မက္ဆီ ဟာ ဘလြန္းဒီေအာ္ဆု အတြက္ ထုိက္တန္ပါတယ္လို႕ ေထာက္ခံလို္က္တဲ့ အဂူရုိ

မန္စီးတီးအသင္း ရဲ႕ တုိက္စစ္မွဴး အဂူရုိ က Ballon D’or ဆုအတြက္ သူရဲ႕ ေရြးခ်ယ္မွဳဟာ နုိင္ငံအသင္းေဖာ္ျဖစ္တဲ့ ဘာစီလုိနာ တုိက္စစ္မွဴး မက္ဆီ အတြက္ပဲျဖစ္လိမ့္မယ္လို႕ ေျပာဆုိခဲ့ပါတယ္။

အဂူရုိ အေနနဲ႕ လက္ရွိ ခ်န္ပီယံလိဂ္ဖုိင္နယ္ ကို ေရာက္ရွိေနတဲ့ အသင္း က ကစားသမားေတြ ကို ေက်ာ္လြန္ျပီး မက္ဆီ သာ အဆုိပါဆု အတြက္ ရရွိဖို႕ ထုိက္တန္တယ္လို႕ ယံုၾကည္ေနတာျဖစ္ပါတယ္။ မက္ဆီ အေနနဲ႕ အခုရာသီမွာ ဘာစီလိုနာ အသင္းနဲ႕ အတူ လာလီဂါ အမွတ္ေပးဖလား ရရွိထားခဲ့ေပးမဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ အဆင့္မွ အဂၤလန္ကလပ္ လီဗာပူးအသင္းကို ႏွစ္ေက်ာ့ေပါင္း ၃ ဂုိး ၄ ဂုိး နဲ႕ ရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္း နဲ႕ အတူ ပရီမီးယားလိဂ္ ရရွိထားတဲ့ အဂူရုိ က “ကြ်န္ေတာ္ရဲ႕ေျပာၾကားခ်က္ကို ရွင္းလင္းဖို႕ လုိတယ္လို႕ေတာ့ ကြ်န္ေတာ္မခံစားရပါဘူး ၊ ကြ်န္ေတာ္အေနနဲ႕ မက္ဆီ ထက္ပိုျပီး ဘယ္သူမွ ဒီဆု ကို ရရွိဖို႕ ထိုက္တန္တယ္လို႕ မထင္ပါဘူး ၊ ဒီရာသီ ဘာစီလိုနာအသင္းအတြက္ မက္ဆီ ဘာလုပ္ေပးခဲ့လည္း ဆုိတာ အားလံုးသိၾကမွာပါ” လုိ႕ နုိင္ငံ အသင္းေဖာ္ မက္ဆီ ကို ေထာက္ခံ အားေပးလိုက္ပါတယ္။

unicode

မက်ဆီ ဟာ ဘလွန်းဒီအော်ဆု အတွက် ထိုက်တန်ပါတယ်လို့ ထောက်ခံလိုက်တဲ့ အဂူရို

မန်စီးတီးအသင်း ရဲ့ တိုက်စစ်မှူး အဂူရို က Ballon D’or ဆုအတွက် သူရဲ့ ရွေးချယ်မှုဟာ နိုင်ငံအသင်းဖော်ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ အတွက်ပဲဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အဂူရို အနေနဲ့ လက်ရှိ ချန်ပီယံလိဂ်ဖိုင်နယ် ကို ရောက်ရှိနေတဲ့ အသင်း က ကစားသမားတွေ ကို ကျော်လွန်ပြီး မက်ဆီ သာ အဆိုပါဆု အတွက် ရရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ အခုရာသီမှာ ဘာစီလိုနာ အသင်းနဲ့ အတူ လာလီဂါ အမှတ်ပေးဖလား ရရှိထားခဲ့ပေးမဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှ အင်္ဂလန်ကလပ် လီဗာပူးအသင်းကို နှစ်ကျော့ပေါင်း ၃ ဂိုး ၄ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်း နဲ့ အတူ ပရီမီးယားလိဂ် ရရှိထားတဲ့ အဂူရို က “ကျွန်တော်ရဲ့ပြောကြားချက်ကို ရှင်းလင်းဖို့ လိုတယ်လို့တော့ ကျွန်တော်မခံစားရပါဘူး ၊ ကျွန်တော်အနေနဲ့ မက်ဆီ ထက်ပိုပြီး ဘယ်သူမှ ဒီဆု ကို ရရှိဖို့ ထိုက်တန်တယ်လို့ မထင်ပါဘူး ၊ ဒီရာသီ ဘာစီလိုနာအသင်းအတွက် မက်ဆီ ဘာလုပ်ပေးခဲ့လည်း ဆိုတာ အားလုံးသိကြမှာပါ” လို့ နိုင်ငံ အသင်းဖော် မက်ဆီ ကို ထောက်ခံ အားပေးလိုက်ပါတယ်။