နည္းျပဘ၀ကို ကူးေျပာင္းလိုက္ျပီျဖစ္တဲ့ ယူႏိုက္တက္ဂႏၳ၀င္ ေပါလ္စခိုး

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၳ၀င္ကစားသမားၾကီး ေပါလ္စခိုးဟာ အဂၤလန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အိုလ္ဟမ္းအသင္းရဲ႕ နည္းျပအျဖစ္ တာ၀န္ယူကိုင္တြယ္ဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ျပီ ျဖစ္ပါတယ္။ အသက္ (၄၄)နွစ္အရြယ္ ကြင္းလယ္ကစားသမားၾကီးဟာ ကစားသမားဘ၀ကေန နည္းျပဘ၀ကို ပထမဆံုးအၾကိမ္ ကူးေျပာင္းလိုက္ျပီလည္း ျဖစ္ပါတယ္။

အဂၤလန္စတုတၳလိဂ္က ကလပ္အသင္းကို ကိုင္တြယ္ဖို႔အတြက္ စခိုးက (၁၈)လစာခ်ဳပ္နဲ႔ သေဘာတူညီခဲ့တာျဖစ္ျပီး အသင္းကို ေနာက္ထပ္အဆင့္ျမင့္တဲ့ လိဂ္ေတြဆီ ပို႔ေဆာင္ေပးရေတာ့မွာလည္း ျဖစ္ပါတယ္။ ကစားသမားဘ၀မွာ ျပင္းထန္အားပါတဲ့ ကန္သြင္းခ်က္ေတြနဲ႔အတူ တိက်သပ္ရပ္တဲ့ ေပးပို႔မႈေတြနဲ႔ နာမည္ၾကီးခဲ့တဲ့ စခိုးဟာ နည္းျပဘ၀မွာ ေအာင္ျမင္မႈ ရရွိဖို႔ ၾကိဳးစားရေတာ့မွာလည္း ျဖစ္ပါတယ္။

“ကၽြန္ေတာ္က ကေလးဘ၀ကတည္းက ယူႏိုက္တက္ပရိသတ္ျဖစ္ခ့ဲတာပါ၊ ဒါေပမယ့္ ကၽြန္ေတာ့္အေဖကေတာ့ အိုလ္ဟမ္းအသင္း ပရိသတ္ျဖစ္ျပီး အိုလ္ဟမ္းအသင္းရဲ႕ပြဲ အမ်ားအျပားကို ၾကည့္ရႈခဲ့ဖူးပါတယ္” လို႔ စခိုးက ေျပာခဲ့ဖူးပါတယ္။ ေဘာလံုးပြဲေ၀ဖန္သူအျဖစ္ တင္ဆက္ေပးေနတဲ့ စခိုးဟာ ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုကို အစဥ္တစိုက္ ေ၀ဖန္ေျပာၾကားေလ့ရွိသူလည္း ျဖစ္ပါတယ္။

“တစ္ေန႔မွာ စခိုးလ္အေနနဲ႔ နည္းျပျပဳလုပ္ဖို႔ ဆံုးျဖတ္ခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ ကၽြန္ေတာ့္ေအာင္ျမင္မႈရဲ႕ ၂၅%ေလာက္ပဲ ေအာင္ျမင္ေစဖို႔ ကၽြန္ေတာ္ ဆုေတာင္းေပးပါတယ္၊ အဲဒီေလာက္ ေအာင္ျမင္ရင္ကိုပဲ သူ႔အေနနဲ႔ ေပ်ာ္ရႊင္ေနရမွာပါ” လို႔ ေမာ္ရင္ဟိုက စခိုးလ္အေပၚ ျပန္လည္တံု႔ျပန္ခဲ့ဖူးပါတယ္။

အိုလ္ဟမ္းအသင္းရဲ႕ ပိုင္ရွင္ျဖစ္သူ အက္ဘ္ဒယ္လာကလည္း ေပါလ္စခိုးဟာ အသင္းအတြက္ ေအာင္ျမင္မႈေတြကို ယူေဆာင္ေပးႏိုင္မယ့္သူ ျဖစ္တယ္လို႔ ကလပ္အသင္းရဲ႕ ၀က္ဘ္ဆိုက္ကတဆင့္ ေျပာၾကားခဲပါတယ္။ “သူကအသင္းအတြက္ အေတြ႕အၾကဳံအမ်ားၾကီးကို ယူေဆာင္လာမွာျဖစ္ျပီး ေအာင္ျမင္မႈရရွိဖို႔အတြက္ သူ႔ရဲ႕ ဆာေလာင္မႈေတြကို အေကာင္းဆံုးစီမံခန္႔ခြဲမႈေတြနဲ႔ အားလံုးျမင္ေတြ႕ေအာင္ ေဆာင္ရြက္ႏိုင္မွာပါ”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးဟာ အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အိုလ်ဟမ်းအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၄၄)နှစ်အရွယ် ကွင်းလယ်ကစားသမားကြီးဟာ ကစားသမားဘဝကနေ နည်းပြဘဝကို ပထမဆုံးအကြိမ် ကူးပြောင်းလိုက်ပြီလည်း ဖြစ်ပါတယ်။

အင်္ဂလန်စတုတ္ထလိဂ်က ကလပ်အသင်းကို ကိုင်တွယ်ဖို့အတွက် စခိုးက (၁၈)လစာချုပ်နဲ့ သဘောတူညီခဲ့တာဖြစ်ပြီး အသင်းကို နောက်ထပ်အဆင့်မြင့်တဲ့ လိဂ်တွေဆီ ပို့ဆောင်ပေးရတော့မှာလည်း ဖြစ်ပါတယ်။ ကစားသမားဘဝမှာ ပြင်းထန်အားပါတဲ့ ကန်သွင်းချက်တွေနဲ့အတူ တိကျသပ်ရပ်တဲ့ ပေးပို့မှုတွေနဲ့ နာမည်ကြီးခဲ့တဲ့ စခိုးဟာ နည်းပြဘဝမှာ အောင်မြင်မှု ရရှိဖို့ ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်က ကလေးဘဝကတည်းက ယူနိုက်တက်ပရိသတ်ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော့်အဖေကတော့ အိုလ်ဟမ်းအသင်း ပရိသတ်ဖြစ်ပြီး အိုလ်ဟမ်းအသင်းရဲ့ပွဲ အများအပြားကို ကြည့်ရှုခဲ့ဖူးပါတယ်” လို့ စခိုးက ပြောခဲ့ဖူးပါတယ်။ ဘောလုံးပွဲဝေဖန်သူအဖြစ် တင်ဆက်ပေးနေတဲ့ စခိုးဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကို အစဉ်တစိုက် ဝေဖန်ပြောကြားလေ့ရှိသူလည်း ဖြစ်ပါတယ်။

“တစ်နေ့မှာ စခိုးလ်အနေနဲ့ နည်းပြပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ကျွန်တော့်အောင်မြင်မှုရဲ့ ၂၅%လောက်ပဲ အောင်မြင်စေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်၊ အဲဒီလောက် အောင်မြင်ရင်ကိုပဲ သူ့အနေနဲ့ ပျော်ရွှင်နေရမှာပါ” လို့ မော်ရင်ဟိုက စခိုးလ်အပေါ် ပြန်လည်တုံ့ပြန်ခဲ့ဖူးပါတယ်။

အိုလ်ဟမ်းအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ အက်ဘ်ဒယ်လာကလည်း ပေါလ်စခိုးဟာ အသင်းအတွက် အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်မယ့်သူ ဖြစ်တယ်လို့ ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ပြောကြားခဲပါတယ်။ “သူကအသင်းအတွက် အတွေ့အကြုံအများကြီးကို ယူဆောင်လာမှာဖြစ်ပြီး အောင်မြင်မှုရရှိဖို့အတွက် သူ့ရဲ့ ဆာလောင်မှုတွေကို အကောင်းဆုံးစီမံခန့်ခွဲမှုတွေနဲ့ အားလုံးမြင်တွေ့အောင် ဆောင်ရွက်နိုင်မှာပါ”လို့ ချီးကျူးခဲ့ပါတယ်။

8K Shares