ေဒါ့မြန္ကို အႏုိင္ကစားႏုိင္ဖို႔ ပရိသတ္ေတြကို အကူအညီေတာင္းခဲ့တဲ့ လုိရစ္

တာ့တင္ဟမ္ေဟာ့စပါးအသင္းဂိုးသမား ဟူဂိုလိုရစ္ဟာ ေဒါ့မြန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ အသင္းရဲ႕ပရိသတ္ေတြအားလံုး ေနာက္ကေန ရွိေနေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

စပါးအသင္းေခါင္းေဆာင္ ဟူဂိုလိုရစ္ဟာ ေဒါ့မြန္အသင္းရဲ႕ယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာ ဝင္ဘေလကြင္းကို ရံုျပည့္ရံုလွ်ံတဲ့အထိ လာေရာက္အားေပးၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဝက္ဖို႔ဒ္အသင္းနဲ႔ပြဲစဥ္တုန္းက ပရိသတ္ ၃ ေသာင္းေအာက္သာ လာေရာက္အားေပးခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပရိသတ္ဦးေရ ၄၄၀၀၀ ေက်ာ္လာေရာက္အားေပးခဲ့ၿပီး ယခုရာသီအေစာပိုင္းမွာ ဘာစီလိုနာအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ပရိသတ္ ၈၂၀၀၀ေက်ာ္ လာေရာက္အားေပးခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔ကို အကူအညီေပးဖို႔ ကြင္းလံုးျပည့္ေနဖို႔ လိုပါတယ္။ အခ်ိဳ႕ရက္ေတြမွာ ဝင္ဘေလကြင္းမွာ လူျပည့္ဖို႔ ခဲယဥ္းေပမယ့္ ဒီလိုပြဲႀကီးပြဲေကာင္းမွာေတာ့ ပရိသတ္အမ်ားႀကီးဆီက အကူအညီရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ေဒါ့မြန္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၂၀ ျပဳလုပ္ႏုိင္ခဲ့တဲ့ လက္စတာစီးတီးအသင္းနဲ႔ပြဲစဥ္ကထက္ ပိုမိုေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ ျပသရမယ္လုိ႔ လိုရစ္က သတိေပးခဲ့ပါတယ္။

“လက္စတာက အံ့အားသင့္စရာနည္းလမ္းနဲ႔ ကစားခဲ့တာပါ။ အဲဒီပြဲအႏုိင္ရရွိခဲ့တာဟာ ကၽြန္ေတာ္တို႔ရဲ႕ စိတ္ဝိဥာဥ္နဲ႔ သြင္ျပင္လကၡဏာေတြကို ေက်းဇူးတင္ရမယ္လုိ႔ ထင္ပါတယ္။ အဲဒါေတြ မပါဘဲ အဲဒီပြဲကို အႏုိင္မရရွိႏုိင္ပါဘူး”

“ကၽြန္ေတာ္တို႔အသင္းရဲ႕စြမ္းေဆာင္ရည္ကို တိုးတက္ေအာင္လုပ္ဖို႔ လိုတယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္တုိ႔ အႏုိင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ပုိႀကီးမားတဲ့အသင္းနဲ႔ဆုိရင္ အဲဒီလို ပြဲစဥ္မ်ိဳးကို အႏုိင္မရရွိႏုိင္ပါဘူး။ အဲဒါ ကၽြန္ေတာ္တုိ႔မွာ တာဝန္ရွိလာပါၿပီ။ အဝတ္လဲခန္းထဲမွာေတာ့ စိတ္ပိုင္းဆုိင္ရာက အရမ္းေကာင္းပါတယ္။ ခက္ခဲတဲ့ အဲဒီေန႔မွာ အဲဒါကို ေနာက္ထပ္တစ္ႀကိမ္ ျပသဦးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

(Unicode)

တော့တင်ဟမ်ဟော့စပါးအသင်းဂိုးသမား ဟူဂိုလိုရစ်ဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အသင်းရဲ့ပရိသတ်တွေအားလုံး နောက်ကနေ ရှိနေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်ဟာ ဒေါ့မွန်အသင်းရဲ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ဝင်ဘလေကွင်းကို ရုံပြည့်ရုံလျှံတဲ့အထိ လာရောက်အားပေးကြဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်တုန်းက ပရိသတ် ၃ သောင်းအောက်သာ လာရောက်အားပေးခဲ့တာဖြစ်ပါတယ်။
လက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်ဦးရေ ၄၄၀၀၀ ကျော်လာရောက်အားပေးခဲ့ပြီး ယခုရာသီအစောပိုင်းမှာ ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပရိသတ် ၈၂ဝဝဝကျော် လာရောက်အားပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကို အကူအညီပေးဖို့ ကွင်းလုံးပြည့်နေဖို့ လိုပါတယ်။ အချို့ရက်တွေမှာ ဝင်ဘလေကွင်းမှာ လူပြည့်ဖို့ ခဲယဉ်းပေမယ့် ဒီလိုပွဲကြီးပွဲကောင်းမှာတော့ ပရိသတ်အများကြီးဆီက အကူအညီရမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒေါ့မွန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်ကထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည် ပြသရမယ်လို့ လိုရစ်က သတိပေးခဲ့ပါတယ်။
“လက်စတာက အံ့အားသင့်စရာနည်းလမ်းနဲ့ ကစားခဲ့တာပါ။ အဲဒီပွဲအနိုင်ရရှိခဲ့တာဟာ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်နဲ့ သွင်ပြင်လက္ခဏာတွေကို ကျေးဇူးတင်ရမယ်လို့ ထင်ပါတယ်။ အဲဒါတွေ မပါဘဲ အဲဒီပွဲကို အနိုင်မရရှိနိုင်ပါဘူး”
“ကျွန်တော်တို့အသင်းရဲ့စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပိုကြီးမားတဲ့အသင်းနဲ့ဆိုရင် အဲဒီလို ပွဲစဉ်မျိုးကို အနိုင်မရရှိနိုင်ပါဘူး။ အဲဒါ ကျွန်တော်တို့မှာ တာဝန်ရှိလာပါပြီ။ အဝတ်လဲခန်းထဲမှာတော့ စိတ်ပိုင်းဆိုင်ရာက အရမ်းကောင်းပါတယ်။ ခက်ခဲတဲ့ အဲဒီနေ့မှာ အဲဒါကို နောက်ထပ်တစ်ကြိမ် ပြသဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

1K Shares