ရိုးမားေနာက္ခံလူအတြက္ စာခ်ဳပ္ပါေလ်ာ္ေၾကးေပးေခ်မယ္လို႔ သတင္းထြက္ေနတ့ဲ ယူႏိုက္တက္ နဲ႔ အျခားေသာ နံနက္ခင္းသတင္းမ်ား

အာဆင္နယ္နဲ႔ယူႏုိက္တက္အသင္းတုိ႔ဟာ ေအဂ်က္စ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား ေဒးဗစ္နီရက္စ္ကို ေခၚယူဖို႔ အၿပိဳင္အဆုိင္ျဖစ္ေနၾကတယ္လို႔ သိရွိရပါတယ္။ ေျပာင္းေရႊ႕ေၾကး ေပါင္ (၄၅) သန္းတန္တ့ဲ အဆုိပါ ဘရာဇီးကစားသမားကုိ အဲဗာတန္ ခ်ဲလ္ဆီးအသင္းတုိ႔ကလည္း စိတ္ဝင္စားလ်က္ရွိပါတယ္။

လိုက္ဇစ္ပ္အသင္းဟာ စပါးအသင္းရဲ႕ လူငယ္ကစားသမားေလး တိုနီပါေရာ့ကို ေခၚယူႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနေၾကာင္း သိရွိရပါတယ္။ လိုက္ဇစ္ပ္အသင္းဟာ အဂၤလန္ ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားရဲ႕ လူငယ္ကစားသမားအမ်ားအျပားကုိ ေခၚယူဖုိ႔ ေစာင့္ၾကည့္ေနၿပီး လက္ရွိအခ်ိန္မွာေတာ့ စပါးအသင္းႀကီးအတြက္ တစ္ပြဲမွ ပြဲထြက္ကစားခြင့္ရရွိထားျခင္းမရွိေသးတ့ဲ တိုနီပါေရာ့ကို ေခၚယူရန္ စိတ္ဝင္စားေနတာလည္း ျဖစ္ပါတယ္။

ရိုးမားအသင္းရဲ႕ အားကစားဒါရို္က္တာျဖစ္သူ မတ္ဆာရာကေတာ့ အသင္းရဲ႕ တုိက္စစ္မွဴး ဂ်က္ကိုအား စာခ်ဳပ္သစ္ခ်ဳပ္ဆုိရန္ ဆႏၵရွိေနေၾကာင္း သိရွိရပါတယ္။ မတ္ဆာရာဟာ အသင္းပိုင္ရွင္ ပါေလာ့တာနဲ႔ေတြ႔ဆံုဖို႔ ရွိၿပီး ဂ်က္ကိုအား စာခ်ဳပ္သစ္ခ်ဳပ္ဆုိရန္ကိစၥကို ဦးစားေပး ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

ဘာစီလုိနာအသင္းကေန အာဆင္နယ္အသင္းကုိ အငွားနဲ႔ လာေရာက္ကစားေနတ့ဲ ဒင္းနစ္ဆြာရက္ဇ္ဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ အာဆင္နယ္အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ရန္ ကိစၥမ်ား ေႏွာင့္ေႏွးဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ ဒင္းနစ္ဆြာရက္ဇ္ဟာ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ အသင္းကို ေျခာက္လ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတာျဖစ္ၿပီး ေပါင္ၿခံဒဏ္ရာေၾကာင့္ မတ္လ (၁၀) ရက္ေန႔ေနာက္ပိုင္း ကစားခ့ဲတ့ဲ ပြဲစဥ္ေတြထဲက (၆) ပြဲသာ လူစားဝင္ကစားခြင့္ရရွိခ့ဲပါတယ္။

အင္တာမီလန္အသင္းဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ မေရမရာျဖစ္ေနတ့ဲ ကြင္းလယ္ကစားသမား ဂြန္ဒိုဂန္ကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။ ဂြန္ဒိုဂန္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတုိးလုိေၾကာင္း နည္းျပ ဂြါဒီယိုလာကုိယ္တိုင္က အတည္ျပဳေပးထားၿပီး အင္တာမီလန္အသင္းအေနနဲ႔ ဂြန္ဒိုဂန္ကုိ ေခၚယူဖုိ႔ ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၆) သန္း အသံုးျပဳရဖြယ္ရွိေနပါတယ္။

ယူႏုိက္တက္အသင္းဟာ ရိုးမားအသင္းရဲ႕ ဗဟိုေနာက္ခံလူ မာႏုိလက္စ္္အတြက္ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ (၃၁) သန္းကုိ ေပးေခ်ရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ယူႏုိက္တက္အသင္းဟာ မာႏုိလက္စ္ကုိ ကာလရွည္ စိတ္ဝင္စားခ့ဲျခင္းျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း မာႏုိလက္စ္ကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းျပျဖစ္လာႏုိင္တ့ဲ နည္းျပမ်ားစာရင္းထဲတြင္ ဝက္ဖုိ႔ဒ္အသင္းနည္းျပ ဂ်ာဗီဂါစီယာလည္း ပါဝင္လာၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ဆာရီတို႔ အနာဂတ္ေရွ႕ဆက္ဖို႔ ေသခ်ာေရရာျခင္းမရွိေသးတ့ဲ အေနအထားမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အခုလုိပဲ နည္းျပသစ္မ်ားနဲ႔ ပတ္သက္လို႔ သတင္းမ်ားထြက္ေပၚေနတာလည္း ျဖစ္ပါတယ္။

စပါးအသင္းဟာ ဆမ္ဒုိးရီးယားအသင္းရဲ႕ ဗဟိုေနာက္ခံလူ ဂ်ိဳအာခ်င္အန္ဒါဆန္ကို ေခၚယူရန္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္းသိရွိရပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အဆုိပါ ေနာက္ခံလူဟာ ၿပီးခ့ဲတ့ဲ (၂၀၁၇) ခုႏွစ္ကမွ တြမ္တီးအသင္းကေန ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး ၿပီးခ့ဲတ့ဲ အပတ္က ကစားခ့ဲတ့ဲ ဆမ္ဒိုးရီးယားအသင္းနဲ႔ဂ်ီႏိုအာအသင္းတို႔ပဲြစဥ္မွာလည္း စပါးကင္းေထာက္မ်ားက အန္ဒါဆန္ရဲ႕ ေျခစြမ္းကို သြားေရာက္ေစာင့္ၾကည့္ခ့ဲၾကတယ္လုိ႔ သိရွိရပါတယ္။

Unicode

အာဆင်နယ်နဲ့ယူနိုက်တက်အသင်းတို့ဟာ အေဂျက်စ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဒေးဗစ်နီရက်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ဖြစ်နေကြတယ်လို့ သိရှိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းတန်တဲ့ အဆိုပါ ဘရာဇီးကစားသမားကို အဲဗာတန် ချဲလ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

လိုက်ဇစ်ပ်အသင်းဟာ စပါးအသင်းရဲ့ လူငယ်ကစားသမားလေး တိုနီပါရော့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရှိရပါတယ်။ လိုက်ဇစ်ပ်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်းများရဲ့ လူငယ်ကစားသမားအများအပြားကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လက်ရှိအချိန်မှာတော့ စပါးအသင်းကြီးအတွက် တစ်ပွဲမှ ပွဲထွက်ကစားခွင့်ရရှိထားခြင်းမရှိသေးတဲ့ တိုနီပါရော့ကို ခေါ်ယူရန် စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ မတ်ဆာရာကတော့ အသင်းရဲ့ တိုက်စစ်မှူး ဂျက်ကိုအား စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ မတ်ဆာရာဟာ အသင်းပိုင်ရှင် ပါလော့တာနဲ့တွေ့ဆုံဖို့ ရှိပြီး ဂျက်ကိုအား စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စကို ဦးစားပေး ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဘာစီလိုနာအသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဒင်းနစ်ဆွာရက်ဇ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ရန် ကိစ္စများ နှောင့်နှေးဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒင်းနစ်ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကို ခြောက်လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပေါင်ခြံဒဏ်ရာကြောင့် မတ်လ (၁၀) ရက်နေ့နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေထဲက (၆) ပွဲသာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မရေမရာဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ဂွန်ဒိုဂန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးလိုကြောင်း နည်းပြ ဂွါဒီယိုလာကိုယ်တိုင်က အတည်ပြုပေးထားပြီး အင်တာမီလန်အသင်းအနေနဲ့ ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် (၂၆) သန်း အသုံးပြုရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းရဲ့ ဗဟိုနောက်ခံလူ မာနိုလက်စ်အတွက် စာချုပ်ပါလျော်ကြေး ပေါင် (၃၁) သန်းကို ပေးချေရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ မာနိုလက်စ်ကို ကာလရှည် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း မာနိုလက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

ချဲလ်ဆီးအသင်းနည်းပြဖြစ်လာနိုင်တဲ့ နည်းပြများစာရင်းထဲတွင် ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂါစီယာလည်း ပါဝင်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။ ချဲလ်ဆီးအသင်းနဲ့ဆာရီတို့ အနာဂတ်ရှေ့ဆက်ဖို့ သေချာရေရာခြင်းမရှိသေးတဲ့ အနေအထားမှာ ချဲလ်ဆီးအသင်းအနေနဲ့ အခုလိုပဲ နည်းပြသစ်များနဲ့ ပတ်သက်လို့ သတင်းများထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ဆမ်ဒိုးရီးယားအသင်းရဲ့ ဗဟိုနောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ကို ခေါ်ယူရန် စောင့်ကြည့်လျက်ရှိကြောင်းသိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ နောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်ကမှ တွမ်တီးအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဆမ်ဒိုးရီးယားအသင်းနဲ့ဂျီနိုအာအသင်းတို့ပွဲစဉ်မှာလည်း စပါးကင်းထောက်များက အန်ဒါဆန်ရဲ့ ခြေစွမ်းကို သွားရောက်စောင့်ကြည့်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

881 Shares