ဘတ်ရှူယာရီကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မိုနာကို ပါဝင်လာ

ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှူယာရီကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပြင်သစ်ကလပ် မိုနာကိုလည်း ပါဝင်လာခဲ့ပါပြီ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘတ်ရှူယာရီဟာ ဗလင်စီယာအသင်းမှာ အငှားသွားရောက်ကစားနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ဂီဂျွန်ကို ရှုံးနိမ့်ခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်အပြီး ဗလင်စီယာအသင်းနည်းပြက ဘတ်ရှူယာရီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ဘတ်ရှူယာရီဟာ ဗလင်စီယာအတွက် ၁၅ ပွဲ ကစားရာမှာ ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုခေါ်ဖို့ အသင်းတော်တော်များများ စိတ်ဝင်စားနေပါတယ်။ အဲဒီအသင်းတွေထဲမှာ အဲဗာတန်၊ မာဆေးတို့ ပါဝင်သလို အခုနောက်ဆုံး နည်းပြ အွန်နရီရဲ့ မိုနာကိုအသင်းလည်း ပါဝင်လာပါပြီ။ ဘတ်ရှူယာရီအနေနဲ့ မိုနာကိုအသင်းကို ပြောင်းရွှေ့ဖြစ်ရင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အွန်နရီ(ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြလုပ်ခဲ့)နဲ့ ပြန်လည်ဆုံစည်းရမှာပါ။

955 Shares