ေန႔လယ္ခင္းသတင္းမ်ား

ေအဂ်က္စ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ဂ္က သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူအား လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕ႏုိင္ေရးအတြက္ ေသခ်ာေဆာင္ရြက္ေပးရန္ ေျပာဆုိထားေၾကာင္း သိရွိရပါတယ္။ ဒီလစ္ဂ္ကို ေခၚယူရန္ အတြက္ လီဗာပူး၊ PSG အသင္းတို႔ကလည္း ေဆြးေႏြးလ်က္ရွိေပမယ့္ ကစားသမားကိုယ္တုိင္က ဘာစီလိုနာအသင္းကုိ ေျပာင္းေရႊ႕ရန္ စိတ္အားထက္သန္လ်က္ရွိပါတယ္။

စပါးအသင္းဟာ ဘင္ဖီကာအသင္းရဲ႕ ေတာင္ပံကစားသမား ယိုတာကုိ ေခၚယူရန္ အဂၤလန္ ယူ – ၂၀ အသင္းနဲ႔ ေပၚတူဂီ ယူ – ၂၀ အသင္းတို႔ ကစားမယ့္ ပြဲ၌ သြားေရာက္ေစာင့္ၾကည့္ရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ေပၚတူဂီ သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းဟာ အဆုိပါ ကစားသမားကုိ ေခၚယူဖို႔အတြက္ ယခုရာသီ အေစာပိုင္းမွာတည္းက ကင္းေထာက္မ်ား ေစလႊတ္ၿပီး ေစာင့္ၾကည့္ေစခ့ဲေၾကာင္းလည္း သိရွိရပါတယ္။

အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံလူ လစ္ခ်္စတုိင္နာက သူ႔အေနနဲ႔ ပြဲထြက္ခြင့္ နည္းပါးေနတာေၾကာင့္ အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အသင္းမွ ထြက္ခြာဖြယ္ရွိေၾကာင္း ေျပာၾကားခ့ဲပါတယ္။ အသက္ (၃၅) ႏွစ္အရြယ္ရွိၿပီျဖစ္သူ လစ္ခ်္စတုိင္နာဟာ ၿပီးခ့ဲတ့ဲ ေႏြရာသီ အေျပာင္းအေရႊ႕ကမွ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏုိက္တက္ကြင္းလယ္ကစားသမား ဟာရဲရားဟာ လာမယ့္ ေႏြရာသီမွာ PSG အသင္းထံေျပာင္းေရႊ႕ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ ဟာရဲရားအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးၿပီးေၾကာင္း သတင္းမ်ားထြက္ေပၚခ့ဲေပမယ့္ လက္ရွိအခ်ိန္အထိ အတည္ျပဳရျခင္းမရွိေသးဘဲ PSG အသင္းက ဟာရဲရားကို တစ္ပတ္လုပ္ခ ေပါင္ (၁) သိန္းခြဲနဲ႔ ကမ္းလွမ္းရန္ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

အီတလီ သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ အက္သလက္တီကုိမက္ဒရစ္အသင္းဟာ ဂရစ္္ဇ္မန္းကို လက္လႊတ္ခ့ဲရပါက ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မွဴး ဒီဘာလားကုိ ျပန္လည္ ေခၚယူဖို႔ ႀကိဳးပမ္းလာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ PSG အသင္းအေနနဲ႔လည္း အမ္ဘာေပ ေနမာတို႔ ႏွစ္ဦးအနက္ တစ္ဦးဦးကို လက္လႊတ္ခ့ဲရမွသာ ဒီဘာလားကို ေခၚယူရန္ ႀကိဳးပမ္းလာဖြယ္ရွိေနပါတယ္။

ယူႏုိက္တက္အသင္းရဲ႕ ဂႏၱဝင္ ေနာက္ခံလူေဟာင္း ရီယုိဖာဒီနန္က ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံကစားသမား ဆန္ခ်ိဳဟာ ယူႏုိက္တက္အသင္းနဲ႔ ကုိက္ညီတ့ဲ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ ယူႏုိက္တက္အသင္းဟာ ဆန္ခ်ိဳကို လာမယ့္ ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၇၀) ခန္႔ျဖင့္ ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနတာလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းဟာ လာမယ့္ေႏြရာသီမွာ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘရူႏုိဖာနန္ဒက္စ္ကို ေခၚယူရန္အတြက္လည္း ပစ္မွတ္ထားလ်က္ရွိပါတယ္။ အသက္ (၂၄) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အဆုိပါ ကစားသမားဟာ ဒီရာသီမွာ အသင္းအတြက္ (၂၄) ဂိုးသြင္းၿပီး (၁၄) ႀကိမ္ဂိုးေပါက္ဖန္တီးမႈ ျပဳလုပ္ေပးထားႏုိင္တ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ သူတို႔ရဲ႕ နည္းျပ ဆာရီကို ထုတ္ပယ္ျဖစ္ခ့ဲပါက အသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္း တစ္ဦးျဖစ္တ့ဲ လမ္းပတ္ နဲ႔ ဝုလ္ဗ္အသင္းနည္းျပ ႏူႏုိဆန္းတုိ႔စ္တို႔ကို ေခၚယူရန္ စဥ္းစားေနေၾကာင္း The Sun သတင္းစာက ေဖာ္ျပခ့ဲပါတယ္။ ကနဦးတြင္ ခ်ဲလ္ဆီးအသင္းဟာ ဇီဒန္းကို နည္းျပအျဖစ္ ခန္႔အပ္ရန္ စီစဥ္ခ့ဲေပမယ့္ ဇီဒန္းက ရီးရဲယ္မက္ဒရစ္အသင္းကိုသာ ျပန္လည္ ေျပာင္းေရႊ႕သြားခ့ဲတာေၾကာင့္ အခုလိုပဲ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပစ္မွတ္ေတြ ျပန္လည္ ေျပာင္းလဲလာတာလည္း ျဖစ္ပါတယ္။

Unicode

အေဂျက်စ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ဂ်က သူ့ရဲ့ အေးဂျင့်ဖြစ်သူအား လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ရေးအတွက် သေချာဆောင်ရွက်ပေးရန် ပြောဆိုထားကြောင်း သိရှိရပါတယ်။ ဒီလစ်ဂ်ကို ခေါ်ယူရန် အတွက် လီဗာပူး၊ PSG အသင်းတို့ကလည်း ဆွေးနွေးလျက်ရှိပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိပါတယ်။

စပါးအသင်းဟာ ဘင်ဖီကာအသင်းရဲ့ တောင်ပံကစားသမား ယိုတာကို ခေါ်ယူရန် အင်္ဂလန် ယူ – ၂၀ အသင်းနဲ့ ပေါ်တူဂီ ယူ – ၂၀ အသင်းတို့ ကစားမယ့် ပွဲ၌ သွားရောက်စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ပေါ်တူဂီ သတင်းစာရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အဆိုပါ ကစားသမားကို ခေါ်ယူဖို့အတွက် ယခုရာသီ အစောပိုင်းမှာတည်းက ကင်းထောက်များ စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ကြောင်းလည်း သိရှိရပါတယ်။

အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ လစ်ချ်စတိုင်နာက သူ့အနေနဲ့ ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်သူ လစ်ချ်စတိုင်နာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်ကစားသမား ဟာရဲရားဟာ လာမယ့် နွေရာသီမှာ PSG အသင်းထံပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဟာရဲရားအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးကြောင်း သတင်းများထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အတည်ပြုရခြင်းမရှိသေးဘဲ PSG အသင်းက ဟာရဲရားကို တစ်ပတ်လုပ်ခ ပေါင် (၁) သိန်းခွဲနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

အီတလီ သတင်းစာရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်းကို လက်လွှတ်ခဲ့ရပါက ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဒီဘာလားကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရှိရပါတယ်။ PSG အသင်းအနေနဲ့လည်း အမ်ဘာပေ နေမာတို့ နှစ်ဦးအနက် တစ်ဦးဦးကို လက်လွှတ်ခဲ့ရမှသာ ဒီဘာလားကို ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင်သန်း (၇၀) ခန့်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန်အတွက်လည်း ပစ်မှတ်ထားလျက်ရှိပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် (၂၄) ဂိုးသွင်းပြီး (၁၄) ကြိမ်ဂိုးပေါက်ဖန်တီးမှု ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ နည်းပြ ဆာရီကို ထုတ်ပယ်ဖြစ်ခဲ့ပါက အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ လမ်းပတ် နဲ့ ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်းတို့စ်တို့ကို ခေါ်ယူရန် စဉ်းစားနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကနဦးတွင် ချဲလ်ဆီးအသင်းဟာ ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့ပေမယ့် ဇီဒန်းက ရီးရဲယ်မက်ဒရစ်အသင်းကိုသာ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာကြောင့် အခုလိုပဲ ချဲလ်ဆီးအသင်းအနေနဲ့ ပစ်မှတ်တွေ ပြန်လည် ပြောင်းလဲလာတာလည်း ဖြစ်ပါတယ်။

 

 

2K Shares