ဘာကာမှာ အဆင်မပြေတဲ့ ကော်တင်ဟိုကို ပြန်ခေါ်ဖို့ လီဗာပူးပရိသတ်တွေ တောင်းဆို

ဘာစီလိုနာမှာ ပွဲထွက်ခွင့် ဆုံးရှုံးနေတဲ့ တောင်ပံကစားသမား ကော်တင်ဟိုကို ပြန်လည်ခေါ်ယူပေးဖို့ လီဗာပူး ပရိသတ်တွေက နည်းပြ ဂျာဂန်ကလော့ကို တောင်းဆိုထားကြပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ လီဗာပူးကနေ ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။
ဘာစီလိုနာမှာ မပျော်ရွှင်တော့တဲ့ ကော်တင်ဟိုအနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားနေနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ မန်ယူက ကော်တင်ဟိုကို ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူဖို့ ဆက်သွယ်နေပြီး ချဲလ်ဆီး၊ မန်စီးတီး၊ ပီအက်စ်ဂျီတို့ကလည်း သူ့ကို ခေါ်ချင်နေကြပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့ အတင်းအကျပ် တောင်းဆိုခဲ့သူဖြစ်ပြီး သူ့ရဲ့ စိတ်သဘောထားကြောင့် လီဗာပူးပရိသတ်တွေ ခံပြင်းခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့ပရိသတ်တွေကတော့ ကော်တင်ဟိုကို လီဗာပူးမှာ ပြန်မြင်ချင်တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပေမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကစားသမား တစ်ယောက်ယောက် ခေါ်ယူဖို့ မရှိပါဘူး။

10K Shares