ဘာစီလိုနာ vs မန်ချက်စတာယူနိုက်တက် ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာနှင့်မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အား မြန်မာစံတော်ချိန် မနက် ၁း၃၀-ဗုဒ္ဓဟူးနေ့(၁၇.၄.၁၉)တွင် ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းကြီးထဲမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ပထမအကျော့ အိုးထရက်ဖိုဒ့်ကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်တုန်းက ဘာစီလိုနာအသင်းဟာ ၁-၀ ဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ယူနိုင်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်ရေးဟာ အားသာလျက်ရှိနေပါတယ်။ ပြီးခဲ့သည့်စနေနေ့တုန်းက စပိန်လာလီဂါပွဲစဉ်စြဖ်သည့် ဟူယေစကာနဲ့ပွဲတွင် ဘာစီလိုနာအသင်းဟာ ပထမပွဲထွက်လူစာရင်းထဲကနေ ကစားသမားမြောက်မြားစွာကို အနားပေးထားခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ မန်ယူအသင်းနဲ့ပွဲစဉ်ကို အထူးအရေးထားပြင်ဆင်နေကြောင်း သိသာစေပါတယ်။ တစ်ဦးချင်း ကစားတဲ့စွမ်းဆောင်ရည်နဲ့ ဘောလုံးဒဿနိကတွင် ဘာစီလိုနာအသင်းဟာ ယူနိုက်တက်ထက် ပိုကောင်းပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပထမအကျော့ ရှူံးနိမ့်ထားခဲ့မူကိုချေဖျက်ဖို့အတွက် ကြိုးစားလာရမှာဖြစ်ပြီး နူးကမ့်ကွင်းတွင် ကံကောင်းမူများလည်းလိုအပ်နေပါတယ်။ နည်းပြ ဆိုးလ်ရှားဘယ်လိုဖောင်ဖျက်ပြီး ကစားကွက်ထွက်လာမလဲဆိုတာဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အလေးပေးမူ

ဘာစီလိုနာအသင်းအတွက်အလေးပေးထားမူက ၇/၂၀ လေးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက်အလေးပေးထားမူက ၁၅/၂  လေးဖြစ်လို့ ဘာစီလိုနာအသင်းဘက်ကနေအကြောပေးထားတာကို သိသာစွာမြင်တွေ့ရပါတယ်။

ဘာစီလိုနာအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 ဟူယေစကာ ၀-၀ ဘာစီလိုနာ
11/04 မန်ယူ ၀-၁ ဘာစီလိုနာ
07/04 ဘာစီလိုနာ ၂-၀ အက်လက်တီကိုမက်ဒရစ်
03/04 ဗီလာရီးရဲလ် ၄-၄ ဘာစီလိုနာ
30/03 ဘာစီလိုနာ ၂-၀ အက်စ်ပန်ညို

မန်ယူအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 မန်ယူ ၂-၁ ဝက်စ်ဟမ်း
11/04 မန်ယူ ၀-၁ ဘာစီလိုနာ
03/04 ဝုလ်ဗ် ၂-၁ ဝက်ဖိုဒ့်
30/03 မန်ယူ ၂-၁ ဝက်ဖိုဒ့်
17/03 ဝုလ်ဗ် ၂-၁ မန်ယူ

ပွဲအဖြေခန့်မှန်းရလဒ်

ဘာစီလိုနာ ၃-၁ မန်ယူ

#soenaywin

ယခုပွဲစဉ်အတွက် သင့်ရဲ့ပွဲခန့်မှန်းရလဒ်ကရော?
၁။ ဘာစီလိုနာ အနိုင်
၂။ သရေ
၃။ မန်ယူ အနိုင်

5K Shares