မန်ယူအသင်းဟာ ကမ္ဘာ့အဆင့်ကစားသမားတွေမရှိမချင်း ပရီးမီးယားလိဂ်ကို ရရှိနိင်မှာ မဟုတ်

 

မန်ယူအသင်းဟာ လာမဲ့ 2018-19 ခုနှစ် မှာ ပိုကောင်းတဲ့ နေရာရရှိနိုင်ဖို့ အတွက် အခုနှစ်နွေရာသီမှာ ပိုပြီး ကြီးကြီးမားမား ပုံဖော်မှု လိုအပ်နေပါတယ်။

 

တကယ်လို့ တနင်္ဂနွေနေ့က ၁-၀ ဖြင့် ၀က်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကိုသာ သတ်မှတ်ထားတဲ့ အမြင့်တစ်နေရာကိုရောက်စေခဲ့မယ်ဆိုရင်တော့ ဟိုဆေး မော်ရင်ဟို အနေနဲ့ သူ့အသင်းကို အရည်အချင်း ထပ်မံ ဖြည့်စွက်ဖို့ အတွက် လိုအပ်နေတဲ့ အရာတွေကို နားလည် သိရှိစေနိုင်ပါလိမ့်မယ်။

ယူနိုက်တက် အသင်းဟာ နောက်ဆုံး အချိန်ထိ ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ ခွန်အား မရှိမှု ဟာတော့ လာမဲ့ နွေရာသီအတွင်းမှာ လုပ်စရာ ရှိတာတွေ မလုပ်ရင်တော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခု စီ သို့ တွန်းပို့ခဲ့ပါတယ်။

အက်ရှလေရန်း၊ အန်တိုနီယို ဗလန်စီယာ၊ ခရစ်စမောလင်း နဲ့ အန်ဒါ ဟာရေးရာတို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြပေါင်း များစွာနဲ့ လက်တွဲ အလုပ်လုပ် ခဲ့ကြပေမဲ့ သူတို့ဟာ လာမဲ့ 2018-2019 ခုနှစ်ရာသီမှာတော့ သူတို့ဟာ အရန် ရွေးချယ်မှု အနေနဲ့ မြင်တွေ့ရဖို့များနေပါတယ်။

“ချန်ပီယံရှစ်မှာ 38 ပွဲ ကျော်လာတဲ့နောက် အမှန်တရားဆိုတာဟာ ကိန်းဂဏန်းတွေရဲ့ အမှန်တရားဖြစ်လာခဲ့ပါတယ်။

ကိန်းဂဏန်းတွေရဲ့ အမှန်တရား ဆိုတာဟာလည်း ဒုတိယ နေရာနဲ့ ပဉ္စမ နေရာနဲ့ ကွာခြားချက်ဟာ 8 မှတ်ပဲ ရှိနေပြီး ပထမနဲ့ ဒုတိယ နေရာရဲ့ ကွာခြားချက်ကတော့ ၁၉ မှတ်တောင်ရှိနေတာပါပဲ။

ကျွန်တော်တို့က အဲ့ဒီ ကွာခြားချက်ကို တစ်ရာသီ တည်းနဲ့ နီးကပ်အောင်ပြုလုပ်နိုင်မှာလား ကျွန်တော်တို့ ကြိုးစားကြရမှာပါပဲ။ သူတို့လည်း ကြိုးစားဖို့ လိုအပ်ပါတယ်။

ချန်ပီယံတွေက ပြီးခဲ့တဲ့ ရာသီမှာ သူတို့ မတွေ့ကြုံခဲ့ရတဲ့ အရာတွေကို ထပ်တွေ့လာ်ုင်သေးတဲ့ အတွက် စီးတီး အသင်းဟာလည်း ကြိုးစားဖို့ လိုအပ်ပါတယ်။

တကယ်လို့သာ ပက်ဂွါတီယိုလာ ရဲ့ အသင်းဟာ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် 2008-2009 ခုနှစ်က ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အသင်းပြီးနောက် မှာ ပထမ အသင်းပဲ ဖြစ်လာပါလိမ့်မယ်” လို့ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *