ယေန႕ေနာက္ဆံုးရ လွဳပ္လွဳပ္ရွားရွားအျေပာင္းအေရႊ႕ႏွင့္အျခားသတင္းတုိမ်ား(15.5.19)

၁။ ရန္းစ္ေတာင္ပံကစားသမား အစၥမာလီယာဆား အားေခၚဖို႕အာဆင္နယ္နဲ႕အျပိဳင္လက္စတာၾကိဳးပမ္း

သိရွိရတဲ့သတင္းေတြအရ အာဆင္နယ္အသင္းေခၚယူဖို႕ၾကိဳးစားေနတဲ့ ရန္းစ္ေတာင္ပံကစားသမား အစၥမာလီယာဆားအား လက္စတာစီးတီးအသင္းကပါ ေခၚယူဖို႕ၾကိဳးစားလာတယ္ဟုသိရသည္။ အသက္ ၂၁ ႏွစ္အရြယ္ ဆီနီေဂါလက္ေရြးစင္ဆားဟာ ဒီရာသီရန္းစ္အသင္းအတြက္ ၄၈ ပြဲကစားထားေပးခဲ့ရာတြင္ သြင္းဂိုး ၁၂ ဂိုးႏွင့္ ဖန္တီးေပးမူ ၁၁ ၾကိမ္ျပဳလုပ္ေပးထားႏုိင္ခဲ့ပါတယ္။ ကစားသမားအတြက္ တန္ေၾကးဟာ ေပါင္ ၂၅ သန္းခန္႕ရွိေနေၾကာင္းလည္းသိရသည္။

၂။ ယူႏုိက္တက္နဲ႕အတူေနဖို႕ ရီးရဲလ္မက္ဒရစ္အားပယ္ခ်ခဲ့ဟု အီဗရာဖြင့္ဟ

ေဘာလံုးကစားေနခ်ိန္အတြင္း ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းခြင့္အား ပယ္ခ်၍ မန္ခ်က္စတာယူႏုိက္တက္အသင္းတြင္ဆက္ရွိေနဖို႕အား ပတ္ထရစ္အီဗရာက ဖြင့္ဟထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ ၂၀၀၈ ခုႏွစ္တုန္းက ေျပာင္းဖို႕အခြင့္အေရးရခဲ့ေပမယ့္ ယူႏုိက္တက္နဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႕အား ေရြးခ်ယ္ခဲ့ပါတယ္။ အီဗရာက Sky Sports သို႕ ” ၂၀၀၈ ခုႏွစ္ခ်န္ပီယံလိဂ္ဖလားကို ကၽြန္ေတာ္တုိ႕ ဗိုလ္စြဲႏုိင္ခဲ့ခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕စာခ်ဳပ္သက္တမ္းဟာလည္း ကုန္ဆံုးေတာ့မွာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ၾကီးမားတဲ့အခြင့္အလမ္းႏွင့္ ပုိက္ဆံလည္းပိုေပးခဲ့ပါတယ္။ ယူႏုိက္တက္ကေန မထြက္ခြာဖို႕အား ကၽြန္ေတာ္ေရြးခ်ယ္ခဲ့ပါတယ္ ” ဟုေျပာျပသြားခဲ့သည္။

၃။ အက္လက္တီကိုကေန ထြက္ခြာဖို႕အတည္ျပဳလုိက္ျပီျဖစ္သည့္ ဂရစ္ဇ္မန္း

အက္လက္တီကိုမက္ဒရစ္အသင္းနဲ႕အတူ ၅ ႏွစ္ၾကာအတူရွိေနခဲ့ျပီးေနာက္ အသင္းကေနထြက္ခြာေတာ့မယ္လုိ႕ အန္တြိဳင္နီဂရစ္ဇ္မန္းက အတည္ျပဳခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ မႏွစ္ရာသီကတည္းက ဘာစီလိုနာအသင္းသို႕ေျပာင္းဖို႕ အရမ္းကိုနီးစပ္ခဲ့ျပီးမွ ပ်က္ျပယ္သြားခဲ့ပါတယ္။ Goal သတင္းရဲ႕ေဖာ္ျပမူအရ လာမည့္ ဇူလိုင္လ ၁ ရက္ေန႕တြင္ စာခ်ဳပ္ပါအခ်က္အရ ေပါင္ ၁၁၃ သန္းနဲ႕ အသင္းကေနထြက္ခြာႏုိင္မွာျဖစ္ပါတယ္။

၄။ အဲရစ္ဆင္ ရီးရဲလ္မက္ဒရစ္ထံေရာက္လာဖို႕ စီနီယာကစားသမားေတြေမွ်ာ္လင့္ေန

စပါးကြင္းလယ္လူ ခရစ္တီယန္အဲရစ္ဆင္အား ရီးရဲလ္မက္ဒရစ္ကေခၚယူဖို႕အတြက္ၾကိဳးစားေနပါတယ္။ ဒီအျေပာင္းအေရႊ႕ေႏြရာသီတြင္ အဲရစ္ဆင္ ရီးရဲလ္ထံေရာက္လာလိ့မ္မယ္လို႕ ရီးရဲလ္စီနီယာကစားသမားေတြက ယံုၾကည္ေနၾကပါတယ္။ သိရွိရတဲ့သတင္းေတြအရ စပါး ဥကၠ႒ ဒန္နီယဲလ္လီဗိုင္းက အဲရစ္ဆင္အား ေပါင္သန္း ၂၀၀ ရမွ ထြက္ခြာခြင့္ျပဳမယ္လုိ႕ အေလးအနက္ဆုိထားခဲ့ပါတယ္။ အသင္းရဲ႕ ေအာင္ျမင္ခဲ့သူ ကြင္းလယ္ကစားသမား လူကာမိုဒရစ္ရဲ႕ေနရာကိုအစားထိုးဖို႕အတြက္ အဲရစ္ဆင္ကို ရီးရဲလ္မက္ဒရစ္က အလုိရွိေနပါတယ္။ အဲရစ္ဆင္ရဲ႕ စပါးနဲ႕စာခ်ဳပ္သက္တမ္းဟာလည္း ေနာက္ဆံုးႏွစ္ထဲသို႕ စတင္ဝင္ေရာက္လာေနျပီျဖစ္ပါတယ္။

၅။ အာရြန္မြိဳင္းရဲ႕ေဈးႏွဳန္းကိုစံုစမ္းေနသည့္ ေဆာက္သမ္တန္

ဟတ္ဒါဖီးလ္စ္ကြင္းလယ္လူ အာရြန္မြိဳင္းရဲ႕ေဈးႏွဳန္းအား ေဆာက္သမ္တန္အသင္းက စံုစမ္းေနေၾကာင္းသိရပါတယ္။ စိန္႕နည္းျပ ဟက္ဆန္ဟတ္ကက ေနာက္ရာသီတြင္အသင္းရဲ႕ ကြင္းလယ္အားျမွင့္တင္ဖို႕အတြက္ ရွာေဖြမူေတြျပဳလုပ္ေနပါတယ္။ ၾသစေၾတးလ်လက္ေရြးစင္ကစားသမားဟာ အလားအလာရွိတဲ့ပစ္မွတ္အျဖစ္ သတ္မွတ္ထားျခင္းခံေနရခဲ့ရသည္။ The Sun သတင္းအရ ဟက္ဆန္ဟတ္ဟာ ဟတ္ဒါဖီးလ္စ္အသင္းနဲ႕ စကားေျပာဖို႕ အခြင့္အလမ္းအားရရွိခဲ့ျပီးျဖစ္တယ္လုိ႕ သိရသည္။ ဒီရာသီတြင္ အာရြန္မြိဳင္းအား ေခၚယူဖို႕အတြက္ နယူးကာဆယ္အသင္းက ၾကိဳးစားခဲ့ဖူးေသးပါတယ္။

၆။ အနာဂတ္ဟာ အာဆင္နယ္ရဲ႕လက္ထဲမွာပဲရွိတယ္လုိ႕ေျပာလုိက္သည့္ အိုေဇးလ္

အနာဂတ္ဟာ အာဆင္နယ္အသင္းရဲ႕ အုပ္ခ်ဳပ္ေရးဆုိင္ရာလက္ထဲတြင္ ရွိေနပါတယ္လို႕ မီဆြတ္အိုေဇးလ္က ေျပာလုိက္ပါတယ္။ နည္းျပ အူႏုိင္းအမ္မရီရဲ႕လက္ေအာက္တြင္ ေအာင္ျမင္မူရရွိဖို႕ရုန္းကန္ခဲ့ရျပီးေနာက္ ဂ်ာမန္ကြင္းလယ္လူဟာ ဒီလာမည့္ေႏြရာသီတြင္အသင္းကေနထြက္ခြာဖို႕အတြက္ အလားအလာရွိေနပါတယ္။ ဒါပေမယ့္ အိုေဇးလ္က DAZN သို႕ ” ထြက္ခြာဖို႕အတြက္လား ? ရိုးသားမူအခြင့္အေရးတစ္ခု ဒီလိုမ်ိဳးကိစၥမွာ ရွိေနတယ္လုိ႕ ကၽြန္ေတာ္မထင္ပါဘူး။ အာဆင္နယ္နဲ႕ ကၽြန္ေတာ့္ရဲ႕စာခ်ဳပ္သက္တမ္းဟာ ၂ ႏွစ္က်န္ရွိေနပါေသးတယ္။ ဘာေတြဆက္ျဖစ္လာမလဲဆုိတာဟာ ကၽြန္ေတာ့္ရဲ႕လက္ထဲမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႕ ေတြ႕ရမွာပါ။ ဒါေပမယ့္ အင္းမွာေနရတာကို ကၽြန္ေတာ္ဂုဏ္ယူေပ်ာ္ရႊင္ပါတယ္ ” ဟုေျပာသြားခဲ့သည္။

၇။ ေအဂ်က္စ္ၾကယ္ပြင့္နီးရက္စ္အားေခၚယူဖို႕ၾကိဳးစားေနသည့္ ပီအက္စ္ဂ်ီ

ဘရာဇီးလ္ေတာင္ပံကစားသမားအား အဲဗာတန္၊ အက္လက္တီကိုမက္ဒရစ္၊ ေအစီမီလန္ တုိ႕ကစိတ္ဝင္စားေနေၾကာင္းသိရသည္။ UOL Esporte သတင္းအရ ပီအက္္စ္ဂ်ီအသင္းဟာ ေအဂ်က္စ္ၾကယ္ပြင့္အား စတင္ဆြဲေဆာင္မူေတြျပဳလုပ္ေနေၾကာင္းသိရသည္။ ဒီေႏြရာသီတြင္ နီရက္စ္ဟာ ေနာက္ထပ္တစ္ေနရာေျပာင္းဖို႕အား အဆင္သင့္ျဖစ္ေနျပီျဖစ္ကာ ကစားသမားကိုေခၚယူဖို႕အတြက္ ျပင္သစ္ကလပ္အသင္းအေနနဲ႕ ေပါင္ ၄၃ သန္း ခန္႕ကုန္ၾကဖြယ္ရွိေနပါတယ္။

၈။ အက္လက္တီကိုမက္ဒရစ္ကြင္းလယ္လူ ရိုဒရီဂိုအားေခၚယူဖို႕ မန္စီးတီး၊ ဘာကာႏွင့္ဘုိင္ယန္တို႕ၾကိဳးစားေန

အက္လက္တီကိုမက္ဒရစ္ကြင္းလယ္လူ ရိုဒရီဂိုဟာနန္ဒက္စ္အား လက္မွတ္ထိုးေခၚယူႏုိင္ရန္အတြက္ မန္ခ်က္စတာစီးတီးအသင္းဟာ ဘာစီလိုနာႏွင့္ဘုိင္ယန္ျမဴးနစ္တုိ႕နဲ႕ အျပိဳင္ၾကိဳးစားေနေၾကာင္း Cadena SER သတင္းအရသိရသည္။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ဒီရာသီကုန္ရင္ ဂရစ္ဇ္မန္းနည္းတူ အသင္းကေနထြက္ခြာဖို႕ ရွိေနပါတယ္။ ရိုဒရီဂိုအား ေခၚယူဖို႕ ၾကိဳးစားေနတဲ့ ဒီကလပ္ ၃ သင္းစလံုးဟာ ကစားသမားရဲ႕ ေလ်ာ္ေၾကးအတြက္ ေပးေခ်ဖို႕လုိလားေနၾကပါတယ္။
#latest_news

Unicode
၁။ ရန်းစ်တောင်ပံကစားသမား အစ္စမာလီယာဆား အားခေါ်ဖို့အာဆင်နယ်နဲ့အပြိုင်လက်စတာကြိုးပမ်း
သိရှိရတဲ့သတင်းတွေအရ အာဆင်နယ်အသင်းခေါ်ယူဖို့ကြိုးစားနေတဲ့ ရန်းစ်တောင်ပံကစားသမား အစ္စမာလီယာဆားအား လက်စတာစီးတီးအသင်းကပါ ခေါ်ယူဖို့ကြိုးစားလာတယ်ဟုသိရသည်။ အသက် ၂၁ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ဆားဟာ ဒီရာသီရန်းစ်အသင်းအတွက် ၄၈ ပွဲကစားထားပေးခဲ့ရာတွင် သွင်းဂိုး ၁၂ ဂိုးနှင့် ဖန်တီးပေးမူ ၁၁ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ကစားသမားအတွက် တန်ကြေးဟာ ပေါင် ၂၅ သန်းခန့်ရှိနေကြောင်းလည်းသိရသည်။

၂။ ယူနိုက်တက်နဲ့အတူနေဖို့ ရီးရဲလ်မက်ဒရစ်အားပယ်ချခဲ့ဟု အီဗရာဖွင့်ဟ
ဘောလုံးကစားနေချိန်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းခွင့်အား ပယ်ချ၍ မန်ချက်စတာယူနိုက်တက်အသင်းတွင်ဆက်ရှိနေဖို့အား ပတ်ထရစ်အီဗရာက ဖွင့်ဟထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ပြောင်းဖို့အခွင့်အရေးရခဲ့ပေမယ့် ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အား ရွေးချယ်ခဲ့ပါတယ်။ အီဗရာက Sky Sports သို့ ” ၂၀၀၈ ခုနှစ်ချန်ပီယံလိဂ်ဖလားကို ကျွန်တော်တို့ ဗိုလ်စွဲနိုင်ခဲ့ချိန်မှာ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကြီးမားတဲ့အခွင့်အလမ်းနှင့် ပိုက်ဆံလည်းပိုပေးခဲ့ပါတယ်။ ယူနိုက်တက်ကနေ မထွက်ခွာဖို့အား ကျွန်တော်ရွေးချယ်ခဲ့ပါတယ် ” ဟုပြောပြသွားခဲ့သည်။

၃။ အက်လက်တီကိုကနေ ထွက်ခွာဖို့အတည်ပြုလိုက်ပြီဖြစ်သည့် ဂရစ်ဇ်မန်း
အက်လက်တီကိုမက်ဒရစ်အသင်းနဲ့အတူ ၅ နှစ်ကြာအတူရှိနေခဲ့ပြီးနောက် အသင်းကနေထွက်ခွာတော့မယ်လို့ အန်တွိုင်နီဂရစ်ဇ်မန်းက အတည်ပြုခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ မနှစ်ရာသီကတည်းက ဘာစီလိုနာအသင်းသို့ပြောင်းဖို့ အရမ်းကိုနီးစပ်ခဲ့ပြီးမှ ပျက်ပြယ်သွားခဲ့ပါတယ်။ Goal သတင်းရဲ့ဖော်ပြမူအရ လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် စာချုပ်ပါအချက်အရ ပေါင် ၁၁၃ သန်းနဲ့ အသင်းကနေထွက်ခွာနိုင်မှာဖြစ်ပါတယ်။

၄။ အဲရစ်ဆင် ရီးရဲလ်မက်ဒရစ်ထံရောက်လာဖို့ စီနီယာကစားသမားတွေမျှော်လင့်နေ
စပါးကွင်းလယ်လူ ခရစ်တီယန်အဲရစ်ဆင်အား ရီးရဲလ်မက်ဒရစ်ကခေါ်ယူဖို့အတွက်ကြိုးစားနေပါတယ်။ ဒီအြပောင်းအရွှေ့နွေရာသီတွင် အဲရစ်ဆင် ရီးရဲလ်ထံရောက်လာလိ့မ်မယ်လို့ ရီးရဲလ်စီနီယာကစားသမားတွေက ယုံကြည်နေကြပါတယ်။ သိရှိရတဲ့သတင်းတွေအရ စပါး ဥက္ကဋ္ဌ ဒန်နီယဲလ်လီဗိုင်းက အဲရစ်ဆင်အား ပေါင်သန်း ၂၀၀ ရမှ ထွက်ခွာခွင့်ပြုမယ်လို့ အလေးအနက်ဆိုထားခဲ့ပါတယ်။ အသင်းရဲ့ အောင်မြင်ခဲ့သူ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ရဲ့နေရာကိုအစားထိုးဖို့အတွက် အဲရစ်ဆင်ကို ရီးရဲလ်မက်ဒရစ်က အလိုရှိနေပါတယ်။ အဲရစ်ဆင်ရဲ့ စပါးနဲ့စာချုပ်သက်တမ်းဟာလည်း နောက်ဆုံးနှစ်ထဲသို့ စတင်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။

၅။ အာရွန်မွိုင်းရဲ့ဈေးနှုန်းကိုစုံစမ်းနေသည့် ဆောက်သမ်တန်
ဟတ်ဒါဖီးလ်စ်ကွင်းလယ်လူ အာရွန်မွိုင်းရဲ့ဈေးနှုန်းအား ဆောက်သမ်တန်အသင်းက စုံစမ်းနေကြောင်းသိရပါတယ်။ စိန့်နည်းပြ ဟက်ဆန်ဟတ်ကက နောက်ရာသီတွင်အသင်းရဲ့ ကွင်းလယ်အားမြှင့်တင်ဖို့အတွက် ရှာဖွေမူတွေပြုလုပ်နေပါတယ်။ သြစတြေးလျလက်ရွေးစင်ကစားသမားဟာ အလားအလာရှိတဲ့ပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းခံနေရခဲ့ရသည်။ The Sun သတင်းအရ ဟက်ဆန်ဟတ်ဟာ ဟတ်ဒါဖီးလ်စ်အသင်းနဲ့ စကားပြောဖို့ အခွင့်အလမ်းအားရရှိခဲ့ပြီးဖြစ်တယ်လို့ သိရသည်။ ဒီရာသီတွင် အာရွန်မွိုင်းအား ခေါ်ယူဖို့အတွက် နယူးကာဆယ်အသင်းက ကြိုးစားခဲ့ဖူးသေးပါတယ်။

၆။ အနာဂတ်ဟာ အာဆင်နယ်ရဲ့လက်ထဲမှာပဲရှိတယ်လို့ပြောလိုက်သည့် အိုဇေးလ်
အနာဂတ်ဟာ အာဆင်နယ်အသင်းရဲ့ အုပ်ချုပ်ရေးဆိုင်ရာလက်ထဲတွင် ရှိနေပါတယ်လို့ မီဆွတ်အိုဇေးလ်က ပြောလိုက်ပါတယ်။ နည်းပြ အူနိုင်းအမ်မရီရဲ့လက်အောက်တွင် အောင်မြင်မူရရှိဖို့ရုန်းကန်ခဲ့ရပြီးနောက် ဂျာမန်ကွင်းလယ်လူဟာ ဒီလာမည့်နွေရာသီတွင်အသင်းကနေထွက်ခွာဖို့အတွက် အလားအလာရှိနေပါတယ်။ ဒါပမေယ့် အိုဇေးလ်က DAZN သို့ ” ထွက်ခွာဖို့အတွက်လား ? ရိုးသားမူအခွင့်အရေးတစ်ခု ဒီလိုမျိုးကိစ္စမှာ ရှိနေတယ်လို့ ကျွန်တော်မထင်ပါဘူး။ အာဆင်နယ်နဲ့ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းဟာ ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဟာ ကျွန်တော့်ရဲ့လက်ထဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ့ရမှာပါ။ ဒါပေမယ့် အင်းမှာနေရတာကို ကျွန်တော်ဂုဏ်ယူပျော်ရွှင်ပါတယ် ” ဟုပြောသွားခဲ့သည်။

၇။ အေဂျက်စ်ကြယ်ပွင့်နီးရက်စ်အားခေါ်ယူဖို့ကြိုးစားနေသည့် ပီအက်စ်ဂျီ
ဘရာဇီးလ်တောင်ပံကစားသမားအား အဲဗာတန်၊ အက်လက်တီကိုမက်ဒရစ်၊ အေစီမီလန် တို့ကစိတ်ဝင်စားနေကြောင်းသိရသည်။ UOL Esporte သတင်းအရ ပီအက်စ်ဂျီအသင်းဟာ အေဂျက်စ်ကြယ်ပွင့်အား စတင်ဆွဲဆောင်မူတွေပြုလုပ်နေကြောင်းသိရသည်။ ဒီနွေရာသီတွင် နီရက်စ်ဟာ နောက်ထပ်တစ်နေရာပြောင်းဖို့အား အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ကစားသမားကိုခေါ်ယူဖို့အတွက် ပြင်သစ်ကလပ်အသင်းအနေနဲ့ ပေါင် ၄၃ သန်း ခန့်ကုန်ကြဖွယ်ရှိနေပါတယ်။

၈။ အက်လက်တီကိုမက်ဒရစ်ကွင်းလယ်လူ ရိုဒရီဂိုအားခေါ်ယူဖို့ မန်စီးတီး၊ ဘာကာနှင့်ဘိုင်ယန်တို့ကြိုးစားနေ
အက်လက်တီကိုမက်ဒရစ်ကွင်းလယ်လူ ရိုဒရီဂိုဟာနန်ဒက်စ်အား လက်မှတ်ထိုးခေါ်ယူနိုင်ရန်အတွက် မန်ချက်စတာစီးတီးအသင်းဟာ ဘာစီလိုနာနှင့်ဘိုင်ယန်မြူးနစ်တို့နဲ့ အပြိုင်ကြိုးစားနေကြောင်း Cadena SER သတင်းအရသိရသည်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဒီရာသီကုန်ရင် ဂရစ်ဇ်မန်းနည်းတူ အသင်းကနေထွက်ခွာဖို့ ရှိနေပါတယ်။ ရိုဒရီဂိုအား ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒီကလပ် ၃ သင်းစလုံးဟာ ကစားသမားရဲ့ လျော်ကြေးအတွက် ပေးချေဖို့လိုလားနေကြပါတယ်။
#latest_news