ဆိုးလ္ရွားကို အားေပးေထာက္ခံခဲ့ျပန္တဲ့ ပရိသတ္အၾကိဳက္ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းၾကီး

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၳ၀င္ေနာက္ခံကစားသမားေဟာင္း နီမန္ဂ်ာဗီဒစ္က ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပ ဆိုးလ္ရွားဟာ အသင္းရဲ႕ အျမဲတမ္းနည္းျပအျဖစ္ ျဖစ္သင့္တယ္လို႔ ေထာက္ခံေျပာဆိုသြားခဲ့ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္ဟာ အမွတ္ေပးပြဲ အားလံုးမွာ စုစုေပါင္း (၂၇)မွတ္ ရရွိရမယ့္ အေနအထားမွာ (၂၅)မွတ္အထိ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ဗီဒစ္က အသင္းရဲ႕ အျမဲတမ္းနည္းျပအျဖစ္ ဆိုးလ္ရွားကို ခန္႔အပ္သင့္တယ္လို႔ ေထာက္ခံေျပာၾကားခ့ဲ့ျပီး ဆိုးလ္ရွားကို ေထာက္ခံအားေပးခဲ့တဲ့ ေနာက္ထပ္ ယူႏိုက္တက္ကစားသမားေဟာင္းစာရင္းထဲကို ပါ၀င္လာခဲ့ပါတယ္။ ဗီဒစ္အရင္ ဂယ္ရီနဗီးလ္၊ ရြိဳင္ယန္ဂစ္တို႔ကလည္း ဆိုးလ္ရွားကို ယူႏိုက္တက္ရဲ႕ အျမဲတမ္းနည္းျပအျဖစ္ ျဖစ္သင့္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

“ယူႏိုက္တက္က အခုဆိုရင္ ေကာင္းေကာင္းကစားႏိုင္ေနပါျပီ၊ အေပါင္းဆန္တဲ့ လကၡဏာေတြနဲ႔ေပါ့၊ ဆိုးလ္ရွားထက္ ပိုျပီးသင့္ေတာ္တဲ့ နည္းျပမရွိဘူးလို႔ ကၽြန္ေတာ္ ထင္ပါတယ္၊ ကၽြန္ေတာ့္ရဲ႕ ခံစားခ်က္အရေတာ့ လက္ရွိမွာ သူက ယူႏိုက္တက္နည္းျပရာထူးအတြက္ အသင့္ေတာ္ဆံုးပါပဲ” လို႔ ဆာဘီးယား ေနာက္ခံကစားသမားေဟာင္းက ေျပာၾကားခဲ့ေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဗီဒစ္ကေတာ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးလည္း ျဖစ္သလို အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား (၅)လံုး၊ ခ်န္ပီယံလိဂ္ဖလားတစ္လံုးနဲ႔ အျခားေသာ ဆုဖလားအမ်ားအျပားကို ဆြတ္ခူးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဗီဒစ္က ဆာအဲလက္စ္ဖာဂူဆန္ အသင္းက အနားယူခဲ့ျပီးေနာက္ အသင္းရဲ႕ အေနအထားနဲ႔ ပတ္သက္ျပီးေတာ့လည္း အခုလိုေျပာခဲ့ပါတယ္။

“ဗန္ဂါးလ္ နဲ႔ ေမာ္ရင္ဟိုတို႔က ထိပ္တန္းနည္းျပေတြျဖစ္တဲ့အတြက္ ပရိသတ္ေတြက ပိုျပီးေတာ့ ေမွ်ာ္လင့္ခ်က္ၾကီးမားခဲ့ၾကပါတယ္၊ ကၽြန္ေတာ့္အတြက္ေတာ့ ေမာ္ရင္ဟိုက ကမၻာ့အေကာင္းဆံုးနည္းျပတစ္ေယာက္ပါ၊ ဒါေပမယ့္ သူလည္း ယူႏိုက္တက္မွာ အလုပ္မျဖစ္ခဲ့ပါဘူး၊ အခုဆို ဆိုးလ္ရွားက သူ႔အလုပ္ကို အေကာင္းဆံုးလုပ္ေနတယ္လို႔ ကၽြန္ေတာ္ ျမင္မိပါတယ္၊ သူက အသင္းအေၾကာင္းေကာင္းေကာင္းသိသလို အသင္းရဲ႕ သမိုင္းေၾကာင္းကိုလည္း နားလည္သူပါ၊ ကစားသမားေတြနဲ႔ ဘယ္လိုအေပးအယူလုပ္ရမလဲဆုိတာကိုလည္း သူသိပါတယ္” လို႔ ဗီဒစ္က ထပ္မံေျပာၾကားခ့ဲပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံကစားသမားဟောင်း နီမန်ဂျာဗီဒစ်က ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ဖြစ်သင့်တယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်ဟာ အမှတ်ပေးပွဲ အားလုံးမှာ စုစုပေါင်း (၂၇)မှတ် ရရှိရမယ့် အနေအထားမှာ (၂၅)မှတ်အထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗီဒစ်က အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်အပ်သင့်တယ်လို့ ထောက်ခံပြောကြားခဲ့့ပြီး ဆိုးလ်ရှားကို ထောက်ခံအားပေးခဲ့တဲ့ နောက်ထပ် ယူနိုက်တက်ကစားသမားဟောင်းစာရင်းထဲကို ပါဝင်လာခဲ့ပါတယ်။ ဗီဒစ်အရင် ဂယ်ရီနဗီးလ်၊ ရွိုင်ယန်ဂစ်တို့ကလည်း ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ဖြစ်သင့်တယ်လို့ ထောက်ခံပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

“ယူနိုက်တက်က အခုဆိုရင် ကောင်းကောင်းကစားနိုင်နေပါပြီ၊ အပေါင်းဆန်တဲ့ လက္ခဏာတွေနဲ့ပေါ့၊ ဆိုးလ်ရှားထက် ပိုပြီးသင့်တော်တဲ့ နည်းပြမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော့်ရဲ့ ခံစားချက်အရတော့ လက်ရှိမှာ သူက ယူနိုက်တက်နည်းပြရာထူးအတွက် အသင့်တော်ဆုံးပါပဲ” လို့ ဆာဘီးယား နောက်ခံကစားသမားဟောင်းက ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ဗီဒစ်ကတော့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သလို အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၅)လုံး၊ ချန်ပီယံလိဂ်ဖလားတစ်လုံးနဲ့ အခြားသော ဆုဖလားအများအပြားကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗီဒစ်က ဆာအဲလက်စ်ဖာဂူဆန် အသင်းက အနားယူခဲ့ပြီးနောက် အသင်းရဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောခဲ့ပါတယ်။

“ဗန်ဂါးလ် နဲ့ မော်ရင်ဟိုတို့က ထိပ်တန်းနည်းပြတွေဖြစ်တဲ့အတွက် ပရိသတ်တွေက ပိုပြီးတော့ မျှော်လင့်ချက်ကြီးမားခဲ့ကြပါတယ်၊ ကျွန်တော့်အတွက်တော့ မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ပါ၊ ဒါပေမယ့် သူလည်း ယူနိုက်တက်မှာ အလုပ်မဖြစ်ခဲ့ပါဘူး၊ အခုဆို ဆိုးလ်ရှားက သူ့အလုပ်ကို အကောင်းဆုံးလုပ်နေတယ်လို့ ကျွန်တော် မြင်မိပါတယ်၊ သူက အသင်းအကြောင်းကောင်းကောင်းသိသလို အသင်းရဲ့ သမိုင်းကြောင်းကိုလည်း နားလည်သူပါ၊ ကစားသမားတွေနဲ့ ဘယ်လိုအပေးအယူလုပ်ရမလဲဆိုတာကိုလည်း သူသိပါတယ်” လို့ ဗီဒစ်က ထပ်မံပြောကြားခဲ့ပါတယ်။