ရီးရဲယ်မက်ဒရစ်ကို နေမာ ပြောင်းရွှေ့ခြင်းဟာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလိမ့်မယ်လို့ မက်ဆီပြောခဲ့

အာဂျင်တီးနား ကြယ်ပွင့်က လာမဲ့ ရာသီမှာ ရီးရဲယ် အသင်းကို သူ့သူငယ်ချင်း ပြောင်းရွေ့မှာကို မမြင်ချင်ဘူးလို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်စီက တကယ်လို့ သူ့ရဲ့ အသင်းဖော်ဟောင်း နေမာသာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကြောက်စရာ ကောင်းလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ နွေရာသီက PSG အသင်းကို ယူရို ၂၂၂ သန်းဖြင့် ရောက်ရှိခဲ့ပေမဲ့ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်မှာ မပျော်ရွှင်တော့ပဲ မန်ချက်စတာယူနိုက်တက် အသင်း၊ ရီးရဲယ်မက်ဒရစ် အသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေပါတယ်။

မက်ဆီက သူ့သူငယ်ချင်း အနေနဲ့ ဘာစီလိုနာ အသင်းရဲ့ ပြိုင်ဘက် အသင်းဆီကို ပြောင်းရွှေ့မှာကို မြင်တွေ့နိုင်ဖို့ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

“နေမာက ဘာစီလိုနာ အသင်းဆီကို အဓိပ္ပါယ်သက်ရောက်မှုတွေ အားလုံးကြောင့် ကြောက်စရာကောင်းနေပါလိမ့်မယ်။နေမာရဲ့ ဘာစီလိုနာ အသင်းက အချိန်တွေက ကုန်ဆုံးခဲ့ပြီးပြီ ဆိုပေမဲ့ သူက ဒီမှာ အရေးကြီးတဲ့ ဆုတံဆိပ်တွေ ရခဲ့ပါတယ်။

သူက ချန်ပီယံလိဂ်ရော လာလီဂါပါ ရယူနိုင်ခဲ့ပါတယ်။ တကယ်လို့သူသာ မက်ဒရစ် အသင်းကိုရောက်သွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘာစီလိုနာ အသင်းက လူ အားလုံးအတွက် ခက်ခဲကြမ်းတမ်းသွားစေပါလိမ့်မယ်။ ပြီးတော့ ဘောလုံးလောကမှာ ရီးရဲယ်အသင်းရဲ့ ရှိလက်စ အနေအထားထက်တောင်ပိုပြီး သန်မာသွားပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ နဲ့ ကူပါဒယ်ရေး မှာ အနိုင်ရခဲ့ပေမဲ့ မက်ဒရစ်အသင်းဟာလည်း ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်အတွက် မေလ ၂၆ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *