မန္ယူႏိုက္တက္ကစားသမားမ်ားကို ေခၚယူသတိေပးမႈမ်ား ျပဳလုပ္ခဲ့တဲ့နည္းျပ ဆိုးလ္ရွား

မန္ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက အသင္း၏ အဓိကကစားသမားမ်ားျဖစ္ေသာ ေပါ့ဂ္ဘာ၊ မာရွယ္ႏွင့္ ရက္ရွ္ဖိုပဒ္ အစရွိသူမ်ားအား ေျခစြမ္းပိုင္းက်ဆင္းေနမႈႏွင့္ပတ္သတ္ျပီး တစ္ဦးခ်င္းစီေခၚယူကာ သတိေပးမႈမ်ားျပဳလုပ္ထားေၾကာင္း အဲဗာတန္ႏွင့္ပြဲစဥ္မတိုင္မီ ၀န္ခံေျပာၾကားခဲ့ပါတယ္။ မန္ယူႏိုက္တက္အသင္းသည္ ဆိုးလ္ရွားကိုင္တြယ္စ အေစာပိုင္းပြဲမ်ားတြင္ ရလဒ္မ်ားေကာင္းမြန္ခဲ့ေသာ္လည္း ေနာက္ဆံုးကစားခဲ့ေသာ ၇ ပြဲတြင္ ၅ ပြဲအထိ ရႈံးနိမ့္ခဲ့ျပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၃၄ အျပီးတြင္ အဆင့္ ၆ ေနရာ၌သာ ရပ္တည္ေနရာေသာေၾကာင့္ ရာသီကုန္ ထိပ္သီး ၄ သင္းစာရင္း၀င္ရန္ မေရမရာအေနအထားျဖစ္ေနလ်က္ရွိပါတယ္။ မန္ယူႏိုက္တက္သည္ တနဂၤေႏြေန႔ညတြင္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အဲဗာတန္ကို အေ၀းကြင္းတြင္ ရင္ဆိုင္ျပီးပါက မန္စီးတီးႏွင့္ ခ်ဲလ္ဆီးတို႔ကို အိမ္ကြင္းပြဲက်ပ္မ်ား အျဖစ္ ဆက္တိုက္ဆိုသလို ရင္ဆိုင္သြားရမည္ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္ ၃ ပြဲအျပီးတြင္ လက္က်န္ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲအျဖစ္ ဟက္ဒါဖီးလ္ကို အေ၀းကြင္း၊ ကာဒစ္ဖ္ကို အိမ္ကြင္း၌ ရင္ဆိုင္သြားရမည္ျဖစ္ပါတယ္။

“မန္ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာေရ ကြင္းအတြင္းမွာပါ လံုး၀ခိုကပ္ကစားလို႔မရပါဘူး။ လြန္ခဲ့တ့လ အနည္းငယ္မွာ အသင္းက ကစားသမားေတြရဲ႕ အေနအထားကို ကၽြန္ေတာ္ ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူတို႔အေၾကာင္းကို ကၽြန္ေတာ္ ေကာင္းေကာင္းသိေနပါျပီး အသင္းမွာရွိတဲ့ ကစားသမားအမ်ားစုက စြမ္းေဆာင္ရည္မဆိုးေပမယ့္ တခ်ိဳ႕ကစားသမားေတြကေတာ့ ပံုမွန္ေျခစြမ္းေကာင္းျပသဖို႔ လိုအပ္ေနပါတယ္။ အသင္းမွာရွိတဲ့ ကစားသမားအမ်ားစု ဟာ ဆက္လက္ၾကိဳးစားအားထုတ္မႈေတြ ျပဳလုပ္ေနမယ္ဆိုရင္ ဒီထက္ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္းေကာင္းကို ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။ မန္ယူအသင္းမွာ ကစားသမားေတြရဲ႕ အဆင့္အတန္းနဲ႔ပတ္သတ္လို႔ ခြဲျခားထားမႈမရွိပါဘူး။ မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ လူကာကူ၊ ဆန္းခ်က္ဇ္တို႔ကို ကၽြန္ေတာ့္ဘက္က တန္းတူအခြင့္အေရးေပးထားပါတယ္” ဟု ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

အဆိုပါကစားသမားထဲတြင္ မာရွယ္ဟာ တစ္ေယာက္အပါ၀င္ျဖစ္သလားဟု ဆိုးလ္ရွာအား ေမးျမန္းရာတြင္ ဆိုးလ္ရွားက ျပင္သစ္ကစားသမားဘက္က ကာကြယ္ျပီး “အန္တိုနီဟာ ၾကီးမားတဲ့ အရည္အေသြးေတြရွိတဲ့ကစားသမားတစ္ေယာက္ပါ။ သူဟာ စာခ်ဳပ္သစ္လက္ခ်ုပ္ဆိုထားျပီး ကၽြန္ေတ္ာတို႔ကလည္း သူ႔ကိုယံုတယ္ဆိုတာ သူသိပါတယ္။ ဒါေၾကာင့္ဆက္ျပီး ၾကိဳးစားေနယံုပါပဲ”မာရွယ္သည္ ေဖေဖာ္၀ါရီလကတည္းက ၄၅ မိနစ္ထက္ပိုျပီး ၅ ၾကိမ္သာ ပါ၀င္ကစားခဲ့ရျပီး ယခုႏွစ္အတြက္ ပရီးမီးယားလိဂ္ ၂ ဂိုးသာ သြင္းယူထားပါတယ္။

Unicode

မန်ယူနိုက်တက်ကစားသမားများကို ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့တဲ့နည်းပြ ဆိုးလ်ရှား

မန်ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်း၏ အဓိကကစားသမားများဖြစ်သော ပေါ့ဂ်ဘာ၊ မာရှယ်နှင့် ရက်ရှ်ဖိုပဒ် အစရှိသူများအား ခြေစွမ်းပိုင်းကျဆင်းနေမှုနှင့်ပတ်သတ်ပြီး တစ်ဦးချင်းစီခေါ်ယူကာ သတိပေးမှုများပြုလုပ်ထားကြောင်း အဲဗာတန်နှင့်ပွဲစဉ်မတိုင်မီ ဝန်ခံပြောကြားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းသည် ဆိုးလ်ရှားကိုင်တွယ်စ အစောပိုင်းပွဲများတွင် ရလဒ်များကောင်းမွန်ခဲ့သော်လည်း နောက်ဆုံးကစားခဲ့သော ၇ ပွဲတွင် ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အပြီးတွင် အဆင့် ၆ နေရာ၌သာ ရပ်တည်နေရာသောကြောင့် ရာသီကုန် ထိပ်သီး ၄ သင်းစာရင်းဝင်ရန် မရေမရာအနေအထားဖြစ်နေလျက်ရှိပါတယ်။ မန်ယူနိုက်တက်သည် တနင်္ဂနွေနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်ကို အဝေးကွင်းတွင် ရင်ဆိုင်ပြီးပါက မန်စီးတီးနှင့် ချဲလ်ဆီးတို့ကို အိမ်ကွင်းပွဲကျပ်များ အဖြစ် ဆက်တိုက်ဆိုသလို ရင်ဆိုင်သွားရမည်ဖြစ်ပါတယ်။ အဆိုပါပွဲစဉ် ၃ ပွဲအပြီးတွင် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲအဖြစ် ဟက်ဒါဖီးလ်ကို အဝေးကွင်း၊ ကာဒစ်ဖ်ကို အိမ်ကွင်း၌ ရင်ဆိုင်သွားရမည်ဖြစ်ပါတယ်။

“မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးကွင်းမှာရေ ကွင်းအတွင်းမှာပါ လုံးဝခိုကပ်ကစားလို့မရပါဘူး။ လွန်ခဲ့တ့လ အနည်းငယ်မှာ အသင်းက ကစားသမားတွေရဲ့ အနေအထားကို ကျွန်တော် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အခုချိန်မှာတော့ သူတို့အကြောင်းကို ကျွန်တော် ကောင်းကောင်းသိနေပါပြီး အသင်းမှာရှိတဲ့ ကစားသမားအများစုက စွမ်းဆောင်ရည်မဆိုးပေမယ့် တချို့ကစားသမားတွေကတော့ ပုံမှန်ခြေစွမ်းကောင်းပြသဖို့ လိုအပ်နေပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားအများစု ဟာ ဆက်လက်ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေမယ်ဆိုရင် ဒီထက်ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကောင်းကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ မန်ယူအသင်းမှာ ကစားသမားတွေရဲ့ အဆင့်အတန်းနဲ့ပတ်သတ်လို့ ခွဲခြားထားမှုမရှိပါဘူး။ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ လူကာကူ၊ ဆန်းချက်ဇ်တို့ကို ကျွန်တော့်ဘက်က တန်းတူအခွင့်အရေးပေးထားပါတယ်” ဟု ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

အဆိုပါကစားသမားထဲတွင် မာရှယ်ဟာ တစ်ယောက်အပါဝင်ဖြစ်သလားဟု ဆိုးလ်ရှာအား မေးမြန်းရာတွင် ဆိုးလ်ရှားက ပြင်သစ်ကစားသမားဘက်က ကာကွယ်ပြီး “အန်တိုနီဟာ ကြီးမားတဲ့ အရည်အသွေးတွေရှိတဲ့ကစားသမားတစ်ယောက်ပါ။ သူဟာ စာချုပ်သစ်လက်ချုပ်ဆိုထားပြီး ကျွန်တေ်ာတို့ကလည်း သူ့ကိုယုံတယ်ဆိုတာ သူသိပါတယ်။ ဒါကြောင့်ဆက်ပြီး ကြိုးစားနေယုံပါပဲ”မာရှယ်သည် ဖေဖော်ဝါရီလကတည်းက ၄၅ မိနစ်ထက်ပိုပြီး ၅ ကြိမ်သာ ပါဝင်ကစားခဲ့ရပြီး ယခုနှစ်အတွက် ပရီးမီးယားလိဂ် ၂ ဂိုးသာ သွင်းယူထားပါတယ်။