ဖားဖျော်ရည်ရဲ့ ကျေးဇူးကြောင့် အောင်မြင်နိုင်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့တဲ့ မန်ယူအသင်း ရဲ့ ဟီးရိုး ပက်ဂျီဆန်

 မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကြယ်ပွင့်ကစားသမား ပက်ဂျီဆန် က သူ့ရဲ့ အောင်မြင်မှုတွေရဲ့ လျို့ဝှက်ချက်က ဖားဖျော်ရည်ပါလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ပက်ဂျီဆန်ဟာ ပြီးခဲ့တဲ့ ခေတ်တွေက ကွင်းအတွင်းမှာ စွမ်းရည်တွေပြသခဲ့ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး အတွက် လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။

သူဟာ ကစားသမား တစ်ယောက်အနေနဲ့ တိုးတက်လာနိုင်ဖို့ရာ အတွက် အိမ်တွင်းဖြစ်တိုင်းရင်းဆေးတစ်ခုကို ရှာဖွေခဲ့ပါတယ်။

သူ့ရဲ့ ငယ်ရွယ်စဉ်က နေ့ရက်တွေကို ပြန်ပြောခဲ့ရာမှာတော့ “ကျွန်တော့်အဖေက ဖားရိုင်းတွေ ဖမ်းခဲ့ပေးပါတယ်။

ကျွန်တော်က ပိန်ပြီး အားနည်းနေတော့ ကျွန်တော့် အဖေက ဖားတွေရဲ့ အရည်က ခန္ဓာကိုယ်ကို ကြီးလာစေပြီး ခွန်အားလည်း ရှိစေတယ်လို့ ကြားခဲ့ပါတယ်။

အဲ့ဒီဖျော်ရည်ရဲ့ အရသာက တော်တော်ဆိုးပါတယ်။

ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ချင်တဲ့ ကျွန်တော့်အတွက်တော့ လူတိုင်းက ပိုသန်မာဖို့လိုအပ်တယ်လို့ပြောနေကြတဲ့ အတွက် သောက်ခဲ့ရပါတယ်။

သူတို့ က အဲ့ဒီဖျော်ရည်က ကျွန်တော့် ကျန်းမာရေးအတွက် ကောင်းတဲ့ အပြင် ပိုပြီး သန်မာလာစေတယ်လို့ ပြောခဲ့ကြပါတယ်။

ကျွန်တော့် ကျန်းမာရေးကို ကောင်းလာစေတဲ့ ဘယ်လို အရာကို မဆို ကျွန်တော် စားခဲ့ပါတယ်” သူက ပြောခဲ့ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *