မော်ရင်ဟိုကို ဘောလုံးလောက,က ထုတ်ပယ်သင့်တယ်လို့ ဝေဖန်လိုက်တဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ

El Larguero ရေဒီယိုဌာနက အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ မာနူကာရီနိုက ယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုကို ဘောလုံးလောကမှ အပြီးအပိုင် ထုတ်ပယ်သင့်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တယ်လို့ သိရှိရပါတယ်။ မော်ရင်ဟိုဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ယူနိုက်တက်အသင်းတို့ရဲ့ ပွဲအပြီးမှာ သူ့ရဲ့လက်တစ်ဖက်ကို နားရွက်ဘေးနားကပ်ပြီး ဂျူဗင်တပ်စ်ပရိသတ်တွေကို လှောင်ပြောင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဘိုနူချီ ဒီဘာလားတို့နဲ့ အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်ကလည်း မော်ရင်ဟိုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အခုတစ်ခါမှာတော့ ကာရီနိုကပါ မော်ရင်ဟိုကို ရာဇဝတ်ကောင်တစ်ယောက်လို့ သုံးနှုန်းပြီး ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ ကာရီနိုက “ဘောလုံးလောကကြီး သာယာဖို့အတွက် မော်ရင်ဟိုကို ဒီလောကထဲကနေ မောင်းထုတ်သင့်ပါတယ်။ သူက တစ်ချိန်လုံး လှောင်ပြောင်ဖို့ပဲ တတ်ပြီး အရှက်မရှိတဲ့ လူစားမျိုးပါ။ ဂျူဗင်တပ်စ် နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ပွဲအပြီးမှာ သူလုပ်ခဲ့တဲ့ အမူအရာက တော်တော်ကြည့်ရဆိုးတဲ့ အရာပါ။” 

“သူက ဘောလုံးလောကရဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ဘောလုံးလောကမှာ လုံးဝမရှိသင့်တဲ့ လူစားမျိုးပါ။ သူက ကမ္ဘာ့ဘောလုံးလောကကို ဒုက္ခပေးနေတဲ့ လူတစ်ယောက်ဖြစ်ပြီး အရှက်လည်း မရှိဘဲ အမြဲတမ်း စောဒကတက်နေတဲ့ လူစားမျိုးပါ။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ မော်ရင်ဟိုက သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်ပရိသတ်တွေက သူ့ကို ပွဲချိန်ပြည့်စော်ကားနေခဲ့တာကြောင့် သူတို့ရဲ့အသံကို အခုထက် ပိုကျယ်ကျယ်ကြားချင်တဲ့ ဆန္ဒကြောင့် အခုလိုမျိုး လုပ်ပြခဲ့တယ်လို့ ဖြေရှင်းသွားခဲ့ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲအပြီးမှာလည်း မော်ရင်ဟိုက ဂျူဗင်တပ်စ်ပရိသတ်တွေရှိရာဘက်ကို လက်သုံးချောင်းထောင်ပြပြီး အင်တာမီလန်အသင်းနဲ့အတူ ဖလားသုံးလုံးရရှိခဲ့တဲ့ အကြောင်းအရာကို ရည်ရွယ်ပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။

အကောင်းဆုံး ဘောလုံးပွဲပေါက်ကြေးများနဲ့ ပွဲခန့်မှန်းချက်များကို http://mmbookie.com/ တွင်ဝင်ရောက်ကြည့်ရှုလိုက်ပါ။

 

2K Shares

Leave a Reply

Your email address will not be published. Required fields are marked *