမှာ ပါဝင်နိုင်ခြင်းမရှိတော့

ဆန်းချက်စ်ဟာ သူ့ရဲ့ နိုင်ငံ အသင်းနဲ့ အတူ ယူရို ၂၀၁၆ မှာ အနိုင်ရရှိခဲ့ပေမဲ့လည်း အခုချိန်မှာတော့ ရုရှားမှ ကျင်းပမဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မှာ တော့ ပေါ်တူဂီ အသင်းမှာ နေရာ မရရှိနိုင်သေးပါဘူး။

ရေနာတို ဆန်းချက်စ်ဟာ တနင်္လာနေ့က ကြေငြာခဲ့တဲ့ ပေါ်တူဂီ အသင်းရဲ့ အသင်းသား ၃၅ ယောက်ထဲမှာ မပါဝင်ခဲ့တဲ့ အတွက် 2018 ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ဘူးလို့ အလိုအလျောက် သိရှိခဲ့ရပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွမ်းဆီး စီးတီး အသင်းမှာ တောက်ပနိုင်ခဲ့ခြင်း မရှိချိန်ကစလို့ နည်းပြ ဖာနန်ဒိုဆန်တိုစ်ရဲ့ အသင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတော့ပါဘူး။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ လူစာရင်းထဲမှာ ပါဝင်နေခဲ့ပြီး တိုက်စစ် ကစားသမား ရီကာဒို ကွာရက်စမာ လည်းပါဝင်နေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး နှစ်ရက်အကြာမှာ ကစားမဲ့ ပေါ်တူဂီနဲ့တူနီးရှားရဲ့ပွဲစဉ်မှာတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

အဆိုပါပွဲစဉ်ဟာဆိုရင်တော့ ပေါ်တူဂီ အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်ပွဲ မတိုင်ခင် ချစ်ကြည်ရေး ခြေစမ်းပွဲ သုံးပွဲအနက် ပထမဆုံးပွဲပဲ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ အုပ်စု B မှာ ပါဝင်တာဖြစ်ပြီး ပတမဆုံးပွဲစဉ် အနေနဲ့ ကတော့ ဇွန်လ ၁၅ ရက်နေ့မှာ စပိန် အသင်းနဲ့ ကစားရမှာ ပဲ ဖြစ်ပါတယ်။

ဆန်းတို့စ်ဟာ သူ့ရဲ့ အသင်းအတွက် ၃၅ ယောက်ကို ကြေငြာခဲ့ပြီးပြီ ဖြစ်ပေမဲ့ ရုရှား ကို ခေါ်သွားမဲ့ ၂၃ ယောက်ကို မကြာခင်မှာ ထပ်မံ ကြေငြာလိုက်မယ်လို့တော့ မျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *