ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို ဝုဗ်နည်းပြနဲ့ ဟာဇက် ဆွတ်ခူး

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးဆုတွေကို ဝုဗ်နည်းပြ နူနိုဆန်တိုနဲ့ ချဲလ်ဆီး ကွင်းလယ်ဖန်တီးရှင် ဟာဇက်တို့ ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝုဗ်အသင်းနဲ့အတူ ချန်ပီယံရှစ်ဖလား ဆွတ်ခူးခဲ့တဲ့ နည်းပြ နူနိုဆန်တိုဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၁၅ မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။
ဝုဗ်အသင်းဟာ စက်တင်ဘာလတစ်လအတွင်း ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ဝက်စ်ဟမ်း၊ ဘန်လေ၊ ဆောက်သမ်တန်အသင်းတွေကို အနိုင်ကစားခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူနဲ့ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကွင်းလယ်ဖန်တီးရှင် ဟာဇက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ ၇ ဂိုးသွင်းထားပြီး ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟာဇက်ဟာ စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီး တစ်လအတွင်း ပရီးမီးယားလိဂ်ဂိုး ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

0 Shares