ပရီးမီးယားလိဂ္ၾကယ္ပြင့္ တုိက္စစ္မွဴးကုိ ေခၚယူေပးဖုိ႔ ဘာစီလိုနာအသင္းထံ ေတာင္းဆုိထားတ့ဲ မက္ဆီ

ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္တ့ဲ မက္ဆီဟာ စပါးအသင္းရဲ႕ အဂၤလန္ လက္ေရြးစင္အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ဟာရီကိန္းကို ေခၚယူေပးဖုိ႔ အသင္းထံ ေတာင္းဆိုထားတယ္လို႔ သိရွိရပါတယ္။ ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာ ေအဂ်က္စ္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တ့ဲ ဖရန္ကီဒီေဂ်ာင္ကုိ ေခၚယူထားၿပီးျဖစ္ၿပီး သူနဲ႔အတူ အသင္းေဖာ္ ေနာက္ခံလူ ဒီလစ္ဂ္ကိုပါ တစ္ပါတည္း ေခၚယူႏုိင္ဖုိ႔ ျပင္ဆင္လ်က္ရွိပါတယ္။

ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ တိုက္စစ္ ကစားသမားတစ္ဦးျဖစ္တ့ဲ ဂရစ္ဇ္မန္းကို ေခၚယူဖို႔ရွိေနၿပီး အဆုိပါ ကစားသမားကိုလည္း မက္ဆီကိုယ္တုိင္က ဖုန္းေခၚဆုိၿပီး ဘာစီလိုနာအသင္းမွာ လာကစားဖို႔ စည္းရံုးခ့ဲတယ္လုိ႔ သတင္းမ်ားက ေဖာ္ျပခ့ဲပါတယ္။ ဂရစ္ဇ္မန္းဟာ နည္းျပ ဆီျမြန္နီအပါအဝင္ အသင္းတာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆံုခ့ဲရာမွာ သူ႔အေနနဲ႔ မက္ဆီနဲ႔ တြဲကစားခြင့္ ရရွိဖုိ႔ကို ျငင္းဆန္ႏုိင္ခ့ဲျခင္းမရွိေၾကာင္း ဖြင့္ဟေျပာၾကားခ့ဲတယ္လို႔လည္း သိရွိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Fox Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသက္ (၃၁) ႏွစ္အရြယ္ ဘာစီလိုနာအသင္းရဲ႕ တုိက္စစ္မွဴး မက္ဆီဟာ လက္ရွိေႏြရာသီ အေျပာင္းအေရႊ႕မွာ စပါးအသင္းရဲ႕တိုက္စစ္မွဴး ဟာရီကိန္းကုိ ေခၚယူေပးဖုိ႔ ဘာစီလုိနာအသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုထားတယ္လုိ႔ သိရွိရပါတယ္။ အသက္ (၂၅) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဟာရီကိန္းဟာ မန္စီးတီးအသင္းနဲ႔ ကစားခ့ဲတ့ဲ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ ပြဲစဥ္မွာ ၿပိဳင္ဘက္ ကစားသမားျဖစ္သူ ဒ့ဲလ္ဖ္နဲ႔ ထိခိုက္မိခ့ဲတာေၾကာင့္ ဒဏ္ရာရရွိခ့ဲၿပီး လက္ရွိအခ်ိန္အထိ အနားယူေနရေပမယ့္ ကမာၻ႕အေကာင္းဆံုး တိုက္စစ္မွဴးေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံထားရတ့ဲ တုိက္စစ္မွဴးတစ္ဦးလည္း ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ဆြာရက္ဇ္တစ္ေယာက္ အသက္အရြယ္ အရ ေျခစြမ္းပိုင္း က်ဆင္းလာၿပီး ဂုိးသြင္းႏႈန္းက်ဆင္းလာခ်ိန္မွာ အစားထုိးစရာ တုိက္စစ္မွဴးတစ္ဦး ရွာေဖြေနရၿပီျဖစ္ၿပီး ဖရန္႔ဖတ္အသင္းရဲ႕ တိုက္စစ္မွဴး ယုိဗစ္ကို ပစ္မွတ္ထားခ့ဲေပမယ့္ အဆုိပါ ဆာဘီးယား တိုက္စစ္မွဴးကေတာ့ လက္ရွိအခ်ိန္မွာ ၿပိဳင္ဘက္ ရီးရဲယ္မက္ဒရစ္အသင္းကုိ ေျပာင္းေရႊ႕သြားခ့ဲတာေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေတြဘက္ကုိ မ်က္စိက်လာခ့ဲျခင္းလည္းျဖစ္ပါတယ္။

ဟာရီကိန္းဟာ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ပစ္မွတ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ရီးရဲယ္မက္ဒရစ္အသင္းအေနနဲ႔ ယုိဗစ္ကို ေခၚယူၿပီးတ့ဲေနာက္မွာေတာ့ ဟာရီကိန္းကို ေခၚယူဖုိ႔ ႀကိဳးစားဖြယ္မရွိေတာ့ဘဲ ဘာစီလိုနာအသင္းအေနနဲ႔ ဟာရီကိန္းကို လြတ္လြတ္လပ္လပ္ ႀကိဳးပမ္းႏုိင္ဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ ပရီးမီးယားလိဂ္မွ အျခားေသာ တိုက္စစ္မွဴးမ်ားျဖစ္တ့ဲ အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴး လာကာဇက္ နဲ႔ ယူႏုိက္တက္အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ရပ္ရွ္ဖို႔ဒ္တို႔ကုိ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

Unicode

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မက်ဆီဟာ စပါးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖရန်ကီဒီဂျောင်ကို ခေါ်ယူထားပြီးဖြစ်ပြီး သူနဲ့အတူ အသင်းဖော် နောက်ခံလူ ဒီလစ်ဂ်ကိုပါ တစ်ပါတည်း ခေါ်ယူနိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ရှိနေပြီး အဆိုပါ ကစားသမားကိုလည်း မက်ဆီကိုယ်တိုင်က ဖုန်းခေါ်ဆိုပြီး ဘာစီလိုနာအသင်းမှာ လာကစားဖို့ စည်းရုံးခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ နည်းပြ ဆီမြွန်နီအပါအဝင် အသင်းတာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ မက်ဆီနဲ့ တွဲကစားခွင့် ရရှိဖို့ကို ငြင်းဆန်နိုင်ခဲ့ခြင်းမရှိကြောင်း ဖွင့်ဟပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ Fox Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် (၃၁) နှစ်အရွယ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ ဟာရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမားဖြစ်သူ ဒဲ့လ်ဖ်နဲ့ ထိခိုက်မိခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်အထိ အနားယူနေရပေမယ့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဆွာရက်ဇ်တစ်ယောက် အသက်အရွယ် အရ ခြေစွမ်းပိုင်း ကျဆင်းလာပြီး ဂိုးသွင်းနှုန်းကျဆင်းလာချိန်မှာ အစားထိုးစရာ တိုက်စစ်မှူးတစ်ဦး ရှာဖွေနေရပြီဖြစ်ပြီး ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ယိုဗစ်ကို ပစ်မှတ်ထားခဲ့ပေမယ့် အဆိုပါ ဆာဘီးယား တိုက်စစ်မှူးကတော့ လက်ရှိအချိန်မှာ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေဘက်ကို မျက်စိကျလာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဟာရီကိန်းဟာ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ ယိုဗစ်ကို ခေါ်ယူပြီးတဲ့နောက်မှာတော့ ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားဖွယ်မရှိတော့ဘဲ ဘာစီလိုနာအသင်းအနေနဲ့ ဟာရီကိန်းကို လွတ်လွတ်လပ်လပ် ကြိုးပမ်းနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်မှ အခြားသော တိုက်စစ်မှူးများဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက် နဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ရပ်ရှ်ဖို့ဒ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။