တရုတ်စူပါလိဂ်ကလပ်ကို ခရစ်ကိုးလ်မန်းကို ရာထူးက ထုတ်ပယ်

တရုတ်စူပါလိဂ်ကလပ် ဟီပေချိုင်းနားဖော်ကျွန်းက ဖူလ်ဟမ်နည်းပြဟောင်း ခရစ်ကိုးလ်မန်းကို ရာထူးကနေ ထုတ်ပယ်လိုက်လို့ အသင်းပရိသတ်တွေ ဆန္ဒပြည့်ဝသွားခဲ့ပုံပါပဲ။ ဟီပေအသင်းဟာ ဟီနန်ကျင်းယီအသင်းကို အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားမှ ဒုတိယအောက်ဆုံးနေရာ ရောက်သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပရိသတ်တွေက ”ဟယ်လို မစ္စတာကိုးလ်မန်း၊ ကျေးဇူးပြုပြီး အိမ်ပြန်ပါတော့။ ကိုယ်တိုင် အလုပ်ထွက်လိုက်ပါ”ဆိုတဲ့ စာတန်းကို ဖော်ပြခဲ့ကြပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိတဲ့ ခရစ်ကိုးလ်မန်းရဲ့ တရုတ်စူပါလိဂ်နည်းပြဘဝက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ခရစ်ကိုးလ်မန်းလက်ထက် ရာသီအဖွင့်ပွဲစဉ် ၉ ပွဲမှာ ဟီပေအသင်းက တစ်ပွဲပဲ အနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၆ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီကြောင့် ဟီပေအသင်းလည်း တန်းဆင်းဇုန်ရောက်သွားခဲ့ပါတယ်။ ခရစ်ကိုးလ်မန်းရဲ့ဇနီးဖြစ်သူ ရှားလော့ကတော့ တရုတ်နိုင်ငံမှာ သူတို့ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ခရစ်ကိုးလ်မန်းဟာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဟီပေအသင်းကို အဆင့် ၆ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့သူပါ။ တရုတ်နိုင်ငံမှာ သူတို့အတွက် အံ့မခန်းအတွေ့အကြုံတွေ ရရှိခဲ့ပြီး သူတို့ကလေးတွေတောင် တရုတ်စကား မဆိုသလောက် ပြောတတ်လာတယ်လို့ ရှားလော့က ဆိုပါတယ်။ တရုတ်စူပါလိဂ်ကလပ် ဟီပေအသင်းမှာ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မာရှေယာနို၊ လာဗက်ဇီတို့ ကစားနေကြပြီး သူတို့ ၂ ယောက်လုံး အသက် ၃၄ နှစ်အရွယ် ရှိနေကြပါပြီ။

Unicode

တရုတ္စူပါလိဂ္ကလပ် ဟီပေခိုင်းနားဖ္ကေျာနြ်းက ဖူလ်ဟမ္နည်ျးပေဟာင်း ခရစ္ကိုးလ္မန်းကို ရာထူးကေန ထုတ္ပယ္လိုက္လို့ အသင်းပရိသတ်တြေ ဆန္ဒျပည့်ဝသြားခဲ့ပုံပါပဲ။ ဟီပေအသင်းဟာ ဟီနန္က်င်းယီအသင်းကို အိမ္ကြင်းမွာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ အမွတ်ပေးဇယားမွ ဒုတိယေအာက္ဆုံးနေရာ ရောက်သြားခဲ့ပါတယ်။ အဲဒီပြဲစဉ္မွာ ပရိသတ်တြေက ”ဟယ္လို မစ္စတာကိုးလ္မန်း၊ ကေ်းဇူျးပုပြီး အိမ်ျပန္ပါတော့။ ကိုယ္တိုင် အလုပ္ထြက္လိုက္ပါ”ဆိုတဲ့ စာတန်းကို ဖော်ျပခဲ့ကြပါတယ်။

အသက် ၄၈ နွစ်အရြယ်ရွိတဲ့ ခရစ္ကိုးလ္မန်းရဲ့ တရုတ္စူပါလိဂ္နည်ျးပဘဝက ခက္ခဲကြမ်းတမ်းခဲ့ပါတယ်။ ခရစ္ကိုးလ္မန်းလက္ထက် ရာသီအဖြင့်ပြဲစဉ် ၉ ပြဲမွာ ဟီပေအသင်းက တစ္ပြဲပဲ အနိုင်ရခဲ့ပြီး ၂ ပြဲသေရ၊ ၆ ပြဲရှုံးရလဒ် ထြက်ပေါ်ခဲ့ပါတယ်။ အဲဒီကြောင့် ဟီပေအသင်းလည်း တန်းဆင်းဇုန်ရောက်သြားခဲ့ပါတယ်။ ခရစ္ကိုးလ္မန်းရဲ့ဇနီျးဖစ်သူ ရွားလော့ကေတာ့ တရုတ္နိုင်ငံမွာ သူတို့ကြုံတြေ့ခဲ့တဲ့ အေတြ့အကြုံတြေကို တြစ္တာပေါ်မွာ ရေးသားခဲ့ပါတယ်။ ခရစ္ကိုးလ္မန်းဟာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန္ထဲ ရောက်နေတဲ့ ဟီပေအသင်းကို အဆင့် ၆ နေရာအထိ ပို့ဆောင်ပေးနိုင္ခဲ့သူပါ။ တရုတ္နိုင်ငံမွာ သူတို့အတြက် အံ့မခန်းအေတြ့အကြုံတြေ ရရွိခဲ့ပြီး သူတို့ကေလးတြေတာင် တရုတ္စကား မဆိုသေလာက်ျေပာတတ္လာတယ္လို့ ရွားလော့က ဆိုပါတယ်။ တရုတ္စူပါလိဂ္ကလပ် ဟီပေအသင်းမွာ နာမည်ကော်် ကစားသမားတျြေဖစ္တဲ့ မာရွေယာနို၊ လာဗက္ဇီတို့ ကစားနေကြပြီး သူတို့ ၂ ယောက္လုံး အသက် ၃၄ နွစ်အရြယ် ရွိနေကြပါပြီ။