ထိပ္တန္းအေျပာင္းအေရႊ႕သတင္းမ်ားနဲ႔အတူ အျခားေသာ နံနက္ခင္းသတင္းမ်ား

ယူႏုိက္တက္အသင္းဟာ ဖူလ္ဟမ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားေလး ရိုင္ယန္ဆီဆက္ဂႏြန္ကို ေခၚယူဖုိ႔ ခ်ဥ္းကပ္မႈမ်ား ျပဳလုပ္ခ့ဲတယ္လို႔ သိရွိရပါတယ္။ အသက္ (၁၉) ႏွစ္အရြယ္ အဆုိပါ လူငယ္ကစားသမားေလးဟာ လက္ရွိ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းက ထြက္ခြာမွာျဖစ္ၿပီး ဆီဆက္ဂႏြန္ကို ေခၚယူဖုိ႔ စပါး၊ ဂ်ဴဗင္တပ္စ္အသင္းတုိ႔ကလည္း စိတ္ဝင္စားလ်က္ရွိေၾကာင္း သိရွိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေအဂ်က္စ္အသင္းရဲ႕ ေတာင္ပံကစားသမား ေဒးဗစ္နီရက္္စ္ကုိ ေခၚယူဖုိ႔ ျပင္ဆင္လာၿပီလုိ႔ သိရွိရပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ ဘရာဇီးေတာင္ပံကစားသမားဟာ ဒီရာသီမွာ ေအဂ်က္စ္အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပ ကစားလ်က္ရွိၿပီး PSG ၊ လီဗာပူး ၊ အာဆင္နယ္အသင္းတုိ႔ကလည္း ေခၚယူရန္ စိတ္ဝင္စားေနတ့ဲ နီရက္စ္္ကုိ ခ်ဲလ္ဆီးအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၄၀) နဲ႔ ကမ္းလွမ္းဖုိ႔ ျပင္ဆင္လာခ့ဲတယ္လို႔ သိရွိရပါတယ္။

အဲဗာတန္အသင္းဟာ ဖူလ္ဟမ္အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ မီထရိုဗစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ Sky Sports သတင္းဌာနက ေဖာ္ျပခ့့ဲပါတယ္။ မီထရိုဗစ္ဟာ ၿပီးဆံုးခ့ဲတ့ဲ ေဘာလံုးရာသီမွာ ဖူလ္ဟမ္အသင္းအတြက္ (၁၁) ဂိုးသြင္းယူႏုိင္ခ့ဲၿပီး အဆုိပါ တုိက္စစ္မွဴးကုိ ေခၚယူဖုိ႔ ဝက္စ္ဟမ္းအသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ သိရွိရပါတယ္။

မန္စီးတီးအသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း ေရွာင္ရိုက္ဖီးလစ္ကေတာ့ အသင္းရဲ႕ လက္ရွိအသင္းေခါင္းေဆာင္ ကြန္ပနီအေနနဲ႔ အသင္းမွာသာ ဆက္ရွိေနသင့္ေၾကာင္း ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ ကြန္ပနီဟာ လက္ရွိ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိရျခင္းမရွိေသးတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔ရဲ႕ လက္ရွိနည္းျပ အယ္လီဂရီနဲ႔ လာမယ့္ ေႏြရာသီမွာ လမ္းခြဲေတာ့မယ္လို႔ အတည္ျပဳၿပီးေနာက္မွာေတာ့ အသင္းရဲ႕ နည္းျပေဟာင္း ကြန္တီက ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နည္းျပရာထူးကုိ ရယူဖို႔ ေရပန္းစားလ်က္ရွိေနပါတယ္။ ကြန္တီဟာ ၿပီးခ့ဲတ့ဲ ေဘာလံုးရာသီတစ္ေလွ်ာက္လံုး အသင္းလက္မ့ဲျဖစ္ခ့ဲတ့ဲ နည္းျပတစ္ဦးျဖစ္ၿပီး ကြန္တီကို ေခၚယူဖုိ႔ အျခားေသာ စီးရီးေအကလပ္ အသင္းမ်ားျဖစ္ၾကတ့ဲ အင္တာမီလန္၊ ရုိးမားအသင္းတုိ႔ကလည္း စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

မန္စီးတီးအသင္းက အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ဂရစ္ဇ္မန္းကို ဘာစီလိုနာအသင္းထက္ လက္ဦးမႈရယူၿပီး ၾကားျဖတ္ ေခၚယူဖုိ႔ သတင္းမ်ား ထြက္ေပၚေနတ့ဲ အေပၚ နည္းျပ ဂြါဒီယိုလာကိုယ္တုိင္က ျငင္းဆန္ပယ္ခ်ခ့ဲတယ္လုိ႔ သိရွိရပါတယ္။ ဂရစ္ဇ္မန္းကုိယ္တုိင္ကလည္း ဘာစီလိုနာအသင္းမွာ ကစားခ်င္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနၿပီး မၾကာခင္ အခ်ိန္အတြင္းမွာပဲ ဘာစီလိုနာအသင္းကုိ ေျပာင္းေရႊ႕ဖို႔ အတည္ျပဳဖြယ္ရွိေနပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ ေပၚတိုအသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ မူဆာမာရီဂါကို ေခၚယူဖုိ႔  နီးစပ္ေနတယ္လို႔ သိရွိရပါတယ္။ အသက္ (၂၈) ႏွစ္အရြယ္ မာလီလက္ေရြးစင္ တိုက္စစ္မွဴးဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကစားဖို႔ ဆ​ႏၵရွိေနၿပီး ဝက္စ္ဟမ္းအသင္းအေနနဲ႔ မာရီဂါအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၃၀) ခန္႔ ကုန္က်ဖြယ္ရွိေနပါတယ္။

ေအဂ်က္စ္အသင္းရဲ႕ အားကစားဒါရိုက္တာျဖစ္သူ အုိဗားမားစ္က အသင္းရဲ႕ ေတာင္ပံကစားသမားတစ္ဦးျဖစ္သူ ဇီယက္ခ်္ဟာ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းက ထြက္ခြာမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလုိက္ပါတယ္။ ဇီယက္ခ်္ကို ေခၚယူဖို႔ ယူႏုိက္တက္၊ အာဆင္နယ္၊ လီဗာပူး၊ ဘုိင္ယန္ျမဴးနစ္ နဲ႔ ေဒါ့မြန္အသင္းတို႔လုိ ထိပ္တန္းအသင္းေတြက စိတ္ဝင္စားလ်က္ရွိၿပီး ဘုိင္ယန္ျမဴးနစ္အသင္းဟာ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ပင္ ေတြ႔ဆံုခ့ဲၿပီးျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပခ့ဲၾကပါတယ္။

Unicode

ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ရိုင်ယန်ဆီဆက်ဂနွန်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၁၉) နှစ်အရွယ် အဆိုပါ လူငယ်ကစားသမားလေးဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာမှာဖြစ်ပြီး ဆီဆက်ဂနွန်ကို ခေါ်ယူဖို့ စပါး၊ ဂျူဗင်တပ်စ်အသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အေဂျက်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေးဗစ်နီရက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်လာပြီလို့ သိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမားဟာ ဒီရာသီမှာ အေဂျက်စ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားလျက်ရှိပြီး PSG ၊ လီဗာပူး ၊ အာဆင်နယ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ နီရက်စ်ကို ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တယ်လို့ သိရှိရပါတယ်။

အဲဗာတန်အသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ မီထရိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မီထရိုဗစ်ဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီမှာ ဖူလ်ဟမ်အသင်းအတွက် (၁၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်ကတော့ အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင် ကွန်ပနီအနေနဲ့ အသင်းမှာသာ ဆက်ရှိနေသင့်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ကွန်ပနီဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရခြင်းမရှိသေးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ လက်ရှိနည်းပြ အယ်လီဂရီနဲ့ လာမယ့် နွေရာသီမှာ လမ်းခွဲတော့မယ်လို့ အတည်ပြုပြီးနောက်မှာတော့ အသင်းရဲ့ နည်းပြဟောင်း ကွန်တီက ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ ရေပန်းစားလျက်ရှိနေပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်လျှောက်လုံး အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး ကွန်တီကို ခေါ်ယူဖို့ အခြားသော စီးရီးအေကလပ် အသင်းများဖြစ်ကြတဲ့ အင်တာမီလန်၊ ရိုးမားအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

မန်စီးတီးအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းထက် လက်ဦးမှုရယူပြီး ကြားဖြတ် ခေါ်ယူဖို့ သတင်းများ ထွက်ပေါ်နေတဲ့ အပေါ် နည်းပြ ဂွါဒီယိုလာကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းမှာ ကစားချင်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး မကြာခင် အချိန်အတွင်းမှာပဲ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အတည်ပြုဖွယ်ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပေါ်တိုအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ မူဆာမာရီဂါကို ခေါ်ယူဖို့  နီးစပ်နေတယ်လို့ သိရှိရပါတယ်။ အသက် (၂၈) နှစ်အရွယ် မာလီလက်ရွေးစင် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ ဆန္ဒရှိနေပြီး ဝက်စ်ဟမ်းအသင်းအနေနဲ့ မာရီဂါအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) ခန့် ကုန်ကျဖွယ်ရှိနေပါတယ်။

အေဂျက်စ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အိုဗားမားစ်က အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ ဇီယက်ချ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ ဇီယက်ချ်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူး၊ ဘိုင်ယန်မြူးနစ် နဲ့ ဒေါ့မွန်အသင်းတို့လို ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလျက်ရှိပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပင် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။