နည္းျပသစ္ခန္႔အပ္ရမယ့္သူကို ဆံုးျဖတ္ၿပီးၿပီျဖစ္တဲ့ မန္ယူအသင္းဘုတ္အဖြဲ႕

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ဘုတ္အဖြဲ႕ဟာ အသင္းရဲ႕အၿမဲတမ္းနည္းျပသစ္အျဖစ္ ယာယီနည္းျပ အိုလီဂန္းနားဆိုးလ္ရွားကို ခန္႔အပ္ဖို႔ ဆံုးျဖတ္ခဲ့တယ္လုိ႔ သတင္းေတြအရ သိရပါတယ္။

ဆုိးလ္ရွားဟာ နည္းျပေမာ္ရင္ဟို ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ မန္ခ်က္စတာယူႏုိက္တက္အသင္းကို မုိလ္ဒီအသင္းကေန ေျပာင္းေရႊ႕လာၿပီး ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဆုိးလ္ရွားလက္ထက္မွာ ၁၁ ပြဲကစား ၁၀ ပြဲႏုိင္ ၁ ပြဲသေရနဲ႔ အဆင့္ ၄ ေနရာအထိ တက္လွမ္းႏုိင္ခဲ့တာျဖစ္ပါတယ္။

ဆုိးလ္ရွားဟာ မူလက နည္းျပသစ္ မေခၚယူႏုိင္မီအခ်ိန္အထိ ယာယီနည္းျပအျဖစ္နဲ႔သာ ကာလတို ခန္႔အပ္ခဲ့တာျဖစ္ေပမယ့္ ဆုိးလ္ရွားက ၎ရဲ႕အသင္းအေပၚ ဦးေဆာင္ႏုိင္စြမ္းျပသၿပီး မန္ယူဘုတ္အဖြဲ႕ကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

The Sun ရဲ႕သတင္းအရ မန္ခ်က္စတာယူနုိက္တက္အသင္းရဲ႕ အဓိကအဆံုးအျဖတ္ေပးသူက ဆုိးလ္ရွားဟာ အၿမဲတမ္းနည္းျပအျဖစ္ အသင့္ေတာ္ဆံုးလူလို႔ သတ္မွတ္ခဲ့တယ္လုိ႔ သိရၿပီး ယခုရာသီကုန္မွာ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုမယ္လုိ႔ သိရပါတယ္။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘုတ်အဖွဲ့ဟာ အသင်းရဲ့အမြဲတမ်းနည်းပြသစ်အဖြစ် ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဆိုးလ်ရှားဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို မိုလ်ဒီအသင်းကနေ ပြောင်းရွှေ့လာပြီး ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားလက်ထက်မှာ ၁၁ ပွဲကစား ၁၀ ပွဲနိုင် ၁ ပွဲသရေနဲ့ အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မူလက နည်းပြသစ် မခေါ်ယူနိုင်မီအချိန်အထိ ယာယီနည်းပြအဖြစ်နဲ့သာ ကာလတို ခန့်အပ်ခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားက ၎င်းရဲ့အသင်းအပေါ် ဦးဆောင်နိုင်စွမ်းပြသပြီး မန်ယူဘုတ်အဖွဲ့ကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။
The Sun ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကအဆုံးအဖြတ်ပေးသူက ဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြအဖြစ် အသင့်တော်ဆုံးလူလို့ သတ်မှတ်ခဲ့တယ်လို့ သိရပြီး ယခုရာသီကုန်မှာ ကာလရှည် စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

8K Shares