ဘာစီလိုနာက အေဝးကြင္းလက္မွတ္ေဈးႏွဳန္းတုိးျမွင့္ေကာက္ခံလုိ႕ယူႏုိက္တက္ျပန္တုန္႕ျပန္မည္

စပိန္ကလပ္အသင္းဘာစီလိုနာဟာ မန္ခ်က္စတာယူႏုိက္တက္ပရိတ္သတ္ေတြရဲ႕ အေဝးကြင္းလက္မွတ္ေဈးႏွဳန္းအား ယူရို ၁၂၀ သတ္မွတ္ခဲ့လို႕ မန္ခ်က္စတာယူႏုိ္က္တက္ဟာ ဘာစီလိုနာအသင္းအား ျပန္လည္တုန္႕ျပန္သြားမည္ျဖစ္သည္။ လာမည့္လတြင္ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ပြဲစဥ္၌ ပရီးမီးယားလိဂ္ကလပ္အသင္းဟာ လာလီဂါဘီလူးၾကီး ဘာစီလိုနာနဲ႕ ရင္ဆုိင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းဟာ ယူႏုိက္တက္ပရိတ္သတ္ေတြအတြက္ ႏူးကမ့္ကြင္းလက္မွတ္ခေဈးႏွဳန္းအားတုိးျမွင့္မူျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ သရဲနီတုိ႕ဟာ  ဘာစီလိုနာရဲ႕ လက္မွတ္ခတုိးျမွင့္ေကာက္ခံမူ ဆံုးျဖတ္ခ်က္ကုိ သေဘာမတူဘဲ ျပန္လည္တုန္႕ျပန္အေရးယူသြားမွာျဖစ္ပါတယ္။ အိုးထရက္ဖိုဒ့္ရဲ႕ ပထမအေက်ာ႕  ဘာစီလိုနာပရိတ္သတ္ေတြအတြက္ ေဈးႏွဳန္းအား  ၇၅ ေပါင္သာ သတ္မွတ္ထားခဲ့ေပမယ့္ အခုဆုိရင္ တူညီေသာလက္မွတ္ခ ေဈးႏွဳန္းထားရွိကာ ဘာစီလုိနာကို ျပန္လည္တုန္႕ျပန္သြားမွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တရားဝင္ထုတ္ျပန္ခ်က္တစ္ခုတြင္ ” ဘာစီလိုနာကြင္းရဲ႕ ယူႏုိက္တက္ပရိတ္သတ္ေတြအတြက္ လက္မွတ္ခေဈးႏွဳန္းအား ၁၀၂ ေပါင္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္းအား ဘာစီလုိနာအသင္းက အတည္ျပဳခဲ့ပါတယ္။

ဒီဆံုးျဖတ္ခ်က္အရ ကၽြန္ေတာ္တို႕ပရိတ္သတ္ေတြဟာ ကုန္က်စရိတ္တုိးျမွင့္မူနဲ႕ရင္ဆုိင္ရမွာပါ။ ျပီးခဲ့သည့္ရာသီတုန္းကလည္း အုပ္စုအဆင့္ အေဝးကြင္းမွာ ဗလန္စီယာႏွင့္ဆီဗီလာတို႕ကလည္း ဒီလုိတူညီေသာ အျပဳအမူေတြကိုျပဳလုပ္ခဲ့ပါတယ္။ အုိးထရက္ဖုိဒ့္ ပထမအေက်ာ႕ ဘာစီလုိနာပရိတ္သတ္ေတြအတြက္လက္မွတ္ခ ေဈးႏွဳန္းအား ျမွင့္တင္ဖုိ႕အတြက္ ကၽြန္ေတာ္တို႕ဟာ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုျပဳလုပ္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဘာစီလိုနာဟာ ယူႏုိ္က္တက္ပရိတ္သတ္ေတြအတြက္ အေဝးကြင္းလက္မွတ္ခအား ၁၀၂ ေပါင္ သတ္မွတ္ခဲ့လို႕ပါပဲ။ အေဝးကြင္းကုိလိုက္ပါအားေပးမယ့္ ယူႏုိက္တက္ပရိတ္သတ္ေတြ အပိုေပးေဆာင္ရမယ့္ ၂၇ ေပါင္ကုိ ဘာစီလိုနာပရိတ္သတ္ေတြအပေၚ ျပန္လည္ေကာက္ခံမွာပါ ” ဟုေဖာ္ျပာထားခဲ့ပါတယ္။

လာမည့္ ဧျပီလ ၁၀ ရက္ေန႕တြင္ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ ပထမအေက်ာ႕၌ ဘာစီလုိနာအသင္းအား အိုးထရက္ဖိုဒ့္တြင္ ဧည့္ခံယွဥ္ျပိဳင္သြားရမွာပါ။ အိုလီဂန္နာဆုိးလ္ရွားရဲ႕ အသင္းကေတာ့ ဧျပီလ ၁၆ ရက္ေန႕တြင္ ဘာစီလုိနာရဲ႕ႏူးကမ့္ကြင္းမွာ သြားေရာက္ျပန္လည္ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္သို႕ ဘယ္အသင္းတက္ေရာက္သြားမယ္ဆုိတာကို ခင္ဗ်ားထင္ပါသလဲ?
#manu #barcelona

Unicode

စပိန်ကလပ်အသင်းဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေရဲ့ အဝေးကွင်းလက်မှတ်ဈေးနှုန်းအား ယူရို ၁၂၀ သတ်မှတ်ခဲ့လို့ မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာအသင်းအား ပြန်လည်တုန့်ပြန်သွားမည်ဖြစ်သည်။ လာမည့်လတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်၌ ပရီးမီးယားလိဂ်ကလပ်အသင်းဟာ လာလီဂါဘီလူးကြီး ဘာစီလိုနာနဲ့ ရင်ဆိုင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ယူနိုက်တက်ပရိတ်သတ်တွေအတွက် နူးကမ့်ကွင်းလက်မှတ်ခဈေးနှုန်းအားတိုးမြှင့်မူပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် သရဲနီတို့ဟာ  ဘာစီလိုနာရဲ့ လက်မှတ်ခတိုးမြှင့်ကောက်ခံမူ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ ပြန်လည်တုန့်ပြန်အရေးယူသွားမှာဖြစ်ပါတယ်။ အိုးထရက်ဖိုဒ့်ရဲ့ ပထမအကျော့  ဘာစီလိုနာပရိတ်သတ်တွေအတွက် ဈေးနှုန်းအား  ၇၅ ပေါင်သာ သတ်မှတ်ထားခဲ့ပေမယ့် အခုဆိုရင် တူညီသောလက်မှတ်ခ ဈေးနှုန်းထားရှိကာ ဘာစီလိုနာကို ပြန်လည်တုန့်ပြန်သွားမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် ” ဘာစီလိုနာကွင်းရဲ့ ယူနိုက်တက်ပရိတ်သတ်တွေအတွက် လက်မှတ်ခဈေးနှုန်းအား ၁၀၂ ပေါင်အဖြစ် သတ်မှတ်ခဲ့ကြောင်းအား ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အရ ကျွန်တော်တို့ပရိတ်သတ်တွေဟာ ကုန်ကျစရိတ်တိုးမြှင့်မူနဲ့ရင်ဆိုင်ရမှာပါ။ ပြီးခဲ့သည့်ရာသီတုန်းကလည်း အုပ်စုအဆင့် အဝေးကွင်းမှာ ဗလန်စီယာနှင့်ဆီဗီလာတို့ကလည်း ဒီလိုတူညီသော အပြုအမူတွေကိုပြုလုပ်ခဲ့ပါတယ်။ အိုးထရက်ဖိုဒ့် ပထမအကျော့ ဘာစီလိုနာပရိတ်သတ်တွေအတွက်လက်မှတ်ခ ဈေးနှုန်းအား မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုပြုလုပ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာဟာ ယူနိုက်တက်ပရိတ်သတ်တွေအတွက် အဝေးကွင်းလက်မှတ်ခအား ၁၀၂ ပေါင် သတ်မှတ်ခဲ့လို့ပါပဲ။ အဝေးကွင်းကိုလိုက်ပါအားပေးမယ့် ယူနိုက်တက်ပရိတ်သတ်တွေ အပိုပေးဆောင်ရမယ့် ၂၇ ပေါင်ကို ဘာစီလိုနာပရိတ်သတ်တွေအပေါ် ပြန်လည်ကောက်ခံမှာပါ ” ဟုဖော်ပြာထားခဲ့ပါတယ်။

လာမည့် ဧပြီလ ၁၀ ရက်နေ့တွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့၌ ဘာစီလိုနာအသင်းအား အိုးထရက်ဖိုဒ့်တွင် ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းကတော့ ဧပြီလ ၁၆ ရက်နေ့တွင် ဘာစီလိုနာရဲ့နူးကမ့်ကွင်းမှာ သွားရောက်ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်သို့ ဘယ်အသင်းတက်ရောက်သွားမယ်ဆိုတာကို ခင်ဗျားထင်ပါသလဲ?

3K Shares