ဘာစီလိုနာ ဂိုးသမားကို ပစ္မွတ္ထားေနတဲ့ မန္ယူ နဲ႔အတူ အျခားေသာ ေန႔လည္ခင္းသတင္းမ်ား

မန္ယူႏိုက္တက္အသင္းသည္ ဘာစီလိုနာအရန္ဂိုးသမား ဂ်က္စပါဆီလက္ဆန္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနေၾကာင္း သတင္းမ်ားထြက္ေပၚလာပါတယ္။ နယ္သာလန္လက္ေရြးစင္ဂိုးသမားသည္ ဘာစီလိုနာအသင္းသည္ ၂၀၁၆ ခုႏွစ္ကတည္းကေရာက္ရွိလာခဲ့ေပမယ့္လည္း ယခုႏွစ္ေဘာလံုးရာသီတြင္ လာလီဂါ ၄ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ တာစတီဂန္မွာ ဒူးဒဏ္ရာရရွိေနေသာေၾကာင့္ အသက္ ၃၀ အရြယ္ဂိုးသမားသည္ တနဂၤေႏြေန႔တြင္ကစားမည့္ အီဘာ ႏွင့္ပြဲတြင္ ပြဲထြက္ကစားခြင့္ရႏိုင္ဖြယ္ရွိေပမယ့္လည္း အနာဂတ္မွာ မေသခ်ာေတာ့ပါဘူး။ မန္ယူႏိုက္တက္အသင္းသည္ စာခ်ဳပ္သစ္မခ်ဳပ္ရေသးေသာ ဒီဂီယာေနရာတြင္ အစားထိုးရန္အတြက္ ဆီလက္ဆန္ကို စိတ္၀င္စားေနျခင္းျဖစ္ေၾကာင္း ေဒးလ္ီး Record မွ ေဖာ္ျပခဲ့ပါတယ္။

စပါးအသင္းသည္ ဘိုင္ယန္ေလဗာကူဆင္ကစားသမား ဂ်ဴလီယန္ဘရန္ဒစ္ကို အဲရစ္ဆင္ယခုေႏြတြင္ ထြက္ခြာျဖစ္ပါက အစားထိုးရန္ေစာင့္ၾကည့္ေနေၾကာင္း သိရွိရပါတယ္။ စပါးအသင္းသည္ ဂ်ာမန္ကစားသားရဲ႕ စာခ်ဳပ္ေဖာက္ဖ်က္ေၾကး ေပါင္ ၂၁.၅ သန္းကို ေပးေခ်မည္ျဖစ္ျပီး ဘရန္ဒစ္သည္ ေဒါ့မြန္သို႔ ေျပာင္းေရႊ႕လိုေနေပမယ့္ ကမ္းလွမ္းမႈရွိလာပါက စိတ္ေျပာင္းလဲမႈျဖစ္ေပၚလာႏိုင္ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

ပီအက္စ္ဂ်ီအသင္းသည္ စပါးဂိုးသမား ဟူဂိုေလာရစ္ကို ယခုေႏြတြင္ ေခၚယူရန္ စိတ္၀င္စားေနေၾကာင္း သိရွိရပါတယ္။ ျပင္သစ္ကလပ္အသင္းသည္ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို ကမ္းလွမ္းမႈတစ္ရပ္ျပဳလုပ္ရန္ စီစဥ္ထားပါတယ္။ ပီအက္စ္ဂ်ီအသင္းသည္ ဒီဂီယာကို ပစ္မွတ္ထားကမ္းလွမ္းခဲ့ေပမယ့္လည္း ၄င္းရဲ႕ လစာေတာင္းဆိုမႈကို မတတ္ႏိုင္ခဲ့ေသာေၾကာင့္ ယခုလို လိုရစ္ကို စိတ္၀င္စားလာျခင္းျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းသည္ စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ခဲ့ေသာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးကို ေခၚယူရန္ စိတ္၀င္စားေနေၾကာင္း သိရွိရပါတယ္။ အသက္ ၃၀ အရြယ္ရွိေသာ လီ၀န္ေဒါစကီးသည္ ဘိုင္ယန္ျမဴးနစ္အသင္း ႏွင့္ ၂၀၂၁ ခုႏွစ္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆံုးမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

မစ္ဒယ္ဘေရာ႔နည္းျပ တိုနီပူလစ္သည္ ၁၈ လၾကာ ကိုင္တြယ္ျပီးေနာက္ အသင္းနဲ႔လမ္းခြဲလိုက္ျပီျဖစ္ေၾကာင္း သိရွိရပါတယ္။

မန္ယူႏိုက္တက္တိုက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖို႔၊ အာဆင္နယ္တိုက္စစ္မွဴးမ်ားျဖစ္ၾကေသာ အူဘာမီယန္း ႏွင့္ လာကာဇက္တီတို႔သည္ ဘာစီလိုနာအသင္းရဲ႕ ပစ္မွတ္မ်ားျဖစ္ေၾကာင္း သိရွိရပါတယ္။

Unicode

ဘာစီလိုနာ ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူ နဲ့အတူ အခြားသော နေ့လည်ခင်းသတင်းများ

မန်ယူနိုက်တက်အသင်းသည် ဘာစီလိုနာအရန်ဂိုးသမား ဂျက်စပါဆီလက်ဆန်ကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ နယ်သာလန်လက်ရွေးစင်ဂိုးသမားသည် ဘာစီလိုနာအသင်းသည် ၂၀၁၆ ခုနှစ်ကတည်းကရောက်ရှိလာခဲ့ပေမယ့်လည်း ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါ ၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ တာစတီဂန်မှာ ဒူးဒဏ်ရာရရှိနေသောကြောင့် အသက် ၃၀ အရွယ်ဂိုးသမားသည် တနင်္ဂနွေနေ့တွင်ကစားမည့် အီဘာ နှင့်ပွဲတွင် ပွဲထွက်ကစားခွင့်ရနိုင်ဖွယ်ရှိပေမယ့်လည်း အနာဂတ်မှာ မသေချာတော့ပါဘူး။ မန်ယူနိုက်တက်အသင်းသည် စာချုပ်သစ်မချုပ်ရသေးသော ဒီဂီယာနေရာတွင် အစားထိုးရန်အတွက် ဆီလက်ဆန်ကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ဒေးလ်ီး Record မှ ဖော်ပြခဲ့ပါတယ်။


စပါးအသင်းသည် ဘိုင်ယန်လေဗာကူဆင်ကစားသမား ဂျူလီယန်ဘရန်ဒစ်ကို အဲရစ်ဆင်ယခုနွေတွင် ထွက်ခွာဖြစ်ပါက အစားထိုးရန်စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။ စပါးအသင်းသည် ဂျာမန်ကစားသားရဲ့ စာချုပ်ဖောက်ဖျက်ကြေး ပေါင် ၂၁.၅ သန်းကို ပေးချေမည်ဖြစ်ပြီး ဘရန်ဒစ်သည် ဒေါ့မွန်သို့ ပြောင်းရွှေ့လိုနေပေမယ့် ကမ်းလှမ်းမှုရှိလာပါက စိတ်ပြောင်းလဲမှုဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။


ပီအက်စ်ဂျီအသင်းသည် စပါးဂိုးသမား ဟူဂိုလောရစ်ကို ယခုနွေတွင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ပြင်သစ်ကလပ်အသင်းသည် အသက် ၃၂ နှစ်အရွယ်ကစားသမားကို ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ရန် စီစဉ်ထားပါတယ်။ ပီအက်စ်ဂျီအသင်းသည် ဒီဂီယာကို ပစ်မှတ်ထားကမ်းလှမ်းခဲ့ပေမယ့်လည်း ၎င်းရဲ့ လစာတောင်းဆိုမှုကို မတတ်နိုင်ခဲ့သောကြောင့် ယခုလို လိုရစ်ကို စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။


မန်ယူနိုက်တက်အသင်းသည် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့သော ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ အသက် ၃၀ အရွယ်ရှိသော လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်း နှင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရပါတယ်။


မစ်ဒယ်ဘရော့နည်းပြ တိုနီပူလစ်သည် ၁၈ လကြာ ကိုင်တွယ်ပြီးနောက် အသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။


မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့၊ အာဆင်နယ်တိုက်စစ်မှူးများဖြစ်ကြသော အူဘာမီယန်း နှင့် လာကာဇက်တီတို့သည် ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်များဖြစ်ကြောင်း သိရှိရပါတယ်။