ဘိုင်ယန်နည်းပြသစ်ရာထူးအတွက် ရေပန်းစားနေတဲ့ နာမည်ကော်ျနည်းပြသုံးဦး

ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းနည်းပြ ကိုဗက်ရဲ့ နေရာကို အစားထိုးဖို့ အတွက် နာမည်ကြီး နည်းပြသုံးဦးကို ချိန်ရွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နည်းပြ ကိုဗက်ရဲ့ ရာထူးကလည်း မတည်မငြိမ်ဖြစ်လျက်ရှိပါတယ်။ ရာသီအစမှာ နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အော့စ်ဘတ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲကစပြီး ဟာသာဘာလင်အသင်းကို ရှုံးနိမ့်ခဲ့သလို အေဂျက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အိမ်ကွင်းမှာတင် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာပဲ မိုချန်ဂလာဘတ်အသင်းကို သုံးဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြကိုဗက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုဗက်ရဲ့ နေရာကို အစားထိုးဖို့အတွက် နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဇီဒန်း အာစင်ဝင်းဂါး လောရင့်ဘလန့်တွေကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  

ဇီဒန်းဟာ ရီးရဲယ်မက်ဒရစ်အသင်းက ထွက်ခွာခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေကာ မန်ချက်စတာယူနိုက်တက်အသင်းကလည်း မော်ရင်ဟိုရဲ့ နေရာကို အစားထိုးဖို့ ဇီဒန်းကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ကိုဗက်ကို ထုတ်ပယ်ခဲ့ပြီးပါက ဇီဒန်းကို ဦးစားပေးပစ်မှတ်အနေနဲ့ ချဉ်းကပ်လာဖွယ်ရှိပေမဲ့ ဇီဒန်းကိုယ်တိုင်ကတော့ ဂျူဗင်တပ်စ်အသင်းကို အားကစားဒါရိုက်တာရာထူးနဲ့ သွားရောက်ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဇီဒန်းကို ခေါ်ယူဖို့အဆင်မပြေခဲ့ပါက အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါး ပြင်သစ်အသင်းရဲ့ နည်းပြဟောင်း လောရင့်ဘလန့်တို့ကို အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ပစ်မှတ်ထားလျက်ရှိတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီပြီးဆုံးချိန်တည်းက အာဆင်နယ်အသင်းက ထွက်ခွာခဲ့ပြီး လောရင့်ဘလန့်ကလည်း (၂၀၁၆) ခုနှစ်မှာ PSG အသင်းကို တာဝန်ယူပြီးတည်းက လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

 

3K Shares

Leave a Reply

Your email address will not be published. Required fields are marked *