နေ့လည်ခင်းသတင်းတိုများ

စပိန်လာလီဂါကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘက်တစ်အသင်းရဲ့ ဘယ်နောက်ခံလူ ဂျူနီယာဖာပိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး အာဆင်နယ် ခရစ္စတယ်ပဲလေ့စ်အသင်းတို့က အပြိုင်အဆိုင် ကြိုးစားလာဖို့ ရှိနေပါတယ်။

စပါးအသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဇီလင်စကီးကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြပါတယ်။ နာပိုလီအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း (၅၀) နဲ့အထက် ရရှိမှသာ လက်လွှတ်သွားဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နာပိုလီနောက်ခံလူ ဟိုင်ဆက်ခ်ျရဲ့ အေးဂျင့်ဖြစ်သူကတော့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်ဖွယ်ရှိ မရှိစောင့်ကြည့်ရမှာဖြစ်တယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။ 

ဝက်စ်ဟမ်းအသင်းကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ခွင့်မရတော့တဲ့ အသင်းခေါင်းဆောင် ဗလင်စီယာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

လီဗာပူး ချဲလ်ဆီးအသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိတဲ့ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လ်ကာကို လိုင်ယွန်ဥက္ကဌဖြစ်သူက ခရစ္စမတ်ကာလမှာ ခေါ်ယူတွေ့ဆုံပြီး အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းမှာ အဆင်မပြေမှုတွေရှိနေတဲ့ အိုဇေးလ်တစ်ယောက် လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတဲ့ လောင်းကြေးတွေ ထွက်ပေါ်လာတယ်လို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီကတော့ အသင်းရဲ့တိုက်စစ်မှူး ကာရိုးလ်ကို စာချုပ်သစ်ချုပ်ဆိုဖြစ်ဖွယ်ရှိတယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။

နိုက်စ်အသင်းရဲ့ ဥက္ကဌဖြစ်သူကတော့ အသင်းရဲ့ တိုက်စစ်မှူး ဘာလိုတယ်လီနဲ့ စာချုပ်သစ် ထပ်ပြီး ချုပ်ဆိုဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

3K Shares