သတိရခြင်းများစွာနဲ့ ဗီဗီယန်ဖိုး

ဘောလုံးကစားကွင်းထဲတွင် ဝမ်းနည်းဖို့အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်သော မာခ့်ဗီဗီယန်ဖိုးသေဆုံးခြင်းကို ၂၀၀၃ ခုနှစ်တွင်မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ကင်မရွန်းလက်ရွေးစင် ကွင်းလယ်လူဟာ ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင်ကိုလံဘီယာအသင်းနဲ့ယှဉ်ပြိုင်နေသောပွဲ၌ နိုင်ငံအသင်းအတွက်ကစားပေးနေစဉ် ၇၂ မိနစ်မှာကွင်းလယ်ဗဟိုစက်ဝိုင်းစီးထဲတွင် အရုပ်ကြိုးပျက်လဲကျသေဆုံးခဲ့ရသည်။ ၎င်းကိုပြန်လည်နိုးထလာအောင်ကြိုးစားခြင်း၊ ကွင်းထဲတွင် ပါးစပ်ခြင်းတေ့ကာအောက်ဆီဂျင်ပေးခြင်းတို့ကိုကြိုးစားခဲ့ပြီးနောက် အသက် ၂၈ နှစ်အရွယ်ကစားသမားအား ထမ်းစင်နဲ့သယ်ထုတ်သွားခဲ့သည်။
ဆေးဘက်ဆိုင်ရာတွေနဲ့ ၄၅ မိနစ်ကြာအောင် သူ့ရဲ့အသက်ကိုကယ်တင်နိုင်အောင်အချိန်ယူခဲ့ပါတယ်။ သို့သော်လည်း သူဟာအသက်ရှင်နေရုံမျှသာဖြစ်နေခဲ့ပါတယ်။ Gerland ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီးနောက် မကြာမီအတောအတွင်းမှာပဲ သူဟာသေဆုံးသွားခဲ့သည်။ ဖိုးအား လိုင်ယွန်အသင်းကပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ဒါပေမယ့် အင်္ဂလန်မန်ချက်စတာစီးတီးအသင်းတွင် အငှားဖြင့်သွားရောက်ကစားနေခဲ့ပါတယ်။ ဘာက ဗီဗီယန်ဖိုးရဲ့သေဆုံးခြင်းကိုဖြစ်ပွားစေခဲ့တာလဲ ? ပထမဆုံးအလောင်းခွဲစိတ်ခြင်းတွင်သေဆုံးခြင်းအတွက် တိကျသောအဖြစ်ကိုမဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယအကြိမ်အလောင်းခွဲစိတ်ခြင်းတွင် ဖိုးဟာသဘာဝအလျောက်အဖြစ်အပျက်ကြောင့်သေဆုံးခြင်းဆိုတာ သိခဲ့ရသည်။
နှလုံးနဲ့ပက်သက်တဲ့အခြေအနေတစ်ခုကြောင့် သူရဲ့သေဆုံးခြင်းဟာဖြစ်ပွားခဲ့ရပါတယ်။ အစိုးရရှေ့နေ ဇာဗီယားရီချာခ်ျက ” ဖိုးဟာ ဘယ်ဘက်နှလုံးသွေးကြောတွင် cardiomyopathy hypertrophia ပုံမှန်မဟုတ်ဘဲကြီးထွားနေတာကနေ ဝေဒနာခံစားခဲ့ရတာပါ။ ဒီရောဂါကို ပြင်းထန်တဲ့လှုပ်ရှားမူကပြန်လည်ကြွလာစေသည်ဟု ဇာဗီးယားကထင်ခဲ့သည်။ ဒီရောဂါက နှလုံးထဲကအဓိကကျတဲ့တုန့်ပြန်ချက်အပေါ်တွေကို မောင်းခလုတ်ဆွဲသလိုဖြစ်စေခဲ့ပါတယ် ” ဟုပြောခဲ့သည်။ ဖိုးဟာ အကောင်ကြီးပြီးယဉ်ကျေးတဲ့ကစားသမားတစ်ဦးဖြစ်ကာ ၁၉၉၉ တွင် ဟယ်ရီရက်နပ်က ဝက်စ်ဟမ်းအသင်းထံယူဆောင်လာခဲ့ခြင်းဖြစ်သည်။
#soenaywin

Leave a Reply

Your email address will not be published. Required fields are marked *