လီဗာပူးကို ပြောင်းဖို့ ဂျာဂန်ကလော့နဲ့ ဇီလင်စကီး ဆွေးနွေးခဲ့

လီဗာပူးကို ပြောင်းရွှေ့ဖို့အတွက် နည်းပြ ဂျာဂန်ကလော့နဲ့ စကားပြောခဲ့ဖူးတယ်လို့ နာပိုလီတောင်ပံကစားသမား ဇီလင်စကီးက ဝန်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အူဒီးနီးစ်ကနေ နာပိုလီအသင်းထံ ဇီလင်စကီး မပြောင်းခင် ဂျာဂန်ကလော့က သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

” ကျွန်တော် ခေါင်းအရမ်းရှုပ်ခဲ့ပါတယ်။ လီဗာပူးက အားလုံးအစီအစဉ်တကျ ဖြစ်အောင်လုပ်ခဲ့ပြီး နည်းပြ ဂျာဂန်ကလော့နဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ သူ့အသင်းအတွက် ကျွန်တော့်ကို ခေါ်ယူချင်တယ်လို့ ဂျာဂန်ကလော့က ပြောပါတယ်။ ကျွန်တော့်အတွက် နောက်ထပ်ကမ္ဘာကြီးတစ်ခု တွေ့မြင်ခဲ့ရတာပါ။ သူနဲ့တွေ့ပြီး ပြန်လာတဲ့နောက်မှာ ကျွန်တော့်ခေါင်း ပိုရှုပ်ထွေးခဲ့ပါတယ်”လို့ ဇီလင်စကီးက ပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဇီလင်စကီးက နာပိုလီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အခုချိန်မှာ နာပိုလီအသင်း ကွင်းလယ်မှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *