ယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုကို လွယ်လွယ်ကူကူနဲ့ မရေးပြနိုင်ဘူးလို့ ဆိုလိုက်တဲ့ လင်ဂတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ လင်ဂတ်က မီဒီယာတွေအနေနဲ့ တူရင်က ယူနိုက်တက်အသင်းရဲ့ အောင်ပွဲကို လွယ်လွယ်ကူကူနဲ့ ချရေးဖို့ မဖြစ်နိုင်ဘူးလို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့က တူရင်မြို့မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ပွဲကစားချိန် (၈၆) မိနစ်အထိ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခြင်းခံထားရပေမဲ့ မာတာရဲ့ ဖရီးကစ်ချေပဂိုး ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးတွေနဲ့ အတူ ပွဲအပြီးမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အံ့အားသင့်ဖွယ်ရာ ပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

လင်ဂတ်က “ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံအတွက်ရော နိုင်ပွဲရခဲ့တဲ့ အတွက်ရော ချန်ပီယံလိဂ်လို ပွဲကြီးတစ်ပွဲရဲ့ ဖိအားအောက်မှာ ကစားနိုင်ခဲ့တဲ့ အတွက် ကျေနပ်မိပါတယ်။ ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ လွယ်လွယ်ကူကူ မရေးသား မဖော်ပြနိုင်ပါဘူး။ ကျွန်တော်တို့က နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ပြီး အရင်ပွဲတချို့မှာလည်း အခုလိုမျိုး နောက်ကျဂိုးတွေနဲ့ ကျွန်တော်တို့ အနိုင်ရခဲ့ဖူးပါတယ်။ ဒီနိုင်ပွဲကြောင့် နောက်တစ်ပွဲအတွက် ယုံကြည်မှုတွေ ပိုရလာစေပြီး ကျွန်တော်တို့အနေနဲ့ ဒီပုံစံကို ဆက်ပြီးထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ခြုံငုံပြီးပြောရရင်တော့ ကျွန်တ်ာတို့ အသင်းက အကောင်းဆုံးကြိုးစားနေပြီး ယုံကြည်မှုတွေလည်း တိုးပွါးလာပါပြီ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ 

နောက်ဆက်တွဲသတင်းတွေအရ နယူးကာဆယ်နဲ့ ပွဲအပြီးဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ အရေးယူမှုတွေကနေ လွတ်မြောက်လာခဲ့တဲ့ မော်ရင်ဟိုကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ စုံစမ်းစစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပေမဲ့ အခုချိန်မှာတော့ မော်ရင်ဟိုအနေနဲ့ အမှုကနေ အရှင်းလွတ်မြောက်ခဲ့ပြီဖြစ်ပြီး မန်စီးတီးနဲ့ ပွဲမှာ ကွင်းအတွင်း ကြီးကြပ်ခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြမော်ရင်ဟိုဟာ ရုပ်သံကင်မရာကို ကြည့်ပြီး လက်အမူအရာတစ်ခုနဲ့ ရင့်ရင့်သီးသီးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလိုမျိုး စုံစမ်းစစ်ဆေးမှုတွေ ခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။

 

 

3K Shares

Leave a Reply

Your email address will not be published. Required fields are marked *