မာေနးအတြက္ ေျပာင္းေရႊ႕ေၾကးႀကီးႀကီးမားမား အသံုးျပဳဖုိ႔ ျပင္ဆင္ေနဆဲျဖစ္တ့ဲ ရီးရဲယ္မက္ဒရစ္

ရီးရဲယ္မက္ဒရစ္အသင္းဟာ သူတုိ႔ စိတ္ဝင္စားေနတ့ဲ လီဗာပူးအသင္းရဲ႕ေတာင္ပံကစားသမားျဖစ္သူ မာေနးအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၃၀) အထိ အသံုးျပဳသြားဖုိ႔ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ဆီနီေဂါလက္ေရြးစင္ကစားသမားျဖစ္သူ မာေနးဟာ ဒီရာသီမွာ လီဗာပူးအသင္းအတြက္ အထူးေျခစြမ္းျပ ကစားလ်က္ရွိၿပီး ပရီးမီးယားလိဂ္နဲ႔ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ (၂) ခုေပါင္းမွာ (၄၁) ပြဲကစားၿပီး (၂၁) ဂိုးသြင္းယူေပးထားႏုိင္တ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

စပိန္သတင္းစာတစ္ေစာင္ရဲ႕ ေဖာ္ျပခ်က္အရ ေပါ့ဘာ ဟာဇက္၊ အဲရစ္ဆင္တုိ႔ကိုလည္း စိတ္ဝင္စားေနတ့ဲ ရီးရဲယ္မက္ဒရစ္အသင္းဟာ နည္းျပ ဇီဒန္းရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္တ့ဲ မာေနးကို လာမယ့္ ေႏြရာသီမွာ ဦးစားေပးပစ္မွတ္ကစားသမားအျဖစ္ သတ္မွတ္ကာ ေခၚယူဖို႔ ႀကိဳးစားလာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ လီဗာပူးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အဓိက ေတာင္ပံကစားသမားကို ေရာင္းခ်ဖို႔ ဘယ္လိုပဲဲျငင္းဆန္ပါေစ၊ ရီးရဲယ္မက္ဒရစ္အသင္းကေတာ့ ေပါင္သန္း (၁၃၀) နဲ႔ အထက္ ေပးေခ်ၿပီး မာေနးကုိ ေခၚယူရန္ ႀကိဳးစားလာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

မာေနးဟာ မၾကာေသးခင္ကမွ အသင္းနဲ႔အတူ စာခ်ဳပ္သစ္မွာ လက္မွတ္ေရးထုိးခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ေပမယ့္ နည္းျပဇီဒန္း ရီးရဲယ္မက္ဒရစ္အသင္းကို ျပန္လည္ေရာက္ရွိလာခ်ိန္မွစတင္ကာ မာေနးနဲ႔ ရီးရဲယ္မက္ဒရစ္တုိ႔ရဲ႕ အေျပာင္းအေရႊ႕ပုံျပင္မ်ား ထြက္ေပၚလာခ့ဲတာျဖစ္ပါတယ္။ ဇီဒန္းဟာ သူ႔စိတ္ႀကိဳက္ကစားသမားတစ္ဦးျဖစ္တ့ဲ မာေနးကို ၿပီးခ့ဲတ့ဲ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၿပီးဆံုးခ်ိန္မွာတည္းက ေခၚယူဖုိ႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခ့ဲေပမယ့္ ဇီဒန္းအေနနဲ႔ ရီးရဲယ္မက္ဒရစ္အသင္းကေန ရုတ္တရက္ႏႈတ္ထြက္သြားခ့ဲတာေၾကာင့္ အေျပာင္းအေရႊ႕ ကိစၥရပ္မ်ား ရပ္ဆုိင္းသြားခ့ဲရတာလည္း ျဖစ္ပါတယ္။

အသက္ (၂၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ မာေနးဟာ လီဗာပူးအသင္းမွာသာ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟဝန္ခံထားဖူးၿပီး တနဂၤေႏြေန႔ညက ကစားခ့ဲတ့ဲ ခ်ဲလ္ဆီးအသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာလည္း အသင္းအတြက္ ဦးေဆာင္ဂုိးတစ္ဂုိးကို သြင္းယူေပးႏုိင္ခ့ဲပါေသးတယ္။ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ကို တက္ေရာက္ႏုိင္ခ့ဲျခင္းရဲ႕ အဓိက အေၾကာင္းရင္းကလည္း မာေနးေၾကာင့္ျဖစ္ၿပီး ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ ရင္ဆုိင္ခ့ဲရတ့ဲ ရံႈးထြက္ (၁၆) သင္းအဆင့္ပြဲစဥ္မွာ အသင္းအတြက္ အထူးေျခစြမ္းျပကစားကာ အႏုိင္ဂုိးႏွစ္ဂုိးသြင္းယူေပးႏုိင္ခ့ဲပါတယ္။

Unicode

ရီးရဲယ်မက်ဒရစ်အသင်းဟာ သူတို့ စိတ်ဝင်စားနေတဲ့ လီဗာပူးအသင်းရဲ့တောင်ပံကစားသမားဖြစ်သူ မာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) အထိ အသုံးပြုသွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ဆီနီဂေါလက်ရွေးစင်ကစားသမားဖြစ်သူ မာနေးဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် အထူးခြေစွမ်းပြ ကစားလျက်ရှိပြီး ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ် ပြိုင်ပွဲ (၂) ခုပေါင်းမှာ (၄၁) ပွဲကစားပြီး (၂၁) ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

စပိန်သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ ပေါ့ဘာ ဟာဇက်၊ အဲရစ်ဆင်တို့ကိုလည်း စိတ်ဝင်စားနေတဲ့ ရီးရဲယ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ မာနေးကို လာမယ့် နွေရာသီမှာ ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိကြောင်း သိရှိရပါတယ်။ လီဗာပူးအသင်းအနေနဲ့ သူတို့ရဲ့ အဓိက တောင်ပံကစားသမားကို ရောင်းချဖို့ ဘယ်လိုပဲငြင်းဆန်ပါစေ၊ ရီးရဲယ်မက်ဒရစ်အသင်းကတော့ ပေါင်သန်း (၁၃၀) နဲ့ အထက် ပေးချေပြီး မာနေးကို ခေါ်ယူရန် ကြိုးစားလာဖွယ်ရှိကြောင်း သိရှိရပါတယ်။

မာနေးဟာ မကြာသေးခင်ကမှ အသင်းနဲ့အတူ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် နည်းပြဇီဒန်း ရီးရဲယ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှစတင်ကာ မာနေးနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့ပုံပြင်များ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဇီဒန်းဟာ သူ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်တဲ့ မာနေးကို ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးဆုံးချိန်မှာတည်းက ခေါ်ယူဖို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပေမယ့် ဇီဒန်းအနေနဲ့ ရီးရဲယ်မက်ဒရစ်အသင်းကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့တာကြောင့် အပြောင်းအရွှေ့ ကိစ္စရပ်များ ရပ်ဆိုင်းသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ မာနေးဟာ လီဗာပူးအသင်းမှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟဝန်ခံထားဖူးပြီး တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အသင်းအတွက် ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ လီဗာပူးအသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းကလည်း မာနေးကြောင့်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ အသင်းအတွက် အထူးခြေစွမ်းပြကစားကာ အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

640 Shares