ဆိုးလ်ရှားကို အပြီးသတ်ခေါ်ချင်ရင် ဆွေးနွေးမှုထပ်လုပ်ဖို့ မန်ယူကို မိုလ်ဒီအသင်း ပြော

နည်းပြ ဆိုးလ်ရှားကို အပြီးသတ် ခေါ်ယူချင်ရင် မန်ယူအသင်းအနေနဲ့ ဆွေးနွေးမှုတွေ ပြန်လုပ်ရမယ်လို့ နော်ဝေကလပ် မိုလ်ဒီအသင်းက ပြောပါတယ်။ နော်ဝေကလပ် မိုလ်ဒီဟာ လာမယ့်တနင်္လာနေ့မှာ ရာသီကြို ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်တော့မှာပါ။ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီရဲ့ ရာသီအစပိုင်းကို လွဲချော်ရမှာဖြစ်ပါတယ်။
” မေလ ၁၂ ရက်နေ့အထိပဲ စာချုပ်ချုပ်ထားတာပါ။ အဲဒါက အစီအစဉ် အေဆိုလည်း ဟုတ်ပါတယ်။ အစီအစဉ် ဘီဆိုလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ အစီအစဉ် စီ မရှိပါဘူး။ မန်ယူနဲ့ ကျွန်တော်တို့ကြား သဘောတူထားတာ ဇန်နဝါရီလကနေ မေလအထိပါပဲ။ တခြားသဘောတူညီမှုမရှိပါဘူး။ ကျွန်တော်ကတော့ အဲဒီအစီအစဉ်အတိုင်း ဆက်လုပ်သွားမှာပါ။ မေလမှာ ဆိုးလ်ရှား ပြန်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အထင်ပေါ့”ဟု မိုလ်ဒီအသင်း စီမံခန့်ခွဲရေးဒါရိုက်တာ နီယာလန်က ပြောပါတယ်။ မန်ယူဟာ ရာသီအကုန်မှာ စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်း ရလဒ်ကောင်းတွေ ရနေလို့ သူ့ကိုလည်း အပြီးသတ်ခေါ်ယူဖို့ ထည့်သွင်းစဉ်းစားနေပါတယ်။

3K Shares