အက်သလက်တီကိုနောက်ခံလူ ဟာနန်ဒက်ဇ်ကို ကမ်းလှမ်းမယ့် မန်ယူ

မန်ယူအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အက်သလက်တီကို နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ရှိနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဘယ်နောက်ခံလူနဲ့ ဗဟိုနောက်ခံလူအဖြစ် ကစားနိုင်တဲ့ လူးကပ်ဟာနန်ဒက်ဇ်ကို နည်းပြမော်ရင်ဟိုက ခံစစ်ကြောင်း ပြဿနာ ဖြေရှင်းပေးနိုင်မယ့် ကစားသမားလို့ သတ်မှတ်ထားပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခံစစ်ပိုင်းအားဖြည့်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ဗဟိုခံစစ်မှူးတစ်ဦးမျှ အားဖြည့်နိုင်ခဲ့ခြင်းမရှိပါဘူး။
မန်ယူဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၄ ဂိုး ပေးထားရပါတယ်။ လူးကပ်ဟာနန်ဒက်ဇ်နဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုထားတဲ့ စာချုပ်မှာ လျှော်ကြေး ပေါင်သန်း ၇၀ ပေးမှ ခေါ်ယူခွင့်ရမယ်ဆိုတဲ့အချက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် သူက ရီးရဲလ်ကို ပြောင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ လူးကပ်ဟာနန်ဒက်ဇ်ကို မန်စီးတီးကလည်း ကမ်းလှမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ အသင်းအတွက် ၉၃ ပွဲ ကစားထားသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *