ဒီဘာလားအတြက္ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးဖုိ႔ စိတ္ကူးမရွိတ့ဲ ဂ်ဴဗင္တပ္စ္

အီတလီစီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းဟာ လီဗာပူးအသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ဆာလာကုိ လာမယ့္ ေႏြရာသီမွာ အသင္းရဲ႕ ထိပ္တန္းပစ္မွတ္အျဖစ္ ဦးစားေပးကစားဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။ ဂ်ဴဗင္္တပ္စ္အသင္းဟာ ၿပီးခ့ဲတ့ဲ ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲယ္္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္မွွဴး စီေရာ္နယ္ဒိုကို ကလပ္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ (၁၀၅) သန္းနဲ႔ ေခၚယူခ့ဲၿပီး လက္ရွိအခ်ိန္တြင္လည္း အသင္းကို အင္အားျဖည့္တင္းမႈမ်ား ထပ္မံျပဳလုပ္ရန္ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

သုိ႔ရာတြင္မူ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုုက္တာျဖစ္သူ ေဖဘီယိုပရက္ခ်ီကမူ ဆာလာအတြက္ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမား ေပးေခ်လိုျခင္းမရွိဘဲ အသင္းကထြက္ခြာမယ္လို႔  သတင္းမ်ားထြက္ေပၚေနတ့ဲ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မွဴး ဒီဘာလားကို အလိုက္ေပးၿပီး ဆာလာကုိ ေစ်းသက္သက္သာသာျဖင့္ ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ သိရွိရပါတယ္။ လီဗာပူးအသင္းဟာ အသက္ (၂၆) ႏွစ္အရြယ္ရွိၿပီျဖစ္သူ တုိက္စစ္္မွဴး မိုဟာမက္ဆာလာအတြက္ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ေမွ်ာ္လင့္ထားေပမယ့္ ဒီဘာလားကိုလည္း စိတ္ဝင္စားေနတာေၾကာင့္ ဂ်ဴဗင္တပ္စ္က အခုလိုပဲ ဆာလာအတြက္ ဒီဘာလားကုိ အလုိက္ေပးကမ္းလွမ္းရန္ ျပင္ဆင္လာႏုိင္ဖြယ္ရွိိေၾကာင္း သတင္းမ်ား ထြက္ေပၚေနတာလည္း ျဖစ္ပါတယ္။

ဒီဘာလားဟာ ဒီရာသီမွာ တူရင္ကလပ္အသင္းအတြက္ စီးရီးေအပြဲေပါင္း (၂၅) ပြဲ ပါဝင္ကစားေပးထားၿပီး (၅) ဂိုးသာ သြင္းယူေပးထားႏိုင္ပါတယ္။ ဒီဘာလားကုိ ေခၚယူရန္ လီဗာပူးအသင္းအျပင္ ဘုိင္ယန္ျမဴးနစ္၊ ရီးရဲယ္မက္ဒရစ္နဲ႔ မန္စီးတီးအသင္းတုို႔ကပါ စိတ္ဝင္စားေနၿပီး  လီဗာပူးအသင္းအေနနဲ႔ လာမယ့္ရက္သတၱပတ္အတြင္း ဒီဘာလားကုိ ေခၚယူႏုိင္ရန္ သေဘာတူညီမႈ ရရွိေတာ့မွာျဖစ္ေၾကာင္း ယမန္ေန႔က သတင္းမ်ား ထြက္ေပၚခ့ဲပါေသးတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္းျဖစ္သူ ဆာလာသည္လည္း ဖီအုိရင္တီးနား၊ ရုိးမားအသင္းတို႔၌ သူ႔ရဲ႕ ကစားသမားဘဝကို ျဖတ္သန္းခ့ဲၿပီးေနာက္ ၿပီးခ့ဲသည့္ ေဘာလံုုးရာသီမွသာ လီဗာပူးအသင္းကို ေရာက္ရွိလာခ့ဲျခင္းျဖစ္ေပမယ့္ အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပ ကစားႏုိင္ခ့ဲၿပီး ပရီးမီးယားလိဂ္ရဲ႕ ဂုိးသြင္းဘုုရင္ဆုကို ရရွိႏုိင္ခ့ဲသလုိ လီဗာပူးအသင္းကိုလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအထိ ပို႔ေဆာင္ေပးႏုိင္ခ့ဲပါတယ္။ လီဗာပူးအသင္းကို စတင္ေရာက္ရွိခ်ိန္ကစၿပီး အသင္းအတြက္ ၿပိဳင္ပြဲေပါင္း (၉၁) ပြဲကစားေပးထားကာ ဂိုးေပါင္း (၆၄) ဂုိးသြင္းယူေပးထားနုိင္တ့ဲဆာလာကုိ ေခၚယူဖို႔ ရီးရဲယ္မက္ဒရစ္အသင္းကလည္း စိတ္ဝင္စားလ်က္ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

Unicode

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဆာလာကို လာမယ့် နွေရာသီမှာ အသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် ဦးစားပေးကစားဖို့ ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၁၀၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိအချိန်တွင်လည်း အသင်းကို အင်အားဖြည့်တင်းမှုများ ထပ်မံပြုလုပ်ရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

သို့ရာတွင်မူ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဖေဘီယိုပရက်ချီကမူ ဆာလာအတွက် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ပေးချေလိုခြင်းမရှိဘဲ အသင်းကထွက်ခွာမယ်လို့  သတင်းများထွက်ပေါ်နေတဲ့ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလားကို အလိုက်ပေးပြီး ဆာလာကို ဈေးသက်သက်သာသာဖြင့် ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ လီဗာပူးအသင်းဟာ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ တိုက်စစ်မှူး မိုဟာမက်ဆာလာအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို မျှော်လင့်ထားပေမယ့် ဒီဘာလားကိုလည်း စိတ်ဝင်စားနေတာကြောင့် ဂျူဗင်တပ်စ်က အခုလိုပဲ ဆာလာအတွက် ဒီဘာလားကို အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်လာနိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဒီဘာလားဟာ ဒီရာသီမှာ တူရင်ကလပ်အသင်းအတွက် စီးရီးအေပွဲပေါင်း (၂၅) ပွဲ ပါဝင်ကစားပေးထားပြီး (၅) ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ ဒီဘာလားကို ခေါ်ယူရန် လီဗာပူးအသင်းအပြင် ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ကပါ စိတ်ဝင်စားနေပြီး  လီဗာပူးအသင်းအနေနဲ့ လာမယ့်ရက်သတ္တပတ်အတွင်း ဒီဘာလားကို ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိတော့မှာဖြစ်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဆာလာသည်လည်း ဖီအိုရင်တီးနား၊ ရိုးမားအသင်းတို့၌ သူ့ရဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီမှသာ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပေမယ့် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိနိုင်ခဲ့သလို လီဗာပူးအသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းကို စတင်ရောက်ရှိချိန်ကစပြီး အသင်းအတွက် ပြိုင်ပွဲပေါင်း (၉၁) ပွဲကစားပေးထားကာ ဂိုးပေါင်း (၆၄) ဂိုးသွင်းယူပေးထားနိုင်တဲ့ဆာလာကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေတယ်လို့လည်း သိရှိရပါတယ်။

2K Shares