ဇီဒန်းကို ဘိုင်ယန်မှာ မြင်ရမယ်ဆိုတာ ကောလာဟလတွေပါ

ဘိုင်ယန်မြူးနစ်အသင်း လက်ရှိနည်းပြ ကိုဗက်ကို ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးမယ်ဆိုတဲ့ သုံးသပ်ချက်တွေက ကောလာဟလတွေလို့ ကွင်းလယ်လူ အယ်လ်ကန်တာရာက ပြောပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ရှုံးနိမ့်ခဲ့လို့ နည်းပြ ကိုဗက် ဖိအားများနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဒေါ့မွန်အသင်းထက် ၄ မှတ်လျော့နည်းနေပြီး အဆင့် ၆ နေရာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က မိုချန်ဂလာဘတ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီအတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဇီဒန်းကို ကိုဗက်နေရာ အစားထိုးဖို့ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ” အဲဒီသတင်းတွေက ကောလာဟလတွေပါ။ ကောလာဟလဆိုတာ ကောလာဟလပါပဲ ကံကောင်းချင်တော့ ဘိုင်ယန်မြူးနစ်မှာ ဝါရင့်ကစားသမား တော်တော်များများ ရှိတာပါပဲ။ အဲဒီအတွက် ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပြီး ရှေ့ခရီးဆက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ လက်ရှိအင်အားနဲ့ အလုပ်လုပ်ရမှာပါ။ အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေက အရည်မရ၊ အဖတ်မရတွေပါ”လို့ ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာက ပြောပါတယ်။

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *