မန္ယူအသင္းဟာ ေပါ့ဂ္ဘာအတြက္ ေပါင္သန္း ၁၇၀ လိုခ်င္ေပမယ့္ ရီးရဲလ္ကအလုိက္ေပးကမ္းလွမ္းမည့္ ကရူးစ္ နဲ႔ ေဘးလ္ကို စိတ္၀င္စားျခင္းမရွိ

ရီးရဲလ္မက္ဒရစ္အသင္းတာ၀န္ရွိသူမ်ားသည္ မန္ယူႏိုက္တက္ႏွင့္ ေပါ့ဂ္ဘာအတြက္ ျဖစ္ႏိုင္ဖြယ္ရွိေသာ အေျပာင္းအေရႊ႕ကို စတင္ေဆြးေႏြးေျပာဆိုေနၾကျပီျဖစ္ေၾကာင္း UK အေျခစိုက္သတင္းစာျဖစ္ေသာ Independent မွ ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္သည္ ျပင္သစ္ကြင္းလယ္လူကို ထိန္းသိမ္းခ်င္ေပမယ့္လည္း ေ၀ဖန္ခံေနရေသာ အခ်က္အလက္မ်ားအရ အသင္းမွေရာင္းခ်ႏိုင္ဖြယ္ ရွိေနပါတယ္။ အဆိုပါသတင္းတြင္ ေဖာ္ျပခ်က္အရ သရဲနီတို႔သည္ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားအတြက္ ယူရိုသန္း ၁၇၀ ေက်ာ္အလိုရွိေနျပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း အဆိုပါေၾကးကို မေပးခ်င္ေနေသာေၾကာင့္ ေပါင္သန္း ၉၀ တန္ေၾကးရွိေသာ ကစားသမားတစ္ေယာက္အလိုက္ေပးဖြယ္ရွိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းရဲ႕ ေစ်းႏႈန္းျမင့္မားစြာသတ္မွတ္မႈေၾကာင့္ ေပါ့ဂ္ဘာရဲ႕ လုပ္အားခလည္း တိုးျမင့္လာဖြယ္ရွိျပီး ရီးရဲလ္သို႔ အေျပာင္းအေရႊ႕မွာ ရႈပ္ေထြးဖြယ္ရွိေနပါတယ္။ independent မွ အဆိုအရ ေပါ့ဂ္ဘာသည္ ကမာၻေပၚတြင္လစာအမ်ားျဖစ္ေသာ တစ္ပတ္ေပါင္ ၅ သိန္းအလိုရွိေနေၾကာင္းေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းသည္ ေပါ့ဂ္ဘာရဲ႕ ေစ်းႏႈန္းေပါင္သန္း ၁၇၀ နဲ႔ လစာေတာင္းဆိုမႈကို ေပးေခ်လိုဖြယ္မရွိေသာေၾကာင့္ စပိန္လာလီဂါကလပ္အသင္းသည္ တိုနီကရူးစ္ သို႔မဟုတ္ ဂါရတ္ေဘးလ္တစ္ေယာက္ေယာက္ကို အလိုက္ေပးကမ္းလွမ္းဖြယ္ရွိေနပါတယ။္ သို႔ေသာ္ သရဲနီတို႔သည္ အဆိုပါကစားသမားႏွစ္ေယာက္စလံုးကို စိတ္မ၀င္စားေၾကာင့္ ကိုလည္း Independent မွ ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္နည္းျပဇီဒန္းသည္ အသင္းကို ေနာက္ႏွစ္တြင္ ကစားသမားသစ္မ်ားနဲ႔ တည္ေထာင္လိုေနျပီး ေပါ့ဂ္ဘာကိုလည္း ဘာေနဗ်ဴးသို႔ ၾကိဳဆိုေနျပီး ခ်ဲလ္ဆီးၾကယ္ပြင့္ ဟာဇက္ကိုလည္း ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။

Unicode

မန်ယူအသင်းဟာ ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၁၇၀ လိုချင်ပေမယ့် ရီးရဲလ်ကအလိုက်ပေးကမ်းလှမ်းမည့် ကရူးစ် နဲ့ ဘေးလ်ကို စိတ်ဝင်စားခြင်းမရှိ

ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် မန်ယူနိုက်တက်နှင့် ပေါ့ဂ်ဘာအတွက် ဖြစ်နိုင်ဖွယ်ရှိသော အပြောင်းအရွှေ့ကို စတင်ဆွေးနွေးပြောဆိုနေကြပြီဖြစ်ကြောင်း UK အခြေစိုက်သတင်းစာဖြစ်သော Independent မှ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်သည် ပြင်သစ်ကွင်းလယ်လူကို ထိန်းသိမ်းချင်ပေမယ့်လည်း ဝေဖန်ခံနေရသော အချက်အလက်များအရ အသင်းမှရောင်းချနိုင်ဖွယ် ရှိနေပါတယ်။ အဆိုပါသတင်းတွင် ဖော်ပြချက်အရ သရဲနီတို့သည် အသက် ၂၆ နှစ်အရွယ်ကစားသမားအတွက် ယူရိုသန်း ၁၇၀ ကျော်အလိုရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း အဆိုပါကြေးကို မပေးချင်နေသောကြောင့် ပေါင်သန်း ၉၀ တန်ကြေးရှိသော ကစားသမားတစ်ယောက်အလိုက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ဈေးနှုန်းမြင့်မားစွာသတ်မှတ်မှုကြောင့် ပေါ့ဂ်ဘာရဲ့ လုပ်အားခလည်း တိုးမြင့်လာဖွယ်ရှိပြီး ရီးရဲလ်သို့ အပြောင်းအရွှေ့မှာ ရှုပ်ထွေးဖွယ်ရှိနေပါတယ်။ independent မှ အဆိုအရ ပေါ့ဂ်ဘာသည် ကမ္ဘာပေါ်တွင်လစာအများဖြစ်သော တစ်ပတ်ပေါင် ၅ သိန်းအလိုရှိနေကြောင်းဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသည် ပေါ့ဂ်ဘာရဲ့ ဈေးနှုန်းပေါင်သန်း ၁၇၀ နဲ့ လစာတောင်းဆိုမှုကို ပေးချေလိုဖွယ်မရှိသောကြောင့် စပိန်လာလီဂါကလပ်အသင်းသည် တိုနီကရူးစ် သို့မဟုတ် ဂါရတ်ဘေးလ်တစ်ယောက်ယောက်ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ။် သို့သော် သရဲနီတို့သည် အဆိုပါကစားသမားနှစ်ယောက်စလုံးကို စိတ်မဝင်စားကြောင့် ကိုလည်း Independent မှ ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းသည် အသင်းကို နောက်နှစ်တွင် ကစားသမားသစ်များနဲ့ တည်ထောင်လိုနေပြီး ပေါ့ဂ်ဘာကိုလည်း ဘာနေဗျူးသို့ ကြိုဆိုနေပြီး ချဲလ်ဆီးကြယ်ပွင့် ဟာဇက်ကိုလည်း ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။