ပေါ်တို vs လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ပေါ်တိုနှင့် လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အား မြန်မာစံတော်ချိန် မနက် ၁း၃၀- ကြာသာပတေး(၁၈.၄.၁၉)တွင် ပေါ်တိုအသင်းရဲ့ Estadio Do Dragao ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ပေါ်တိုအသင်းဟာ ပထမအကျော့ အန်ဖီးလ်ကွင်းကြီးထဲတွင် အဝေးဂိုးမရခဲ့ပဲ ၂-၀ ဂိုးဖြင့်ရှူံးနိမ့်ထားခဲ့လို့ နောက်တစ်ဆင့်တက်ဖို့အတွက်အတော်လေးခက်ခဲနေပါပြီ။ လီဗာပူးလ်ကို ၃ ဂိုးပြတ်ဖြင့် ပြန်လည်ကျော်ဖြတ်ဖို့ဟာ သချာင်္နည်းအရဟုတ်သော်လည်း ဘောလုံးခြေစွမ်းအရတော့ လုံးဝမလွယ်ပါဘူး။ ကံတစ်ရားဖေးမမူ၊ ခြေစွမ်းအလွန်တစ်ရာပြသနိုင်မူတွေကို ပေါ်တိုအသင်းအနေဲ့ လိုအပ်နေပါပြီ။

လီဗာပူးလ်အသင်းကတော့ ကီယေတာ၊ ဖာမီနိုတို့ရဲ့သွင်းဂိုးနဲ့ ပထမအကျော့တွင် ၂ ဂိုးပြတ်နိုင်ထားလို့ နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် အားကောင်းနေခဲ့ပါပြီ။ လူစုံထုတ်ကစားပြီး လက်ရှိခြေစွမ်းအတိုင်းဆက်လက်ကစားရုံနဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အလေးပေးမူ

ပေါ်တိုအသင်းအတွက်အလေးပေးထားမူက ၂၇/၁၀ လေးဖြစ်ပြီး လီဗာပူးလ်အသင်းအတွက်အလေးပေးထားမူက ၂၁/၂၀ လေးဖြစ်လို့  လီဗာပူးလ်အသင်းဘက်ကနေအကြောပေးထားတာကိုတွေ့ရပါတယ်။

ပေါ်တိုအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 ပေါ်တီမိုးနက်စ် ၀-၃ ပေါ်တို
10/04 လီဗာပူးလ် ၂-၀ ပေါ်တို
06/04 ပေါ်တို ၂-၀ ဘိုဗစ်စ်တာ
03/04 ဘရာဂါ ၁-၁ ပေါ်တို
30/03 ဘရာဂါ ၂-၃ ပေါ်တို

လီဗာပူးလ်အသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


14/04 လီဗာပူးလ် ၂-၀ ချဲလ်ဆီး
10/04 လီဗာပူးလ် ၂-၀ ပေါ်တို
06/04 ဆောက်သမ်တန် ၁-၃ လီဗာပူးလ်
31/03 လီဗာပူးလ် ၂-၁ စပါး
17/03 ဖူးလ်ဟမ်း ၁-၂ လီဗာပူးလ်

ပွဲအဖြေခန့်မှန်းရလဒ်

ပေါ်တို ၁-၃ လီဗာပူးလ်

#soenaywin

ယခုပွဲစဉ်အတွက်သင့်ရဲ့ပွဲခန့်မှန်းရလဒ်ကရော ?
၁။ ပေါ်တို အနိုင်
၂။ သရေ
၃။ လီဗာပူးလ် အနိုင်

2K Shares