အေျပာင္းအေရႊ႕ပိတ္ပင္မႈကို အယူခံဝင္သြားမယ့္ ခ်ယ္ဆီး

ခ်ယ္ဆီးအသင္းဟာ  အေျပာင္းအေရႊ႕စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ေစ်းကြက္ ၂ ႀကိမ္ပိတ္ပင္မယ္ဆုိတဲ့ ဖီဖာရဲ႕ေျပာၾကားခ်က္ကို က႑တစ္ခုခ်င္းစီေခ်ပၿပီး အယူခံဝင္သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဖီဖာရဲ႕စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ယေန႔မွာ ခ်ယ္ဆီးအသင္းဟာ လူငယ္ကစားသမား ၂၉ ဦးရဲ႕အေျပာင္းအေရႊ႕မွာ ဖီဖာရဲ႕စည္းမ်ဥ္းအပိုင္း ၁၉ ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္းနဲ႔ ေနာက္ထပ္ ေခၚယူမႈ ၂ ခုမွာလည္း အပိုင္း ၁၈ ကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းကို ပိတ္ဆို႔အေရးယူခဲ့တာျဖစ္ပါတယ္။

စံုစမ္းစစ္ေဆးမႈေတြဟာ အစပိုင္းမွာ ကစားသမား ၉၂ ဦးနဲ႔ ဆက္ႏြယ္ၿပီး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ လာမယ့္ အေျပာင္းအေရႊ႕ရာသီ ၂ ခုအထိ ကစားသမားသစ္ေခၚယူခြင့္ရရွိမွာမဟုတ္ဘဲ ဒဏ္ေၾကးေငြအျဖစ္ ဆြစ္ဖရန္႔ေငြ ၆၀၀၀၀၀ တပ္ရိုက္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ယ္ဆီးအသင္းဟာ ဖီဖာရဲ႕စစ္ေဆးေတြ႕ရွိမႈကို ေဝဖန္ခဲ့ၿပီး ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ဖီဖာရဲ႕ဆံုးျဖတ္ခ်က္ကို အယူခံဝင္သြားမွာျဖစ္ေၾကာင္းနဲ႔ အလြန္အမင္းစိတ္ပ်က္မိေၾကာင္း ေၾကညာခဲ့ပါတယ္္။

“ခ်ယ္ဆီးအသင္းအေနနဲ႔ ဖီဖာရဲ႕စည္းကမ္းထိန္းသိမ္းေရးေကာ္မတီရဲ႕ေတြ႕ရွိမႈကို က႑တစ္ခုခ်င္းစီအလုိက္ ေခ်ပသြားမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆံုးျဖတ္ခ်က္ကို အယူခံဝင္သြားမွာျဖစ္ပါတယ္”

“အသင္းအေနနဲ႔ လူငယ္ကစားသမားေတြရဲ႕လံုၿခံဳမႈနဲ႔ပတ္သက္တဲ့ ဖီဖာရဲ႕လုပ္ေဆာင္ခ်က္ေတြကို ေလးစားတာေၾကာင့္ အခုကိစၥကို အေလးအနက္ထားေပးဖို႔ ဆုေတာင္းပါတယ္။ စံုစမ္းစစ္ေဆးမႈေတြမွာလည္း ဖီဖာနဲ႔ အျပည့္အဝပူးေပါင္းပါဝင္သြားမွာျဖစ္ပါတယ္”

“အစပုိင္းမွာ ခ်ယ္ဆီးအသင္းဟာ ကစားသမား ၉၂ ဦးနဲ႔ဆက္ႏြယ္ၿပီး အပိုင္း ၁၉.၁၊ ၁၉.၃ ေအာက္မွာ စြပ္စြဲခံခဲ့ရပါတယ္”

“အဲဒီကစားသမားေတြထဲက ၆၃ ဦးနဲ႔ပတ္သက္ၿပီး စည္းမ်ဥ္းခ်ိဳးေဖာက္မႈမရွိခဲ့ဘူးလို႔ ဖီဖာက လက္ခံခဲ့တဲ့အခ်က္ကို ႀကိဳဆုိပါတယ္။ ဒါေပမယ့္ အသင္းအေနနဲ႔ က်န္တဲ့ ကစားသမား ၂၉ ဦးနဲ႔ဆက္ႏြယ္တဲ့ အေျပာင္းအေရႊ႕ကိစၥနဲ႔ပတ္သက္ၿပီး အသင္းရဲ႕တင္ျပခ်က္ကို ဖီဖာက လက္မခံခဲ့တဲ့အတြက္ အလြန္အမင္းစိတ္ပ်က္မိပါတယ္္”

“ခ်ယ္ဆီးအသင္းဟာ သက္ဆုိင္ရာစည္းမ်ဥ္းေတြနဲ႔အညီ ျပဳမူခဲ့တာျဖစ္ၿပီး မၾကာမီအခ်ိန္အတြင္း ပိတ္ဆုိ႔မႈနဲ႔ပတ္သက္ၿပီး ဖီဖာကို အယူခံဝင္သြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားခဲ့ပါတယ္။

(Unicode)

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အပြောင်းအရွှေ့စျေးကွက် ၂ ကြိမ်ပိတ်ပင်မယ်ဆိုတဲ့ ဖီဖာရဲ့ပြောကြားချက်ကို ကဏ္ဍတစ်ခုချင်းစီချေပပြီး အယူခံဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့မှာ ချယ်ဆီးအသင်းဟာ လူငယ်ကစားသမား ၂၉ ဦးရဲ့အပြောင်းအရွှေ့မှာ ဖီဖာရဲ့စည်းမျဉ်းအပိုင်း ၁၉ ကို ချိုးဖောက်ခဲ့ကြောင်းနဲ့ နောက်ထပ် ခေါ်ယူမှု ၂ ခုမှာလည်း အပိုင်း ၁၈ ကို ချိုးဖောက်ခဲ့တာကြောင့် ချယ်ဆီးအသင်းကို ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေဟာ အစပိုင်းမှာ ကစားသမား ၉၂ ဦးနဲ့ ဆက်နွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ လာမယ့် အပြောင်းအရွှေ့ရာသီ ၂ ခုအထိ ကစားသမားသစ်ခေါ်ယူခွင့်ရရှိမှာမဟုတ်ဘဲ ဒဏ်ကြေးငွေအဖြစ် ဆွစ်ဖရန့်ငွေ ၆၀၀၀၀၀ တပ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချယ်ဆီးအသင်းဟာ ဖီဖာရဲ့စစ်ဆေးတွေ့ရှိမှုကို ဝေဖန်ခဲ့ပြီး ထုတ်ပြန်ကြေညာချက်ထဲမှာ ဖီဖာရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာဖြစ်ကြောင်းနဲ့ အလွန်အမင်းစိတ်ပျက်မိကြောင်း ကြေညာခဲ့ပါတယ််။
“ချယ်ဆီးအသင်းအနေနဲ့ ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့တွေ့ရှိမှုကို ကဏ္ဍတစ်ခုချင်းစီအလိုက် ချေပသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာဖြစ်ပါတယ်”
“အသင်းအနေနဲ့ လူငယ်ကစားသမားတွေရဲ့လုံခြုံမှုနဲ့ပတ်သက်တဲ့ ဖီဖာရဲ့လုပ်ဆောင်ချက်တွေကို လေးစားတာကြောင့် အခုကိစ္စကို အလေးအနက်ထားပေးဖို့ ဆုတောင်းပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာလည်း ဖီဖာနဲ့ အပြည့်အဝပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်”
“အစပိုင်းမှာ ချယ်ဆီးအသင်းဟာ ကစားသမား ၉၂ ဦးနဲ့ဆက်နွယ်ပြီး အပိုင်း ၁၉.၁၊ ၁၉.၃ အောက်မှာ စွပ်စွဲခံခဲ့ရပါတယ်”
“အဲဒီကစားသမားတွေထဲက ၆၃ ဦးနဲ့ပတ်သက်ပြီး စည်းမျဉ်းချိုးဖောက်မှုမရှိခဲ့ဘူးလို့ ဖီဖာက လက်ခံခဲ့တဲ့အချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့ ကျန်တဲ့ ကစားသမား ၂၉ ဦးနဲ့ဆက်နွယ်တဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး အသင်းရဲ့တင်ပြချက်ကို ဖီဖာက လက်မခံခဲ့တဲ့အတွက် အလွန်အမင်းစိတ်ပျက်မိပါတယ််”
“ချယ်ဆီးအသင်းဟာ သက်ဆိုင်ရာစည်းမျဉ်းတွေနဲ့အညီ ပြုမူခဲ့တာဖြစ်ပြီး မကြာမီအချိန်အတွင်း ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ဖီဖာကို အယူခံဝင်သွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားခဲ့ပါတယ်။

635 Shares