ပရိသတ္ႀကီးအတြက္ ခ်န္ပီယံလိဂ္ပြဲေတြ ၾကည့္လို႔ရမယ့္ ထိပ္တန္းဝက္ဘ္ဆိုက္ (၁၂) ခု

ဥေရာပ အသင္းႀကီးေတြ အစုံအလင္ပါဝင္တ့ဲ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြႀကီးရဲ႕ ရံႈးထြက္ (၁၆) အသင္းအဆင့္ ပြဲစဥ္ေတြကေတာ့ ဒီေန႔ညမွာပဲ ျပန္လည္စတင္ယွဥ္ၿပိဳင္ကစားၾကေတာ့မွာလည္း ျဖစ္ပါတယ္။ ကိုယ့္အိမ္မွာပဲ ေအးေဆးၾကည့္ၾကမယ့္ ပရိသတ္ေတြရွိသလို လက္ဖက္ရည္ဆိုင္မွာ ေဘာ္ဒါေတြနဲ႔အတူတူ ေလတုိက္ရင္း သြားၾကည့္မယ့္ ပရိသတ္ေတြလည္း ရွိမွာပါ။ တခ်ိဳ႕က်ေတာ့ ပြဲခ်ိန္ကလည္း ညဥ့္နက္တာေၾကာင့္ လက္ဖက္ရည္ဆုိင္လည္း မသြားျဖစ္ အိမ္မွာရွိတ့ဲ တီဗီကေနလည္း ၾကည့္လို႔မရႏုိင္တ့ဲသူေတြအတြက္ ယူႏုိက္တက္နဲ႔PSG တို႔ရဲ႕ ပြဲစဥ္နဲ႔ အစျပဳမယ့္ ခ်န္ပီယံလိဂ္ရံႈးထြက္ (၁၆) သင္းအဆင့္ပြဲစဥ္မ်ားကို အဆင္ေျပေျပ ၾကည့္လို႔ရႏုိင္တ့ဲ ဝက္ဘ္ဆုိက္ေတြကို လမ္းညႊန္ေပးလိုက္ရပါတယ္။

၁။ Livefootballol
ဒီဝက္ဘ္ဆိုက္ေတာ့ ေဘာလုံးပြဲေတြကို Live Streaming အမ်ားစုနဲ႔ ျပသေလ့ရွိတ့ဲ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ၿပီး ပရိသတ္ေတြရဲ႕ Feedback မွာလည္း ဒီဝက္ဘ္ဆိုက္က ေဘာလုံးအတြက္ အဓိက အာရံုစိုက္ ျပင္ဆင္ထားတ့ဲအျပင္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ၾကည့္ဖုိ႔ အတြက္လည္း UEFA Champions League လို႔ အလြယ္တကူ ရုိက္ၿပီး ရွာေဖြလုိ႔ရတယ္လို႔ ခ်ီးက်ဴးထားၾကပါတယ္။

၂။ BatmanStream
နာမည္နဲ႔လိုက္ေအာင္ ဘတ္မန္းကားေတြ ျပတာေတာ့ မဟုတ္ပါဘူး။ အေပၚက ဝက္ဘ္ဆိုက္လိုပဲ ေဘာလုံးပြဲေတြကို အဓိကထားျပသေလ့ရွိတ့ဲ ဆုိက္တစ္ခုပါ။ ဒါေပမ့ဲ Feedback ေတြမွာေတာ့ သိပ္ၿပီး အေျခအေနေကာင္းပုံမရပါဘူး။ ရွာေဖြရခက္တ့ဲ ပုံစံမ်ိဳးေတြေၾကာင့္ complain တခ်ိဳ႕ရွိပါတယ္။

၃။ Stream2watch
ဖရီးဝက္ဘ္ဆုိက္တစ္ခုအေနနဲ႔ သိပ္ကိုေကာင္းတ့ဲ ဝက္ဘ္ဆိုက္တစ္ခုအျဖစ္ Feedback ေတြကို ျမင္ေတြ႔ခ့ဲရပါတယ္။ ပရိသတ္မ်ားအေနနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို လြယ္လြယ္ကူကူနဲ႔ ဖမ္းယူၾကည့္ရႈႏုိင္ပါလိမ့္မယ္။

၄။ fuboTV
အေမရိကန္က ထိပ္တန္းရုပ္သံတစ္ခုလို႔ ေျပာရပါမယ္။ ေတာ္ရံုအင္တာနက္လိုင္းေလာက္နဲ႔ အဆင္ေျပတယ္ေျပာရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအျပင္ စပိန္လာလီဂါပြဲစဥ္ေတြပါ အ့ဲဒီဆုိုက္မွာ ၾကည့္လို႔ရတယ္လို႔ သိရပါတယ္။

၅။ DStv
အာဖရိကတိုက္မွာ လုိင္စင္နဲဲ႔ထုတ္လႊင့္ေနတ့ဲ တရားဝင္ Satellite ရုပ္သံလိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ လိုင္စင္ေတြ ဘာေတြရွိေနေတာ့ နည္းနည္းအဆင္မေျပျဖစ္ပါလိမ့္မယ္။ တျခားဆုိက္ေတြမရတ့ဲအဆုံးမွ ဒါကို ႀကိဳးစားၾကည့္ဖို႔ ေျပာခ်င္ပါတယ္။

၆။ Fox Sports
ဒီရုပ္သံလိုင္းအေၾကာင္းကေတာ့ ေျပာေနစရာမလုိပါဘူး။ ကမာၻတစ္ဝွမ္းလုံးက အားကစားပရိသတ္ေတြအကုန္လုံးနဲ႔ ရင္းႏွီးၿပီးသားျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအျပင္ အျခားအားကစားနည္းေပါင္းစုံကိုပါ ၾကည့္ရႈလို႔ရတ့ဲ ဆုိက္တစ္ခုျဖစ္ပါတယ္။

၇။ Sky Sports
ဂယ္ရီနဗီးလ္တို႔ ကာေရဂါတုိ႔ ဂေရမီေဆာင္းနက္စ္တို႔လို ပုဂၢိဳလ္ေတြရွိေနတ့ဲအျပင္ အဂၤလန္ႏုိင္ငံမွာလည္း အထူးနာမည္ႀကီးတ့ဲ ရုပ္သံတစ္ခုျဖစ္ပါတယ္။ ဒါေပမ့ဲ အြန္လိုင္းက ၾကည့္ရမယ့္ ပရိသတ္ေတြအတြက္ အထူးသျဖင့္ ကြ်န္ေတာ္တို႔ႏုိင္ငံက ပရိသတ္ေတြအတြက္ အဆင္မေျပႏုိင္ပါဘူး။ Account ဖြင့္ၿပီး Register လုပ္ရတ့ဲအျပင္ Free ၾကည့္လို႔မရပါဘူး။

၈။ BT Sport
သူကလည္း ေတာ္ေတာ္ေလးကို ႀကီးမားတ့ဲ ရုပ္သံတစ္ခုပါပဲ။ ဒါေပမ့ဲ Sky Sports နဲ႔အလားတူပဲ Free မျပတ့ဲအတြက္ ကြ်န္ေတာ္တို႔ အတြက္ ၾကည့္ရႈရခက္တ့ဲ ဆုိက္တစ္ခုပါပဲ။ နာမည္ႀကီးဆုိေပမ့ဲ ကြ်န္ေတာ့္အေနနဲ႔ recommend မေပးပါဘူး။ အဓိက က ေဘာလုံးပြဲေတြကို ေအးေဆးအဆင္ေျပေျပၾကည့္လုိ႔ရဖို႔ အေရးႀကီးပါတယ္။

၉။ WatchESPN
ဒီဝက္ဘ္ဆုိက္နာမည္ကို ျမင္ေတာ့ အရင္တုန္းက ESPN တို႔ Star Sports တို႔ ေခတ္ကို ျပန္ၿပီး သတိရသြားမလားပဲ။ သူကလည္း (၂၄) နာရီပတ္လုံး အားကစားနည္း ေပါင္းစုံကို ထိုင္ၾကည့္လို႔ရပါတယ္။ တစ္လ ဖရီးၾကည့္လို႔ရမယ္။ တစ္လေက်ာ္သြားရင္ေတာ့ Sky Sports တို႔ BT Sport တို႔ နည္းတူ ဇယားရႈပ္လာပါမယ္။ ဖရီးေပးတ့ဲတစ္လေတာ့ ေတာ္ေတာ္ေလးအဆင္ေျပပါလိမ့္မယ္။

၁၀။ UEFA.com
အဓိက Main ဝက္ဘ္ဆုိက္ႀကီးပါပဲ။ ဖရီးရတယ္ဆုိေပမ့ဲ Feedback ေတြက သိပ္ေတာ့မေကာင္းပါဘူး။ ဒါေပမ့ဲ ေအာ္ဖစ္ရွယ္ဆိုေတာ့ ႀကိဳးစားၾကည့္ပါ။ အဆင္ေျပေကာင္းေျပႏိုင္ပါလိမ့္မယ္။

၁၁။ beIN Sports
နာမည္ႀကီး အယ္လ္ဂ်ားဇီးယားရုပ္သံရဲ႕ လက္ခြဲေတြပါ။ ဒါေပမ့ဲ ဖရီးၾကည့္လို႔မရဘဲ Plan ေတြနဲ႔ သြားပါတယ္။ ကြ်န္ေတာ္တို႔ဆီက ရုပ္သံလိုင္းေတြလိုေပါ့။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲၾကည့္ဖို႔ အဆင္ေျပတယ္လို႔ေတာ့ ေျပာၾကေပမ့ဲ ပြဲတိုင္းေတာ့မရေလာက္ပါဘူး။

၁၂။ Sony Six
အိႏၵိယပိုင္ရုပ္သံလုိင္းတစ္ခုျဖစ္ၿပီး ဖရီးၾကည့္လုိ႔ရပါတယ္။ Media ေပါင္းစုံဆီက Live Streaming ေတြလည္း ၾကည့္လို႔ရပါေသးတယ္။

Unicode

ဥရောပ အသင်းကြီးတွေ အစုံအလင်ပါဝင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ရှုံးထွက် (၁၆) အသင်းအဆင့် ပွဲစဉ်တွေကတော့ ဒီနေ့ညမှာပဲ ပြန်လည်စတင်ယှဉ်ပြိုင်ကစားကြတော့မှာလည်း ဖြစ်ပါတယ်။ ကိုယ့်အိမ်မှာပဲ အေးဆေးကြည့်ကြမယ့် ပရိသတ်တွေရှိသလို လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေနဲ့အတူတူ လေတိုက်ရင်း သွားကြည့်မယ့် ပရိသတ်တွေလည်း ရှိမှာပါ။ တချို့ကျတော့ ပွဲချိန်ကလည်း ညဉ့်နက်တာကြောင့် လက်ဖက်ရည်ဆိုင်လည်း မသွားဖြစ် အိမ်မှာရှိတဲ့ တီဗီကနေလည်း ကြည့်လို့မရနိုင်တဲ့သူတွေအတွက် ယူနိုက်တက်နဲ့PSG တို့ရဲ့ ပွဲစဉ်နဲ့ အစပြုမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်များကို အဆင်ပြေပြေ ကြည့်လို့ရနိုင်တဲ့ ဝက်ဘ်ဆိုက်တွေကို လမ်းညွှန်ပေးလိုက်ရပါတယ်။

၁။ Livefootballol
ဒီဝက်ဘ်ဆိုက်တော့ ဘောလုံးပွဲတွေကို Live Streaming အများစုနဲ့ ပြသလေ့ရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ပရိသတ်တွေရဲ့ Feedback မှာလည်း ဒီဝက်ဘ်ဆိုက်က ဘောလုံးအတွက် အဓိက အာရုံစိုက် ပြင်ဆင်ထားတဲ့အပြင် ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ဖို့ အတွက်လည်း UEFA Champions League လို့ အလွယ်တကူ ရိုက်ပြီး ရှာဖွေလို့ရတယ်လို့ ချီးကျူးထားကြပါတယ်။

၂။ BatmanStream
နာမည်နဲ့လိုက်အောင် ဘတ်မန်းကားတွေ ပြတာတော့ မဟုတ်ပါဘူး။ အပေါ်က ဝက်ဘ်ဆိုက်လိုပဲ ဘောလုံးပွဲတွေကို အဓိကထားပြသလေ့ရှိတဲ့ ဆိုက်တစ်ခုပါ။ ဒါပေမဲ့ Feedback တွေမှာတော့ သိပ်ပြီး အခြေအနေကောင်းပုံမရပါဘူး။ ရှာဖွေရခက်တဲ့ ပုံစံမျိုးတွေကြောင့် complain တချို့ရှိပါတယ်။

၃။ Stream2watch
ဖရီးဝက်ဘ်ဆိုက်တစ်ခုအနေနဲ့ သိပ်ကိုကောင်းတဲ့ ဝက်ဘ်ဆိုက်တစ်ခုအဖြစ် Feedback တွေကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်များအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွယ်လွယ်ကူကူနဲ့ ဖမ်းယူကြည့်ရှုနိုင်ပါလိမ့်မယ်။

၄။ fuboTV
အမေရိကန်က ထိပ်တန်းရုပ်သံတစ်ခုလို့ ပြောရပါမယ်။ တော်ရုံအင်တာနက်လိုင်းလောက်နဲ့ အဆင်ပြေတယ်ပြောရမှာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေအပြင် စပိန်လာလီဂါပွဲစဉ်တွေပါ အဲ့ဒီဆိုက်မှာ ကြည့်လို့ရတယ်လို့ သိရပါတယ်။

၅။ DStv
အာဖရိကတိုက်မှာ လိုင်စင်နဲ့ထုတ်လွှင့်နေတဲ့ တရားဝင် Satellite ရုပ်သံလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ လိုင်စင်တွေ ဘာတွေရှိနေတော့ နည်းနည်းအဆင်မပြေဖြစ်ပါလိမ့်မယ်။ တခြားဆိုက်တွေမရတဲ့အဆုံးမှ ဒါကို ကြိုးစားကြည့်ဖို့ ပြောချင်ပါတယ်။

၆။ Fox Sports
ဒီရုပ်သံလိုင်းအကြောင်းကတော့ ပြောနေစရာမလိုပါဘူး။ ကမ္ဘာတစ်ဝှမ်းလုံးက အားကစားပရိသတ်တွေအကုန်လုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအပြင် အခြားအားကစားနည်းပေါင်းစုံကိုပါ ကြည့်ရှုလို့ရတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။

၇။ Sky Sports
ဂယ်ရီနဗီးလ်တို့ ကာရေဂါတို့ ဂရေမီဆောင်းနက်စ်တို့လို ပုဂ္ဂိုလ်တွေရှိနေတဲ့အပြင် အင်္ဂလန်နိုင်ငံမှာလည်း အထူးနာမည်ကြီးတဲ့ ရုပ်သံတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းက ကြည့်ရမယ့် ပရိသတ်တွေအတွက် အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ပရိသတ်တွေအတွက် အဆင်မပြေနိုင်ပါဘူး။ Account ဖွင့်ပြီး Register လုပ်ရတဲ့အပြင် Free ကြည့်လို့မရပါဘူး။

၈။ BT Sport
သူကလည်း တော်တော်လေးကို ကြီးမားတဲ့ ရုပ်သံတစ်ခုပါပဲ။ ဒါပေမဲ့ Sky Sports နဲ့အလားတူပဲ Free မပြတဲ့အတွက် ကျွန်တော်တို့ အတွက် ကြည့်ရှုရခက်တဲ့ ဆိုက်တစ်ခုပါပဲ။ နာမည်ကြီးဆိုပေမဲ့ ကျွန်တော့်အနေနဲ့ recommend မပေးပါဘူး။ အဓိက က ဘောလုံးပွဲတွေကို အေးဆေးအဆင်ပြေပြေကြည့်လို့ရဖို့ အရေးကြီးပါတယ်။

၉။ WatchESPN
ဒီဝက်ဘ်ဆိုက်နာမည်ကို မြင်တော့ အရင်တုန်းက ESPN တို့ Star Sports တို့ ခေတ်ကို ပြန်ပြီး သတိရသွားမလားပဲ။ သူကလည်း (၂၄) နာရီပတ်လုံး အားကစားနည်း ပေါင်းစုံကို ထိုင်ကြည့်လို့ရပါတယ်။ တစ်လ ဖရီးကြည့်လို့ရမယ်။ တစ်လကျော်သွားရင်တော့ Sky Sports တို့ BT Sport တို့ နည်းတူ ဇယားရှုပ်လာပါမယ်။ ဖရီးပေးတဲ့တစ်လတော့ တော်တော်လေးအဆင်ပြေပါလိမ့်မယ်။

၁၀။ UEFA.com
အဓိက Main ဝက်ဘ်ဆိုက်ကြီးပါပဲ။ ဖရီးရတယ်ဆိုပေမဲ့ Feedback တွေက သိပ်တော့မကောင်းပါဘူး။ ဒါပေမဲ့ အော်ဖစ်ရှယ်ဆိုတော့ ကြိုးစားကြည့်ပါ။ အဆင်ပြေကောင်းပြေနိုင်ပါလိမ့်မယ်။

၁၁။ beIN Sports
နာမည်ကြီး အယ်လ်ဂျားဇီးယားရုပ်သံရဲ့ လက်ခွဲတွေပါ။ ဒါပေမဲ့ ဖရီးကြည့်လို့မရဘဲ Plan တွေနဲ့ သွားပါတယ်။ ကျွန်တော်တို့ဆီက ရုပ်သံလိုင်းတွေလိုပေါ့။ ချန်ပီယံလိဂ်ပြိုင်ပွဲကြည့်ဖို့ အဆင်ပြေတယ်လို့တော့ ပြောကြပေမဲ့ ပွဲတိုင်းတော့မရလောက်ပါဘူး။

၁၂။ Sony Six
အိန္ဒိယပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ဖရီးကြည့်လို့ရပါတယ်။ Media ပေါင်းစုံဆီက Live Streaming တွေလည်း ကြည့်လို့ရပါသေးတယ်။

10K Shares