မန်နေဂျာ အစည်းအရုံးက ချီးမြှင့်တဲ့ ပရီးမီယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြ ဆု ကို ရရှိခဲ့တဲ့ ဂွာတီယိုလာ





unicode

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ခဲ့တာကြောင့် နည်းပြ ဂွာတီယိုလာ အနေနဲ့ လိဂ် မန်နေဂျာများ အစည်းအရုံး က ပေးအပ်တဲ့ ပရီးမီယားလိဂ် တနှစ်တာ အကောင်းဆုံးနည်းပြ ဆု ကို ရရှိခဲ့ပါတယ်။

ဂွာတီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ဒီရာသီမှာ ပရီးမီယားလိဂ် အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးထားသလို့ လိဂ်ဖလား ကိုလည်း ရယူပေးထားပြီး FA Cup မှာလည်း ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားကာ မန်စီးတီး အသင်း အနေနဲ့ ပထမဆုံးအကြိမ် အင်္ဂလန် ရဲ့ အဓိက ဆုဖလား ၃ ခုလုံး ကို ရယူနိုင်တဲ့ ပထမဆုံးသော ကလပ် အသင်းဖြစ်လာဖွယ်ရှိနေပါတယ်။

ဂွာတီယိုလာ အနေနဲ့ အဆိုပါ ဆု ကို လက်ခံ အပြီးမှာတော့ “ကျွန်တော် ဒီဆု ကို ရရှိခဲ့တဲ့ အတွက် အလွန်ဂုဏ်ယူရပါတယ် ကျွန်တော် အနေနဲ့ ဒီဆု ကို ကျွန်တော်အသင်းသား တွေနဲ့ အတူ မျှဝေချင်ပါတယ် ၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မပါပဲနဲ့ ကျွန်တော် တို့ ဒီလို အောင်မြင်မှုတွေ မရနိုင်ပါဘူး ဒါအပြင် အထူးသဖြင့် ဒီရာသီ စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့ အထူးသဖြင့် လီဗာပူးနည်းပြ ဂျာဂျင်ကလော့ ကို နည်းပြ မျိုးကိုကျော်ဖြတ် နိုင်ခဲ့တာ အရမ်း ဂုဏ်ယူဖို့ကောင်းပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုလို ကြီးမားတဲ့ အရာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်” လို့ပြောဆိုသွားခဲ့ပါတယ်။