ဒန်နီလိုနဲ့ တိုင်ဆန်တို့ ဟာ ကမ္ဘာ့ဖလား ၂၀၁၈ မှာ နေမာနဲ့ အတူ ဘရာဇီးအသင်း တွင် ပါဝင်လာမည်။

ရုရှားမှာ ကျင်းပမဲ့ ကစားပွဲမှာ ပါဝင်လာမယ်လို့ အတည်ပြုပြီးသားကစားသမား ၁၅ ယောက်ကို ထည့်သွင်းခဲ့တဲ့ အတွက် ဘရာဇီးအသင်း မှာတော့ မျက်နှာသစ် ကစားသမားတွေ မပါဝင်ခဲ့ပါဘူး။

ဒန်နီလိုနဲ့ တိုင်ဆန်တို့ဟာ နေမာနဲ့ အတူ ဘရာဇီး အသင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလက နည်းပြ တိုက်က ရုရှားကို ခေါ်ယူသွားမဲ့ ကစားသမား ၂၃ ယောက်ထဲက ၁၆ ယောက်ကို အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ညာနောက်တန်းကစားသမား ဒန်နီ အယ်ဗီဟာ ဒူးဒေါင်းထိခိုက်ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

PSG အသင်းရဲ့ ကစားသမား မပါဝင်နိုင်ခဲ့တဲ့နောက်မှာတော့ မန်ချက်စတာစီးတီး အသင်းရဲ့ ဒန်နီလိုဟာ ပါဝင်လာခဲ့ပါတယ်။

မျှော်လင့်ထားခဲ့တဲ့ အတိုင်းပါပဲ ဂျူဗင်တပ် အသင်းရဲ့ ရှေ့တန်းကစားသမား ဒေါက်ကလပ်စ် ကိုစတာ နဲ့ ရှက်တာ အသင်းရဲ့အလယ်တန်းကစားသမား ဖရက်တို့ဟာလည်း အသင်းထဲ ပါဝင်နေပါတယ်။

ဖရက်ရဲ့ ကစားဖော် တိုင်ဆန်ဟာလည်း ရှေ့တန်းကစားသမား ကိုစတာ၊နေမာ၊ ဂေဘရီယယ် ဂျီးဆပ်နဲ့ ရော်ဘတ်တို ဖာမီနိုတို့နဲ့ အတူ အသင်းရဲ့ ရှေ့တန်းမှာ ပါဝင်လာပါတယ်။

ကစားသမားတွေဟာ ဂရန်ဂျာ ကိုမယ်ရီမြို့ကို မေလ ၂၁ ရက်နေ့မှာ ရောက်ရှိစေဖို့စီစဉ်ထားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ဇွန်လ ၁၇ ရက်နေ့မှာ ဆွဇ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကိုစတင်ကစားရမှာ ဖြစ်တဲ့ အတွက် ဇွန်လ ၁၁ ရက်နေ့မှာ ရုရှားကို ထွက်ခွာမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *