အာဆင်နယ် အသင်း နည်းပြ ၀င်းဂါး – ၂၂ နှစ်ကြာခဲ့ပြီးမှ ထွက်ခွာ ခြင်းက ထူးဆန်းနေပါလိမ့်မယ်။

 

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးက နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းဟာ ထူးဆန်းနေပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဟတ်ဒါဖီးလ်တောင်းက ပွဲစဉ်ဟာ ၂၂ နှစ်တာ ကာလတွင်း သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ပဲဖြစ်ပါတယ်။

ဝင်းဂါးက “အဲ့ဒါ က အရမ်းထူးဆန်းပါတယ်။ ၀မ်းနည်းစရာကောင်းတယ်လို့လည်း ပြောလို့ရပေမဲ့ တခြားဘက် ကြည့်ရင်တော့ ၂၂ နှစ်တောင် ကိုင်တ၊ွယ် နည်းပြ ခွင့်ရခဲ့တာပဲ မဟုတ်လား။  ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။

ကျွန်တော် ဒီမှာ အလုပ်လုပ်နေသရွေ့ ကျွန်တော့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် နောက်ဆုံး မိနစ်အထိ ကြိုးစားသွားမှာပါ။ ပြီးရင်တော့ အနာဂတ် အတွက် တွေးတော ရမှာပါ။

ခများတို့ရှေ့မှာ ဟတ်ဒါးဖီးလ် နဲ့ ပွဲအတွက် ထိုင်နေရတာဟာ ကျွန်တော့ရဲ့ နောက်ဆုံး စာနယ်ဇင်း ရှင်းလင်းပွဲလို့တော့ ကျွန်တော်မထင်ပါဘူး။

သူ့ရဲ့ ခွဲခွာ မှု အတွက် စိတ်မကောင်း ဖြစ်သလားဆိုတဲ့ အမေးကိုတော့ ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေကိုသာ ထိန်းချုပ် မထားနိုင်ခဲ့ရင် အခုလို အခြေအနေတောင် ရောက်လာနိုင်မှာမဟုတ်ပါဘူး။

ကျွန်တော် ဒီက ပြီးရင်တော့ ကျွန်တော့် ကိုယ် ကျွန်တော် ပြန်လည် ဆက်သွယ်နိုင်ပြီးတော့ ကျွန်တော် အစစ်အမှန်ပုံ သဏ္ဍန်ကို ပြန်လည်ရရှိနိုင်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

သူက “ကျွန်တော့် နောက်မှာ ဖြစ်လာမဲ့ အရာတွေ အတွက် ဂုဏ်ယူနိုင်လောက်တဲ့ အသင်းကို စွန့်ခွာနိုင်ပါတယ်။ ကျွန်တော့်နောက်က ရောက်လာမဲ့ နည်းပြ အတွက် ကောင်းမွန်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အခြေအနေတွေ ရှိပါတယ်။ ကျွန်တော်ဟာ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာနဲ့တင်ပဲ ဂုဏ်ယူမိပါတယ်” လို့ ထပ်မံ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *