နံနက်ခင်းသတင်းများ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဆာဟာကတော့ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ မော်ရင်ဟိုအပေါ် ဖိအားပေးမှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲပြောကြားသွားခဲ့ပါတယ်။

Football Foundation ဆိုတဲ့ ပရဟိတ အဖွဲ့အစည်းတစ်ခုဟာ ဒီတစ်ပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်အသင်းရဲ့ နေရှင်လိဂ်ပွဲစဉ်များဖြစ်တဲ့ စပိန် ခရိုအေးရှားအသင်းတို့နဲ့ ကစားမယ့် ပွဲစဉ်တွေအတွက် ဝတ်စုံစပွန်ဆာပေးအပ်သွားမယ်လို့ သိရှိရပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ လက်အမူအရာကြောင့် ချဲလ်ဆီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းအတွင်းကြီးကြပ်ခွင့်ဆုံးရှုံးရဖွယ်ရှိကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားဖို့က အိမ်မက်တစ်ခုဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ကို အသင်းဖော်ဘာကလေက ချဲလ်ဆီးအသင်းမှာပဲ ဆက်လက်ကစားဖို့ တိုက်တွန်းခဲ့တယ်လို့ သိရှိရပါတယ်။ 

အီတလီလက်ရွေးစင်နည်းပြဖြစ်သူ မန်စီနီကတော့ ယူကရိန်းအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲမှာ နည်းစနစ်အသစ်တွေကို စမ်းသပ်သုံးစွဲသွားမယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ဖူလ်ဟမ်အသင်းတို့ကတော့ အေစီမီလန်အသင်းရဲ့ နောက်ခံလူ မူဆာချီယိုကို ခေါ်ယူဖို့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အပြိုင်အဆိုင် ကြိုးစားကြဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ဒီဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖရန့်လမ်းပတ်ဟာ ကစားသမား ဘဝက အနားယူခဲ့ပြီဖြစ်တဲ့ အသင်းဖော်ဟောင်း ဂျွန်တယ်ရီကို နည်းပြ ဘဝမှာ အောင်မြင်ဖို့ ဆုတောင်းပေးလိုက်တယ်လို့ သိရှိရပါတယ်။ 

ဘာစီလိုနာအသင်းကတော့ လီဗာပူးအသင်းမှာ နေရာမရဖြစ်နေတဲ့ ဘယ်နောက်ခံလူ မိုရီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗီဒယ်လ်ကတော့ အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း အရံခုံပေါ် ထိုင်နေရခြင်းနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လျက်ရှိတယ်လို့ သိရှိရပါတယ်။

အင်တာမီလန်အသင်းကလည်း မန်စီးတီးအသင်းနဲ့ ဒီရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။

2K Shares